နိုင်ငံရေးအကျဉ်းသားများကို ရပ်ဝေးထောင်များသို့ ဆက်လက်ပြောင်းရွှေ့

Saturday, April 04, 2009 ·

RFA | ပူတာအိုထောင် ပြောင်းရွှေ့ခံရတဲ့ မန္တလေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်စည်းရုံးရေးမှူး ဒေါ်ဝင်းမြမြ အမှုနဲ့ ပတ်သက်လို့ အယူခံ တင်ထားတာကို တရားရုံးက ၄ နှစ် လျှော့ပေးလိုက်တဲ့အတွက် အရင် ၁၂ နှစ် ထောင်ချ ခံထားရာကနေ အခု ၈ နှစ် ဖြစ်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။


(Photo: AFP)
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတခုအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ၃၀ခန့် ၂၀၀၈ခုနှစ် မေလ ၂၇ရက်နေ့က NLD ပါတီဌာနချုပ်မှ အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဆီသို့ လမ်းလျှောက် ချီတက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
မိသားစုဝင်။ ။ “ရှေ့နေကတော့ ပြောတယ်၊ ၁၂နှစ်ကနေ ၈နှစ်ဖြစ်သွားတယ်လို့၊ ဒီလောက်ပဲ ပြောလိုက်တာကိုး။ နောက်ပြီးတော့ သူက တမှုတည်းကဟာတွေက မလျော့ပဲနဲ့ ဟို နှစ်မှုတွဲထားတဲ့ ၅၀၅ (ခ)နဲ့ ၁၅၃ (က) အဲလို နှစ်မှု တွဲထားတဲ့ဟာက နှစ်ခုက တပေါင်းတည်း ကျခံစေဆိုတော့ တမျိုးကို ၂နှစ်ဆိုတော့ နှစ်မျိုးကို ၄နှစ်ဆိုပြီး အဲလိုပဲ ရှင်းပြတော့ ကျေးဇူးတင်ပါတယ်ပြောပြီး ညနေကျတော့ သူ့အိမ်သွားတော့ သူနဲ့ မတွေ့ဘူး၊ သူက ဖုန်းနဲ့ပဲ လှမ်းပြောတာကိုး။”

ဒီအတောအတွင်းမှာပဲ စစ်အစိုးရအာဏာပိုင်တွေက ထောင်ဒဏ်ချမှတ်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို ဒီရက်တွေမှာ ဆက်လက်ပြီး နယ်ထောင်တွေ ပို့နေပါတယ်။ အဲဒီသူတွေကတော့ ကိုလှိုင်မျိုးကို မန္တလေးထောင်၊ ကိုတိုးလွင်ကို စစ်တွေထောင်၊ ကိုရဲညွန့်ကို မြိတ်ထောင်၊ ကိုကျော်မျိုးသက်ကို တောင်ကြီးထောင် ပို့လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။

အရှင်ဂမႝီရရဲ့ ယောက်ဖ ကိုမိုးထက်လင်းနဲ့ ပတ်သက်လို့ ဇနီးဖြစ်သူနဲ့ မယ်တော်ဒေါ်ရေး အင်းစိန်ထောင်ကို သွားစုံစမ်းတဲ့ အခါမှာ ကိုမိုးထက်လင်း အင်းစိန်ထောင်မှာပဲ ရှိသေးတယ်လို့ ထောင်ဝန်ထမ်းတွေက ပြောလိုက် ပါတယ်။ ဒါပေမဲ့ အခြား နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ စုံစမ်းလို့ သိရတဲ့စာရင်းအရဆိုရင် ကိုမိုးထက်လင်း နဲ့ အခြားနိုင်ငံရေး အကျဉ်းသား တချို့ကို ဧပြီလ ၃ရက် ဒီကနေ့မနက် အစောကြီးမှာ မော်လမြိုင် ထောင်ကို စုရပ်တခုအနေနဲ့ ပို့လိုက်ပြီး ဘယ်ထောင်ကို ဆက်ပို့ဦးမလဲ ဆိုတာတော့ မသိသေးဘူးလို့ နီးစပ်သူ တွေက ပြောပါတယ်။

အဲဒီအပြင် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး ဆိုင်းဘုတ်ကိုင်ဆောင်ပြီး လမ်းလျှောက်လို့ အဖမ်းခံလိုက်ရတဲ့ ရွှေပြည်သာ မြို့နယ်က မထက်ထက်ဦးဝေတို့ အမှုတွဲတွေကိုလည်း နယ်ထောင်အသီးသီး ပို့လိုက်ရာမှာ ကိုထွန်းထွန်းဝင်းကို မြိတ်ထောင်၊ ကိုဝင်းမြင့်မောင် ခေါ် ပဲပြုတ်ကို မန္တလေးထောင် ပို့လိုက်တယ်လို့ သိရပြီး၊ မထက်ထက်ဦးဝေကိုတော့ ဘယ်ထောင်ကို ပို့လိုက်တယ်ဆိုတာ မသိရသေးပါဘူး။

ဒီ့အပြင် အရင်က နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ခဲ့ဘူးတဲ့ ၈၈ မျိုးဆက် ကိုမျိုးသန့်ကို အခုတခေါက်မှာ သရက်ထောင် ပို့လိုက်ပြီး အရှင်ဂမႝီရရဲ့ အမှုတွဲ မြစ်ချေ ကိုကျော်ကျော်နိုင်ကိုလည်း နယ်ထောင် ပို့လိုက်ပေမဲ့ ဘယ်ထောင်ကိုလည်း ဆိုတာအတိအကျမသိရသေးပါဘူး။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် ဆရာတော်တပါးဖြစ်တဲ့ အရှင်ဂမႝီရ ဟာ စစ်ကိုင်းတိုင်း ခန္တီးထောင်မှာ ထောင်ဒဏ် ၆၈ နှစ် ကျခံနေရသလို၊ သူ့အစ်ကို ကိုအောင်ကျော်ကျော်က တောင်ကြီးထောင်မှာ ထောင်ဒဏ် ၁၄ နှစ် ကျခံနေရပါတယ်။ အလားတူပဲ ညီဖြစ်တဲ့ ကိုအောင်ကိုကိုလွင်က ထောင်ဒဏ် ၅ နှစ်ချခံရပြီး မနေ့က ကျောက်ဖြူထောင်ကို ပို့ခံလိုက်ရသလို၊ ယောက်ဖဖြစ်တဲ့ ကိုမိုးထက်လင်းကလည်း ထောင် ၅ နှစ် ချခံထားရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ တနံတလျား ထောင်ဝင်စာ လိုက်တွေ့နေရမဲ့ အရှင်ဂမႝီရရဲ့ မယ်တော်ဒေါ်ရေးနဲ့ ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။


source by : http://www.rfa.org/burmese/news/prisoners_transfers_continue-04032009151413.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */