လေဘေးသင့်ပြည်သူများ မိုးကျခါနီး နေစရာအတွက် စိုးရိမ်

Friday, April 03, 2009 ·

NEJ | မိုးရာသီ ဝင်ရောက်ချိန် နီးလာပြီ ဖြစ်သည့်အတွက် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း မြို့နယ်အချို့ရှိ လေဘေးသင့် ပြည်သူ အများစု ၎င်းတို့ လက်ရှိနေထိုင်သည့် တဲသာသာ အိမ်များ၏ ခိုင်ခန့်မှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

ဧရာဝတီတိုင်း လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲ ဗိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု ဗိုင်းဒေါင့်ချောင်းကျေးရွာမှ ရွာသားတဦးက “လေဘေးတုန်းက ကျနော်တို့ ရွာလုံးကျွတ် အိမ်တွေ ပျက်စီးတယ်။ လူတွေ အများကြီး သေတယ်။ နောက်ပိုင်း အန်ဂျီအိုတွေ အလှူရှင်တွေရောက်လာပြီး စားသောက်ရေး ကူညီတယ်။ နေဖို့ အိမ်တွေဆောက်ပေး တယ်။ ဒါပေမယ့် ခင်ဗျားမြင်တဲ့အတိုင်း ဒီအိမ်တွေဟာ နာဂစ်လို လေဘေးမပြောနဲ့ လာမယ့် မိုးရာသီ ရိုးရိုးမိုးဥတုကိုတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး” ဟု ပြောသည်။

၎င်းတို့ ရွာအုပ်စုလေးအတွက် ဆောက်ထားပေးသည့် အိမ်များမှာလည်း (၉) ပေပတ်လည်သာသာ ထရံကာ ပလတ်စတစ် မိုးကာစ မိုးထားသည့် အိမ်များဖြစ်ပြီး မိသားစုဝင်များ ညအိပ် နေထိုင်ရုံသက်သက် နေနိုင်သည့် အိမ်များဖြစ်ပြီး ထမင်းချက်ပါက တဲအောက်သို့ ဆင်းချက်ကြရကြောင်း သိရသည်။

လေဘေးသင့်ဒေသအနှံ့ သွားရောက်ခဲ့သူ ဂျာနယ်သတင်းထောက်တဦးက လေဘေးသင့်ပြည်သူများအား နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းများ၊ အစိုးရက တာဝန်ပေးသည့် ပုဂ္ဂလိက ကုမ္ပဏီများ၊ တသီးပုဂ္ဂလ အလှူရှင်များက အသီးသီး နေအိမ်ဆောက်လုပ်လှူဒါန်းသည့်အတွက် ဆောက်ပေးသည့်နေအိမ်များမှာ ပုံစံအမျိုးမျိုး ဖြစ်ကာ အများစုမှာ တန်ဖိုးနည်း အိမ်ရာများသာ ဖြစ်ခြင်းကြောင့် အိမ်လက်ခံရရှိသည့် ရွာသား များက ဆက်လက်ပြုပြင်ခြင်း မလုပ်နိုင်ပါက လာမည့် မိုးရာသီထိ ခံနိုင်မည်မဟုတ်ကြောင်း ပြောသည်။

နိုင်ငံတကာက လာရောက်လေ့လာသူများကို အနည်းငယ် ကောင်းကောင်းဆောက်ထားသည့် အိမ်အုပ်စုကိုသာ စစ်အစိုးရက အမြဲတစေ ပြသလေ့ရှိကြောင်း၊ အမှန်တကယ် လေဘေးသင့်ဒေသအတွင်း၌ စံချိန်စံညွှန်းမမီသည့် ယာယီတဲလေးများသာ အများစုဖြစ်ကြောင်း၊ ယခုအခါ ပလတ်စတစ်စအမိုးများမှာလည်း နေဒဏ်၊ လေဒဏ်ကြောင့် စတင် ပေါက်ပြဲလာပြီဖြစ်ကြောင်း အဆိုပါ ဂျာနယ် သတင်းထောက်က ဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့်နှစ် မေလ (၂-၃) ရက်တို့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်လေမုန်တိုင်းကြောင့် နေအိမ်စုစုပေါင်း (၈) သိန်းနီးပါး ပျက်စီးခဲ့ကြောင်း၊ စစ်အစိုးရက ပြန်လည်တည်ဆောက်ပေးသည်မှာ အိမ်ပေါင်း (၂) သောင်း ကျော်သာ ရှိပြီး ကျန်နေအိမ် ပျက်စီးခဲ့သူများကိုမူ နိုင်ငံတကာ အန်ဂျီအိုများ၊ တသီးပုဂ္ဂလ အလှူရှင်များက ပုံစံအမျိုးမျိုးဖြင့် ကူညီဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

source by : http://www.khitpyaing.org/news/April_09/3-4-09a.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */