ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းများတွင် City FM လိုင်း ၄ လိုင်းကို မကြာမီ တိုးချဲ့ထုတ်လွှင့်သွားမည်ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
လက်ရှိ ထုတ်လွှင့်နေသော ရန်ကုန် City FM နှင့် မန္တလေး City FM အပြင် အခြား ပြည်နယ်နှင့် တိုင်းဒေသများ၌ ဖမ်းယူရရှိနိုင်မည့် လိုင်း ၄ လိုင်းကို တိုးချဲ့ကာ မကြာမီ လပိုင်းအတွင်း ထုတ်လွှင့်နိုင်ရန် ပြင်ဆင်နေပြီဟု ဂီတအစည်းအရုံးမှ ထိပ်တန်း ဦးဆောင်သူ တဦးက ပြောဆိုခြင်းဖြစ်သည်။
သူက “အခုဟာက အစိုးရက ချပေးတယ်။ အစိုးရနဲ့ ပုဂ္ဂလိကနဲ့ တွဲလွှင့်တဲ့ သဘောရှိတယ်။ ကုမ္ပဏီတွေကလေ။ အသံလွှင့်က ပြန်ကြားရေး။ အားလုံးက ပြန်ကြားရေးအောက်ကပဲ။ ဒါကြောင့် အခုတော့ ကုမ္ပဏီတွေ တာဝန်ပေးမယ် ထင်တယ်။ နောက် ၃ လဆို လွှင့်နိုင်မယ်လို့ ထင်တာပဲ” ဟု ပြောသည်။
အခြေစိုက်မည့် အုပ်စု ၄ စုမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းတွင် အုပ်စုတစု၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း မုံရွာမြို့တွင် တစု၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ် စစ်တွေတွင် တစု၊ တနသာင်္ရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း ပြည်မြို့တွင် တစု ခွဲခြားကာ ထုတ်လွှင့်မည်ဟု ပြည်တွင်းထုတ် ဂျာနယ်တခုကလည်း ဖော်ပြသည်။
ထုတ်လွှင့်ခွင့်အတွက် ကုမ္ပဏီများကို တာဝန်ယူ စေမည်ဖြစ်ကာ လက်ရှိတွင် ကမ္ဘောဇကုမ္ပဏီမှ ရှမ်းပြည်နယ် ဒေသများ၊ ငွေတောင်ကုမ္ပဏီမှ စစ်ကိုင်းတိုင်း မုံရွာနှင့် ကချင်ပြည်နယ် မြစ်ကြီးနားတွင် တာဝန်ယူကြောင်း သိရသည်။
အခြားဒေသများအတွက်မူ မည်သည့်ကုမ္ပဏီများက တာဝန်ယူမည်ကို မသိရသေးပါ။
လက်ရှိ ရန်ကုန်နှင့် မန္တလေး City FM နှစ်ခုသည် တေးသီချင်းများ၊ ရုပ်ရှင်-ဗီဒီယို သရုပ်ဆောင်များနှင့် အဆိုတော်များ၏ တွေ့ဆုံမေးမြန်းခန်းများ၊ ကျန်းမာရေး ပညာပေး ဗဟုသုတ အစီအစဉ်နှင့် နာမည်ကြီး နိုင်ငံခြား ရုပ်ရှင်သရုပ်ဆောင်များ၏ အကြောင်းအရာများကို အဓိကအားဖြင့် ထုတ်လွှင့်ပေးနေသည်။
လူစိတ်ဝင်စားမှု များပြားသဖြင့် ကြော်ငြာလုပ်ငန်းများကြောင့် ၀င်ငွေကောင်းသော မီဒီယာလုပ်ငန်းတခုလည်း ဖြစ်နေသည်။
City FM အစီအစဉ်များကို ပရိသတ် များပြားသလို၊ နိုင်ငံတကာ အဆင့်မီ ဖြစ်လာစေရန်နှင့် အခြား ပြည်နယ်နှင့် တိုင်းများပါ ဖမ်းယူနိုင်ရန်အတွက် ထပ်တိုးရခြင်းဖြစ်ကြောင်း ဂီတအစည်းအရုံး တာဝန်ရှိသူက ဆိုသည်။
၂ဝဝဝ ခုနှစ်မှ စတင်ကာ City FM ကို စမ်းသပ်ကြည့်ခဲ့ရာ ၂ဝဝ၂ ခုနှစ်တွင် ရန်ကုန် City FM နှင့် ၂၀၀၈ ခုနှစ် နှစ်လယ်ပိုင်းတွင် မန္တလေး City FM လိုင်းများကို စတင်မိတ်ဆက်ခဲ့ပြီး၊ သက်ဆိုင်ရာ မြို့နှစ်မြို့၏ မြို့တော် စည်ပင်သာယာရေး ကော်မတီများမှ ပိုင်ဆိုင်ကြသည်။
မန္တလေး City FM ကို Forever Group ကုမ္မဏီမှ တာဝန်ယူ ထုတ်လွှင့်ပေးသည်။
Forever Group သည် ၁၉၉၅ ခုနှစ် စတင်ကာ Graphic design, Special Effects နှင့် Data Broadcasting နည်းပညာများတွင် ဦးဆောင်လုပ်ကိုင်လာခဲ့သည့် ကုမ္ပဏီတခုဖြစ်သည်။
၂ဝဝ၁ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် MRTV 3, MRTV 4 တို့ကိုပါ ထုတ်လွှင့်လာသော ကုမ္ပဏီလည်း ဖြစ်သည်။
source by : http://www.mizzimaburmese.com/news/inside-burma/2655-city-fm-.html
City FM လိုင်း ၄ လိုင်း မကြာမီ တိုးချဲ့ ထုတ်လွှင့်မည်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment