RFA | နိုင်ငံရေးပြက်လုံးတွေကြောင့် ၁၉၉၆ ခုနှစ်မှာ စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့တဲ့အပြင် ထောင်က ပြန်လွတ်ပြီးတဲ့အခါမှာလည်း ဒီနေ့ထိ ပွဲကခွင့် ပိတ်ပင်ခံထားရတဲ့ မန္တလေးမြို့က နှုတ်ခမ်းမွေးညီနောင် လူရွှင်တော် ဦးပါပါလေး၊ ဦးလူဇော်နဲ့ ဦးလူမော်တို့ဟာ နေအိမ် ထဲမှာပဲ လာတဲ့ ဧည့်ပရိသတ်ကို အမြဲဖျော်ဖြေ နေပါတယ်။
ခေတ်နှင့် စနစ်ကို ထင်ဟပ် ပေါ်လွင်စေသည့် ပြက်လုံးများကြောင့် စစ်အစိုးရက မကြာခဏ ဖမ်းဆီးထောင်ချခြင်း ခံရသည်သာမက အနုပညာ ဖျော်ဖြေခွင့်ပါ ပိတ်ပင်ခြင်း ခံထားရသော နှုတ်ခမ်းမွေး ညီနောင်သုံးဦး မန္တလေးမြို့ နေအိမ်တွင် ပရိသတ်ကို ဖျော်ဖြေနေပုံ ဖြစ်ပါသည်။ (Photo: RFA / Tyler Chapman) |
နှုတ်ခမ်းမွေး ညီနောင် လူရွှင်တော်တွေဖြစ်ကြတဲ့ ဦးပါပါလေးနဲ့ဦးလူမော်တို့ကလည်း အခုလို အခါကြီး ရက်ကြီး အတာသင်္ကြန်ကာလမှာ RFA သောတရှင်တွေ အတွက် အထူး ဖျော်ဖြေပေးပါတယ်။ အဲဒီ သီးသန့် ဖျော်ဖြေ တင်ဆက်ထားတဲ့ တခန်းရပ် ဟာသ အနုပညာ ထဲမှာတော့ မြန်မာပြည်မှာ လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာ တချို့ အပါအဝင် ရိုးရာဓလေ့တွေအတိုင်း အရွှမ်း ဖောက်ထားတာကို နားဆင်ရမှာပါ။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဦးလူမော်ကို RFA မှ ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်း ထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
နှုတ်ခမ်းမွေးညီနောင် တခန်းရပ်ဟာသ။
source by : http://www.rfa.org/burmese/news/comedians_present_new_year_jokes-04152009110044.html
0 comments:
Post a Comment