ဝင်းမြတ် | ရန်ကုန်တိုင်း ဒေါပုံ၊သာကေတနှင့် ပုဇွန်တောင်မြို့နယ်များတွင် ကာလ ၀မ်းရောဂါပိုးတစ်မျိုး ပျံ့ပွားနေပြီး ကူးစက် ခံရသူအချို့ ဆေးရုံတင်ထားရသည်။
၎င်းမြို့နယ်များတွင် ကာလ၀မ်းရောဂါဖြစ်ပွားစေသည့် ဘက်တီးရီးယားတစ်မျိုး ပျံ့နှံ့နေသည်ဟု ကျန်းမာရေး ၀န်ကြီးဌာန၊ အစားသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌာနမှ ဓါတ်ခွဲမှူးများက စစ်ဆေး တွေ့ရှိ ထားကြောင်း အမည် မဖော်လိုသူ ဓါတ်ခွဲမှူး တစ်ဦးကပြောပါသည်။
“ဗီဘရီယို ကော်လိုရာ(Vibrio Cholerae)လို့ ခေါ်တဲ့ ကာလ၀မ်း ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား တစ်မျိုးကို ကြံရည်နဲ့ အသုတ်မှာသုံးတဲ့ အချည်ရည်တွေမှာ စစ်ဆေးတွေ့ရှိ ထားတယ်။ သူက ရိုးရိုး ၀မ်းကိုက် ရောဂါပိုး မဟုတ်ဘူး။ ကာလ၀မ်းရောဂါဖြစ်စေတဲ့ ပိုး” ဟု အဆိုပါ ဓါတ်ခွဲမှူးကပြောပါသည်။
အဆိုပါ ဘက်တီးရီးယားများသယ်ဆောင်လာသည့် ယင်ကောင်များ ကြံရည်ကျိတ်စက်၊ အရည်ကျိတ်မည့် ကြံများတွင် နားခိုရာမှ ကြံရည်ထဲတွင် ၄င်းပိုး တွေ့ရှိရခြင်းဖြစ်နိုင်ကြောင်း အဆိုပါဓါတ်ခွဲမှူးက သုံးသပ်သည်။
ဒေါပုံမြို့နယ် ဆေးစက်ရပ်ကွက်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “ရပ်ကွက်ထဲက အသုတ် ရောင်းတဲ့ အဒေါ်ကြီး အသုတ်ရောင်းနေရင်း ကနေ ၀မ်းတွေတအားသွားတာနဲ့ ဆေးရုံကို ပို့လိုက်ရတယ်” ဟု ပြောပါသည်။
ကာလ၀မ်းရောဂါပိုးများတွေ့ရှိရာမြို့နယ်များနှင့်နီးသည့် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး( ဂန္ဒီဆေးရုံ) သို့ တင်ပို့ ကြကြောင်းသိရသည်။
လက်ရှိအခြေအနေတွင် ၀မ်းလျှောရောဂါပိုးကို ထိန်းချုပ်နိုင်သည့် အဆင့်တွင်ရောက်နေပြီဟု ကျန်းမာရေး ဦးစီးဌာနက ပြောကြောင်း ဓါတ်ခွဲမှူးက ပြောသည်။
၎င်းအခြေအနေများကိုမူ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူလူထုသို့ တရားဝင် အသိပေး ကြေငြာခြင်း မရှိသေးပေ။
source by : http://moemaka.com/index.php?option=com_content&task=view&id=3554&Itemid=1
ရန်ကုန်တိုင်း မြို့နယ်သုံးခုတွင် ကာလ၀မ်းရောဂါပိုးတစ်မျိုး ပျံ့နှံ့
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment