Pro-League (၈) သင်းမှ အားကစားသမားအချို့ စာချုပ်ပါ အားကစားကြေး အလျှော့ခံနေရ

Monday, March 30, 2009 ·

အောင်ထက် | မြန်မာနိုင်ငံ၏ ပုဂ္ဂလိက အဆင့်မြင့်တန်း ဘောလုံးအသင်း (၈) သင်းရှိရာ အားကစားသမားကြေး လစာများကိစ္စနှင့် ပတ်သက်၍ အသင်းအချို့ အကွဲအပြဲဖြစ်နေကြောင်း စုံစမ်းသိရသည်။

အသင်းအုပ်ချုပ်သူပိုင်ရှင်နှင့် အားကစားသမားတို့ကြား စာချုပ်ပါအတိုင်း အပြည့်အ၀မရရှိခြင်းကြောင့် အက်ကြောင်းများ ထလျက်ရှိပြီး အသင်းအုပ်ချုပ်သူအချို့က အာဏာဖြင့် ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။

“ဦးထွန်းထွန်း အုပ်ချုပ်တဲ့ ဥဿာယူနိုက်တက်အသင်းဆို ရှင်းတယ်။ စာမချုပ်တော့ဘူး။ လိုချင်တဲ့ အားကစား သမားကို ကမ်းလှမ်းတယ်။ တလ (၁) သိန်း၊ (၂) သိန်း အများဆုံး အဲလောက်ပဲပေးတယ်။ ကျနော်တို့ ဘောလုံး လောက အခေါ် ကောက်စားတယ် ခေါ်တယ်။ အောက်ဈေး တွေနဲ့ အလုပ်လုပ်တယ်။ ကြိုက်ရင်လာ၊ မကြိုက်ရင် မကစားနဲ့ ဒါပဲ။ ကျနော်ဆို အသင်းနဲ့ တလ (၅) သိန်း စာချုပ် ထားတယ်။ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုတွေ အကြောင်း ပြပြီး တလ (၃) သိန်းပဲရတော့တယ်။ ကျနော့်လိုပဲ တခြား အားကစား သမားတွေ ကစားကြေး အလျှော့ခံနေရတယ်” ဟု အမည်မဖော်လိုသူ အဆင့်မြင့်တန်း ဘောလုံးသမားတဦးက ဆိုသည်။

ဆရာကျောင်း (ဦးအောင်ကိုဝင်း) ၏ ကမ္ဘောဇယူနိုက်တက်၊ ALPINE ဦးစိုင်းခင်မောင်အေး၏ ရန်ကုန် FC ယူနိုက်တက်၊ စစ်ကိုင်းမှ ဇေယျာရွှေမြေ FC ယူနိုက်တက်၊ ဦးတေဇ၏ အဲယားပုဂံ ယူနိုက်တက်၊ ဦးထွန်းထွန်း၏ ဥဿာယူနိုက်တက်၊ Max ဇော်ဇော်၏ ဒယ်လ်တာ ယူနိုက်တက်အသင်းအပါအ၀င် ပုဂ္ဂလိကအသင်းတို့ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) မှ အသင်းဖွဲ့စည်းခွင့်ပေးကာ ငွေကြေး အရှုပ်အရှင်း၊ အားကစားသမား-အသင်းပိုင်ရှင် အပြောင်းအရွှေ့များကို ၎င်းမှ တာဝန်ယူဖြေရှင်းပေးနေရသည်။ အဆင့်မြင့်တန်းအောက်၌ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းဟူ၍ရှိပြီး ငွေကြေးခိုင်ခိုင်မာမာဖြင့် ရပ်တည်နေသော အသင်း (၅) သင်းခန့်သာရှိကာ ကျန်အသင်း များမှာ Volunteer အဆင့်တွင်သာရှိကြောင်း၊ လိုအပ်သော အားကစားသမား များကို ယခင်ဌာနဆိုင်ရာများမှ အားကစားကြေး စိတ်ကြိုက်ပေးခေါ်ကြကြောင်း သိရသည်။

“Prfessional Lengue (Pro-League) ဆို အားကစားသမားတယောက် (၅) သိန်း၊ (၈) သိန်း၊ (၁၀) သိန်း အစားစားပေါ့။ ကစားသမားအတွက် အရမ်းကောင်းတယ်။ ဒါပေမယ့် တယောက်နဲ့တယောက် ရိုးသားဖို့လိုတယ်။ အဆင့်သတ်မှတ်ထားတဲ့ ကစားသမားတိုင်း (၁၊၂၊၃) ပေါ့။ သူ့အဆင့်နဲ့သူ MFF က တန်ဖိုး သတ်မှတ်ပေးတယ်။ မြန်မာ့လက်ရွေးစင်မှာ First-Line ၀င်တဲ့ ဒေါင်ဒေါင်မြည်ဆို တလ (၁၀) သိန်း။ Trainning ဆင်းဆင်း မဆင်းဆင်း တရာသီစာ လစာရှင်းပေးရတယ်။ တနှစ်စာချုပ်၊ (၂) နှစ်စာချုပ် အဲလို။ အဲဒီ Pro-League အသင်းက တရာသီလုံး ပြိုင်ပွဲရှိရင် ၀င်ကစား၊ အမှတ်ပေးပွဲ ပထမကျော့၊ ဒုတိယကျော့ ၀င်ကစားကြ။ ကွင်းဖွင့်ဖလား၊ ကွင်းပိတ်ဖလား၊ အဲဒီကမှ အာရှထွက်ကစားမယ်၊ အရှေ့တောင်အာရှ ထွက်ကစားမယ်” ဟု ပထမတန်းကစားသမားတဦးက ပြောသည်။

Pro-League အသင်းအနေဖြင့် MFF သို့ Deposit သိန်း (၂,၀၀၀) စီ တင်ရကြောင်း၊ အားကစားကြေး (အဆင့်လိုက်) တလ အနည်းဆုံး သိန်း (၁၂၀) နှင့် တနှစ်စာ သိန်း (၁,၅၀၀) ခန့်ရှိကြောင်း၊ ထိုသို့ တနှစ် သိန်း (၄,၀၀၀) နီးပါး ရင်းနှီးမြှုပ်နှံနေရသောငွေကို ပြိုင်ပွဲရာသီ ငွေဖြူ ငွေမည်း ဖလှယ်ခြင်း၊ လောင်းကြေးများ၊ နိုင်ငံတော်မှ ပေးသော လိုင်စင်လုပ်ငန်းများမှ ပြန်ရှာကြရကြောင်း၊ ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုနှင့် အတူ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှု များကြောင့် ထိပ်တန်း စာရင်းဝင် အဆိုပါ အသင်းပိုင်ရှင် အချို့၏ ၀င်ငွေများ ကျဆင်းလာကြောင်း၊ ထို့အတွက် စာချုပ်ပါ အားကစားသမားကြေးကို အပြည့်အ၀ မပေးနိုင်တော့ခြင်း ဖြစ်ကြောင်း၊ ဇွန်လတွင် ကျင်းပတော့မည့် Pro-League (Myanmar National League) အမှတ်ပေးပြိုင်ပွဲတွင် အဝေးကွင်း၊ အိမ်ကွင်းနှင့် နိုင်ငံတကာပုံစံ ကစားမည်ဖြစ်ပြီး အသင်းအကွဲအပြဲများကို မကြာခင် ကြားရလိမ့်မည် ထင်ကြောင်း အခြားအားကစားသမားတဦးက ဆိုသည်။

MFF ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ဒယ်လ်တာယူနိုက်တက် အသင်းကို တာဝန်ယူခြင်းနှင့် ပတ်သက်၍ “ဒယ်လ်တာကို စကိုင်တာက ဇေကမ္ဘာ၊ နောက်တော့ အကြောင်းကြောင်းတွေကြောင့် Max ဇော်ဇော်က တာဝန်ယူလိုက်တယ်။ ပိုင်ရှင်ပြောင်းတယ်ခေါ်တာပေါ့။ အဖွဲ့ချုပ် ဥက္ကဋ္ဌတယောက်အနေနဲ့ တကယ်ဆို ဘောလုံးအသင်းကို တာဝန် မယူသင့် ဘူး။ လည်ပတ်နိုင်ဖို့ လုပ်တယ်ဆိုဦးတော့ သူရိုးသား ရင်တောင် သံသယရှိနိုင်တယ်။ သူ့အသင်း ကိုယ့်အသင်းဖြစ် နေတာကြောင့် ဘောလုံးလောကအတွင်း မမြင်နိုင်တဲ့ ပယောဂတွေ ရှိနိုင်တာပဲ” ဟု အားကစားဆောင်းပါးရှင်တဦး က ဝေဖန်သုံးသပ်သည်။

source by : http://www.khitpyaing.org/news/march_09/30-3-09d.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */