စစ်အစိုးရ၏စွပ်စွဲချက် ရှေ့နောက်မညီကြောင်းဝေဖန်

Friday, April 10, 2009 ·

RFA | ပြီးခဲ့တဲ့ ဧပြီလ ၅ရက်နေ့က စစ်အစိုးရသတင်းစာတွေမှာ ရေးသားတဲ့ တရုတ် မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ပြီး ဆန့်ကျင်ဖက် သတင်းဌာနတွေက မဟုတ်မမှန် သတင်းတွေ ဖြန့်တယ်ဆိုတဲ့ ရေးသားချက်ဟာ မှားယွင်းကြောင်း တရုတ်မြန်မာနယ်စပ်မှာ နေထိုင်သူတွေက RFAကို ပြောပြပါတယ်။


တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ တိန်အန်မင်ရင်ပြင် ပြည်သူ့ခန်းမကြီးရှေ့တွင် မြန်မာခေါင်းဆောင်တဦး လာရောက်ချိန် တရုတ်နှင့် မြန်မာအလံများ လွှင့်ထူထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
ပြီးခဲ့တဲ့မတ်လ ၂၅ ရက်နေ့က တရုတ် အကြီးတန်းခေါင်းဆောင်တဦး မြန်မာနိုင်ငံကို ရောက်လာနေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားဥပဒေနဲ့ ကိုက်ညီခြင်း မရှိသလို မြန်မာနိုင်ငံက လက်ရှိ တည်ဆဲဥပဒေများကို ချိုးဖောက်ရာကျတယ်ဆိုတဲ့ အချက်အလက်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ယူနန်ပြည်နယ် ရုပ်မြင်သံကြားသတင်းမှာ ထုတ်လွှင့်ခဲ့ပါတယ်။

ဒီသတင်းကို RFAနဲ့ တကွ ပြည်ပသတင်းမီဒီယာတွေက မတ်လ ၂၆ရက်နေ့တွေက ထုတ်လွှင့်ခဲ့တာကို စစ်အစိုးရသတင်းစာက မဟုတ်မမှန် သတင်းတွေ ဖြန့်တယ်ဆိုပြီး ပြန်လည် ချေပထားတာပါ။

သတင်းစာမှာ ဒီသတင်းကို ယူနန်ပြည်နယ်က ထုတ်လွှင့်ခဲ့တာ မဟုတ်ကြောင်း ဟောင်ကောင်မှာ ရှိတဲ့ပုဂ္ဂိုလ်က Phoenix TVက ဖေဖော်ဝါရီလ ၂၈ရက်နေ့ ညက ထုတ်လွှင့်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီရေးသားချက်နဲ့ပတ်သက်ပြီး တရုတ်မြန်မာနယ်စပ်မှာ နေထိုင်တဲ့ စစ်ရေး၊ နိုင်ငံရေးသုံးသပ်သူ ဦးအောင်ကျော်ဇော က ဒေါ်အောင်ဆန်းစုကြည်သတင်းနဲ့ ပတ်သက်ပြီး ယူနန်တီဗွီနဲ့ Phoenix TV နှစ်ခုစလုံးက လွှင့်ထုတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဦးအောင်ကျော်ဇော။ ။ “အဲဒီ ယူနန် တီဗီကနေ ဒီသတင်းကို စလွှင့်ပါတယ်လို့ ဒီအမျိုးသမီးက ပြောပြီးတော့ လွှင့်သွားတာ ဖြစ်ပါတယ်။ ပြီးတော့ cable က ဖြစ်ပါတယ်။ သူတို့ ပြောသလို Phoenix TVဆိုတာက ကျွန်တော်တို့ ယူနန်ပြည်နယ်မှာ စလောင်း အကြီးကြီးတွေ ချိတ်တဲ့လူတွေသာ ရနိုင်ပါတယ်။ သာမန်လူတွေ မရပါဘူး။ ဒါကြောင့်မို့ ဝေစင်းလိုင်းမှာတော့ ကျွန်တော်တို့ ကြားဖူးတယ်၊ ဖေဖော်ဝါရီလထဲမှာ သူတို့ အဲဒီ ပညာရှင်တယောက်နဲ့ ဒေါ်စုအကြောင်း ဆွေးနွေးတာတော့ ရှိတယ်။ ၁၅မိနစ်၊ မိနစ် ၂၀လောက် ကြာတယ်။ အဲဒါလည်း ကျွန်တော်တို့ တွေ့လိုက်တယ်။ ဒါက သတင်းအနေနဲ့ တက်လာပြီး တီဗီကနေပြီးတော့ အဲဒီ ဘလော့ဂ်ထဲမှာ တင်လို့ ဘလော့ဂ်ထဲမှာ တွေ့လိုက်တာ ဖြစ်တယ်။”

တကယ်တော့ စစ်အစိုးရသတင်းစာမှာ ရေးသားချက်ကို ဖတ်ကြည့်ရင်တောင် ဒီသတင်းကို ထုတ်လွှင့်တယ် ဆိုတဲ့ ရက်စွဲများ ရှေ့နောက်မညီ ဖြစ်နေတာ တွေ့နိုင်တယ်လို့ ဆိုပါတယ်။

ဦးအောင်ကျော်ဇော။ ။ “တရုတ်တွေကို ကျွန်တော် သူတို့ သတင်းစာကို လိုက်ပြပြီးပြီ၊ အားလုံးက ဝိုင်းရယ်တယ်၊ တရုတ်တွေက ရယ်တယ်။ အဲဒီတော့ မရှက်မကြောက်ဗျာ၊ ကျွန်တော်တို့ကတော့ ဒီကိစ္စက ဘာမှ ထူးခြားတဲ့ ကိစ္စမဟုတ်ဖူး။ တရုတ်ပြည်ကလည်း နိုင်ငံကြီး ဖြစ်တဲ့အတွက် သူက ကစားမှာပဲ။ ဗမာ စစ်ဗိုလ်တွေလည်း ကစားနေတာ။ အဲဒီတော့ ဒါကို ဆင်ကြီးက ပြန်ကစားတဲ့အခါ ဆိတ် ဟိုဒင်းက မခံနိုင်သလို ဖြစ်လို့ကို ပြန်ဖြစ် လာတာ သဘောမျိုး ဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ ဒါနဲ့ ပတ်သက်လို့ ထူးခြားပြီး ဘာမှ မခံစားရပါဘူး။”

နိုင်ငံခြားသတင်းဌာနတွေက ဒီသတင်းကို မတ်လ ၂၆ရက်နေ့တွေက ထုတ်လွှင့်ခဲ့ပြီးနောက် မူဆယ်မြို့ကို မြန်မာ ထောက်လှမ်းရေးဌာန အကြီးအကဲတဦး ရောက်ရှိလာပြီး ယူနန်သတင်းဌာနက ထုတ်လွှင့်တယ်ဆိုတဲ့ သတင်းမူရင်းကို ကူးယူနိုင်ဖို့ တရုတ်ပြည်တွင်းရှိ မြန်မာတွေကို ထောက်လှမ်းရေးက လိုက်လံ မေးမြန်းတာတွေ ရှိတယ်လို့လည်း တရုတ်မြန်မာနယ်စပ်မှာ နေထိုင်တဲ့ ကုန်သည်တွေက RFAကို ပြောပြပါတယ်။

source by : http://www.rfa.org/burmese/news/discrepancy_in_junta_allegation-04092009153600.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */