ဆယ်တန်းစာမေးပွဲအပြီး မြ၀တီလောင်းကစားဝိုင်းတွေ ခေါင်းထောင်

Monday, March 16, 2009 ·

NEJ | လောင်းကစားကို အခြေခံသည့် ပျော်ပွဲရွှင်ပွဲ (အာဝါဒေး) ပွဲ တပတ်ကျင်းပလျှင် လောင်းကစားဝိုင်းမှ ရရှိသည့် အကောက်ငွေ သိန်း (၁၃၀) ခန့်ကို ပွဲတော်ကျင်းပသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) က ပုံမှန်ရရှိသည်ဟု လောင်းကစားဝိုင်းများထံ ၀ိုင်းကြေးလိုက်ကောက်သည့် အဖွဲ့ဝင်တဦးက ပြောသည်။

မြ၀တီမြို့နယ်အတွင်း ယခုလ (၁၁) ရက်က စတင်သည့် (၁၀) တန်းစာမေးပွဲကာလတွင် ခေတ္တရပ်နားထားသည့် အာဝါဒေးပွဲများကို ယခုလ (၁၈) ရက်နေ့မှ စတင်ကာ မြ၀တီမြို့အမှတ် (၃) ရပ်ကွက် ဓမ္မရန်အောင် ဘုန်းတော်ကြီး ကျောင်းတွင် မော်လမြိုင်မှ မြန်မာဇာတ်အဖွဲ့တဖွဲ့ သွင်းကာ စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပမည်ဟု သိရသည်။

စာမေးပွဲကာလ မြ၀တီမြို့နယ်အတွင်း အာဝါဒေးပွဲများကို ခရိုင်အာဏာပိုင်များက ပွဲမိန့် ပိတ်ထားသော်လည်း မြ၀တီမြို့အနီးရှိ ဒီကေဘီအေ (၉၉၉) အဖွဲ့၏ ဖားသုံးကောင်ဂိတ်တွင် ယခုလ (၁၃) မှ (၁၇) ရက်အထိ မြန်မာ ဇာတ်အဖွဲ့ကြီးတဖွဲ့နှင့်အတူ အာဝါဒေးပွဲ (၅) ရက်ကို ကျင်းပလျက်ရှိသည်။

ဖားသုံးကောင်ဂိတ်ပွဲတွင် လောင်းကစားဝိုင်းမျိုးစုံ အဖွဲ့ (၅၀) ခန့်ရှိပြီး ဒီကေဘီအေအဖွဲ့သို့ တ၀ိုင်းလျှင် ၀ိုင်းကြေး (၅) သောင်းခန့် ပေးရပြီး ညစဉ်လောင်းကစားပွဲများ ပြုလုပ်လျက်ရှိကြောင်း ဖားသုံးကောင်ဂိတ်မှ ရွာခံတဦးက ပြောသည်။

၎င်းက “ဒီပွဲကို ဒီကေဘီအေက ဦးစီးပြီးလုပ်တာ။ လောင်းကစားဝိုင်း (၅၀) ဆိုတော့ တ၀ိုင်းကို (၅) သောင်း နှုန်းဆိုတော့ ဒီကေဘီအေက တညကို (၂၅) သိန်း ရတယ်။ အာဝါဒေးပွဲမှာကတဲ့ မော်လမြိုင်က ဇာတ်ကိုတော့ တည (၆) သိန်း နှုန်းနဲ့ ပေးရတယ်။ ကျန်တာကတော့ ဒီကေဘီအေ ရန်ပုံငွေပဲ။ အာဝါဒေးရဲ့ အကျိုးဆက် ကတော့ ဂျပိုး၊ သူခိုးတွေ များလာတယ်။ ဒုစရိုက်မှုတွေ များလာတယ်။ ပွဲကျင်းပတဲ့အဖွဲ့ကိုလည်း ဘယ်သူမှ ပြောဆို ဟန့်တားတာ မရှိဘူး။ ကရင်ပြည်နယ်မှာ ဒီကေဘီအေကြီးစိုးတဲ့ နေရာတွေမှာ အာဝါဒေးပွဲအမြဲရှိတော့ အကုန်ဒုက္ခရောက်ကုန်ပြီ။ နေ့ခင်းကြောင်တောင်လို အချိန်မျိုးမှာတောင် အိမ်ပေါ် သူခိုးတက်တာတွေရှိတယ်။ သူခိုးတောင်မှ အပြင်သူခိုးနဲ့ အိမ်တွင်းသူခိုးတွေ ပိုပြီးများလာတယ်။ မိဘတွေလည်း သား၊ သမီးတွေကို ပြောဆိုဆုံးမလို့ မရတော့ဘူး။ လူတွေရဲ့အသိထဲမှာ လောင်းကစားရှုံးရင် ဘန်ကောက်သွားဖို့လောက်ပဲ အသိရှိကြတော့ အခြေအနေက ကြာလေဆိုးလေပဲ” ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း ကျင်းပသည့် အာဝါဒေးလောင်းကစားပွဲများတွင် ယခင်က လူကြီးများသာ အများစု ၀င်ရောက်လောင်းကစားကြသော်လည်း ယခုအခါ လောင်းကစားဝိုင်းများတွင် ဆယ်ကျော်သက် လူငယ် အမျိုးသား၊ အမျိုးသမီးများ ၀င်ရောက်လောင်းကစားပြုမှုမှာ ထက်ဝက်နီးပါး များပြားလာသည်ဟု အာဝါဒေး ပွဲများတွင် နယ်လှည့် လောင်းကစားဝိုင်းဖွင့်သူ ဒိုင်တဦးကလည်း ရှင်းပြသည်။

အာဝါဒေးပွဲတော်ဖြင့် ရန်ပုံငွေရှာသည့် ဒီကေဘီအေ (၉၉၉) အဖွဲ့မှ အရာရှိတဦးကို ဆက်သွယ်မေးမြန်းရာ ၎င်းပွဲများနှင့် ပတ်သက်၍ မကြားမိ မသိရှိကြောင်း ပြန်လည်ဖြေကြားသည်။ မြ၀တီခရိုင်အတွင်း ဒီကေဘီအေမှ အာဝါဒေးပွဲများကို နှစ်လုံးပေါက်နီးပါးခန့် နေရာဒေသအနှံ့တွင် ကျင်းပနေသော်လည်း မြ၀တီခရိုင် အာဏာပိုင် များက တစုံတရာ အရေးယူဟန့်တားမှုများ မရှိကြောင်း သိရသည်။

လောင်းကစားဝိုင်းထောင်ထားသည့် ဒိုင်တဦးက “ဒီကေဘီအေနဲ့ တွဲလုပ်လာတာ (၁၀) နှစ် ကျော်ပြီ။ ပိုက်ဆံ မရှိရင် သူတို့ဆီမှာ အတိုးနဲ့ ချေးငှားလို့ရတယ်။ မော်လမြိုင်က ဇာတ်အဖွဲ့တွေပါမယ်ဆိုရင် လောင်းကစားဝိုင်း တ၀ိုင်းကို တည (၅) သောင်းပေးရတယ်။ ဇာတ်အဖွဲ့မပါဘဲ ရောင်ပြန်လို့ခေါ်တဲ့ ဗီဒီယိုပိတ်ကားသွင်းရင် တည (၃) သောင်း ပေးရတယ်။ ဒီကေဘီအေတွေ ပြောတာကတော့ သူတို့ကြီးပဲ အကုန်လုံးမရဘူး။ မြ၀တီက အကောင်ကြီးတွေကို လည်း ခွံ့ပေးရတာတွေ၊ မျက်နှာလုပ်ရတာတွေ တခေါက်ဆိုရင် သိန်း (၂၀) အနည်းဆုံးပဲ လို့ပြောတယ်။ တချို့ ခရိုင်လူကြီးတွေကိုဆိုရင် ထိုင်းဘက်က သွင်းတဲ့ကားအသစ်တွေ လက်ဆောင် ပေးရတာတွေ ရှိတယ်” ဟု ပြောသည်။

မြ၀တီမြို့တောင်ပိုင်းရှိ သုံညဂိတ်အနီးတွင် အသစ်ထပ်မံဖွင့်လှစ်လိုက်သည့် ဒီကေဘီအေ (၉၉၉) ဂိတ်တွင်လည်း အာဝါဒေးပွဲများကို လစဉ်ရက်ခြား၍ ပုံမှန်နီးပါးကျင်းပလျက်ရှိသည်။

အဆိုပါဂိတ်အသစ်သည် ဘန်ကောက်မှမဲဆောက်သို့ ဘတ်စ်ကားများဖြင့် ပြန်လာကြသည့် မြန်မာ အလုပ်သမား များကို ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးပြီး မြန်မာပြည်ဘက်သို့ နယ်နှင်ပို့ဆောင်သည့် ဂိတ်ဖြစ်သည်။ ထိုင်းမှ ပြန်ပို့လိုက်သည့် မြန်မာအလုပ်သမားများအား ဒီကေဘီအေနှင့် မြန်မာလူပွဲစားများက လူတဦးလျှင် ဘတ် (၁,၅၀၀) နှုန်းယူပြီးမှသာ လိုရာခရီးသို့ ဆက်ခွင့်ပြုသည့် ဂိတ်ဖြစ်သည်။

source by : http://www.khitpyaing.org/news/march_09/16-3-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */