RFA | မြန်မာနိုင်ငံမှာ TB အဆုတ်ရောဂါ ဖြစ်ပွားမှုနှုန်းတွေ တိုးတက်များပြားနေပြီး ဆေးယဉ်နေသူ အများအပြား ရှိတယ်လို့ လူနာတွေကို အကူအညီ ပေးနေသူတွေက RFAကို ပြောဆိုပါတယ်။
![]() HIV / AIDS ဝေဒနာရှင်များကို စေတနာ့ဝန်ထမ်း ပြုစုစောင့်ရှောက်နေသူ မဖြူဖြူသင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP) |
HIV/ AIDSလုနာတွေကို အကူအညီပေးနေသူ မဖြူဖြူသင်းက RFAကို ခုလို ပြောပြပါတယ်။
မဖြူဖြူသင်း။ ။ “အခု ဒီမှာကတော့ နယ်တွေမှာဆိုရင် တီဘီဆေးတွေ မှားယွင်းပြီး သောက်နေတာတွေ ရှိတယ်။ အဲဒါကြောင့်လည်း ဖြစ်သွားတာ ရှိတယ်။ နောက်တခုက ဆေးသောက်နေရင်းနဲ့ ဆေးမတိုးတော့တာပေါ့နော်၊ စနစ်တကျလုပ်တယ်၊ ဒါပေမဲ့ မတိုးတော့တဲ့ လူတွေလည်း အများကြီးတွေ့ရတယ်၊ ဆေးမတိုးတဲ့ တီဘီ အတွက် ကိုလည်း ဆေးက မရှိဘူးလေ၊ မရှိတော့ အခု ရက်ပိုင်းအတွင်းပဲ အနားမှာ သေဆုံးနေတာတွေ နောက် ရောဂါ ခံစားနေရသူတွေကို HIV မဟုတ်ပဲ တွေ့နေရတာတွေ ရှိတယ်။”
လက်ရှိအနေနဲ့ TB ရောဂါဝေဒနာရှင် အများစုဟာ ကလေးသူငယ်တွေ ဖြစ်တယ်လို့ ဆရာဝန်တွေကလည်း ပြောပြပါတယ်။ မြန်မာနိုင်ငံမှာ TB ဆေးယဉ်တာတွေ ဖြစ်ပေါ်လာတာဟာ လူနာတွေကို သောက်ဆေး ၆လစာထက် ပိုမပေးပဲ ၆လကျော်ရင် မိမိအစီအစဉ်နဲ့ မိမိဝယ်သောက်ဖို့ ပြောဆိုတဲ့အတွက် ဆေးဝယ် မသောက်နိုင်သူများ ဆေးမှန်မှန် မသောက်တော့ပဲ ဆေးယဉ်သွားတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။
များသောအားဖြင့် လူနာများဟာ မိမိကိုယ်မိမိ ရောဂါဖြစ်နေမှန်း မသိသူတွေ များတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
မြန်မာနိုင်ငံက TBရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်း ထားပါတယ်။
source by : http://www.rfa.org/burmese/news/tuberculosis_imunity_increasing-04092009114844.html









0 comments:
Post a Comment