ရွေးကောက်ပွဲအတွက် ဝန်ကြီး ဦးဉာဏ်ဝင်း ငွေပေးပြီး မဲဆွယ်

Saturday, April 04, 2009 ·

RFA | မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း­­ ပဲခူးတိုင်း ဇီးကုန်းမြို့နယ် အရှေ့ဘက်ခြမ်းက ရွာတွေကို သွားရောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးခဲ့တယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။ ဝန်ကြီး ဦးဥာဏ်ဝင်း က ရွာသားတွေကို ငွေကြေးပေးကမ်း စည်းရုံးခဲ့ကြောင်း ရွာခံတဦးက ပြောပါတယ်။


(Photo: AFP)
အာဆီယံအဖွဲ့ နှစ် ၄၀ပြည့် အခမ်းအနားကို ၂၀၀၇ခုနှစ် သြဂုတ်လက ရန်ကုန်မြို့တွင် ကျင်းပစဉ် နိုင်ငံခြားရေးဝန်ကြီး ဦဉာဏ်ဝင်း နာရီကြည့်နေသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
ရွာခံတဦး။ ။ “အဲ လူကြီးတွေကိုလည်း ပိုက်ဆံ ကန်တော့တယ်ပေါ့နော်၊ တယောက်ကို ၃,၀၀၀စီ၊ ကလေးလေး တွေကိုလည်း မုန့်ဖိုးပေးတယ်၊ သူတို့ ၂၀၁၀အတွက်ကို သူတို့အနေနဲ့ မဲထည့်ဖို့ ဆိုပြီးတော့လေ၊ အဲဒါတွေ ပြောတယ်။”

ဒါဟာ စစ်အစိုးရ ဝန်ကြီးတယောက်က ငွေကြေးပေးကမ်းပြီး ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးနေတာကို ပထမဦးဆုံး ကြားသိရတာ ဖြစ်ပါတယ်။ အခုလို ရွေးကောက်ပွဲအတွက် ဝန်ကြီးကိုယ်တိုင် မဲဆွယ် စည်းရုံးမှုတွေ ရှိပေမဲ့ ဇီးကုန်းမြို့ မှာ တိုးတက်ဖွံ့ဖြိုးမှုတော့ ဘာမှ မရှိပါဘူး၊ ဒီရက်ပိုင်း အတွင်း လမ်းပြင် လမ်းခင်းဖို့အတွက် ပြည်သူတွေထံက ငွေကောက်ခံ တာတွေပဲ ရှိတယ် လို့တော့ ဇီးကုန်းမြို့ခံတွေက ပြောပါတယ်။

source by : http://www.rfa.org/burmese/news/minister_buying_votes_for_election-04032009142930.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */