NEJ | စစ်ကိုင်းတိုင်း တမူးမြို့နယ်ရှိ ဆရာစံအကျဉ်းစခန်းခွဲ မတ်လ (၈) ရက် နေ့လယ် (၂) နာရီခန့်အချိန်က မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။
အဆိုးပါအကျဉ်းစခန်းခွဲမှာ တမူးမြို့မှ (၁) မိုင်ခန့်ဝေးသော ဆရာစံကျေးရွာ အရှေ့ဘက်တွင်ရှိပြီး အကျဉ်း စခန်းခွဲ၏ အနောက် ဘက်ခြမ်းတွင် လောင်ကျွမ်းခြင်းဖြစ်သည်ဟု ကလေးမြို့နယ် မီးသတ်တပ်ဖွဲ့၏ တရားဝင် သတင်းထုတ် ပြန်ချက်အရ သိရသည်။
မီးလောင်မှုကြောင့် သိန်း (၉၀) ခန့် ဆုံးရှုံးသည်ဟု ခန့်မှန်းတွက်ချက်ထားကြောင်း ကလေးမီးသတ်ဌာန၏ ထုတ်ပြန်ချက်များတွင် ပါရှိကြောင်း သိရသည်။
“မီးစတင်ကူးတဲ့အခါ ထောင်မှူး ဦးတင်ဝင်းဆိုတဲ့သူအိမ်ကို အရင်ကူးစက်တယ်။ အဲဒီကစတာပါပဲ” ဟု အဆိုပါ မီးသတ်တပ်ဖွဲ့၏ အရာရှိတဦးက ပြောသည်။
မီးလောင်ခြင်းကြောင့် အရာရှိလုံးချင်းအိမ်များအပါအ၀င် ရဲအိပ်ဆောင်၊ ရဲဘက်အိပ်ဆောင်၊ မိန်းဂျေး၊ ဖိုကြီး၊ ဘူးဝ၊ စပါးဂိုဒေါင်၊ ရိက္ခာဂိုဒေါင်၊ ဧည့်တွေ့ဆောင် စသည်တို့အပါအ၀င် အဆောက်အအုံ (၂၆) လုံးနှင့် ကျွဲနွားတဲ၊ ထွန်စက်၊ စပါးချွေစက်၊ စပါးကြိတ် ခွဲစက်အင်ဂျင်၊ တရုတ်နီ (၂၂) ကောင်ဆိုင်ကယ်၊ စပါးတင်း (၂,၀၀၀) ကျော်၊ ဆန်အိတ်များ စသည်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အကျဉ်းစခန်းခွဲ၏ လက်ရှိအခြေအနေကို မေးမြန်းရာ ရန်ကုန်တိုင်းမီးသတ်ဦးစီးက မသိရသေးကြောင်း ပြောသည်။
“ရဲဘက်စခန်းရှိတဲ့ နေရာဖြစ်တဲ့အတွက် လောလောဆယ်တော့ ရဲဘက်တွေကို နေရာချဖို့ကိစ္စ ဆောင်ရွက်နေ တယ်” ဟု ကလေးမြို့နယ် မီးသတ်ဌာနမှ ရဲဘော်တဦးက ပြောသည်။
source by : http://www.khitpyaing.org/news/march_09/16-3-09a.php
ဆရာစံအကျဉ်းစခန်းခွဲ မီးလောင် သိန်း (၉၀) ခန့်ဆုံးရှုံး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment