NEJ | မကြာခင်က တဒေါ်လာလျှင် မြန်မာငွေ (၁,၀၁၀) ကျပ် ခန့်သာရှိရာမှ မတ်လ (၁၈) ရက် ညနေပိုင်းတွင် တဒေါ်လာလျှင် မြန်မာငွေ (၁,၀၅၀) ကျပ်၊ (၁,၀၆၂) ကျပ်ထိ မြင့်တက်သွားသည့်အတွက် (၃) ရက်အတွင်း မြန်မာငွေ (၅) ရာခိုင်နှုန်း ကျသွားသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်ရှိ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ရှိ ဒေါ်လာအရောင်းအ၀ယ်လုပ်သူများက ရုတ်တရက် အ၀ယ်လိုက် လာကာ ဈေးခုန်တက်ခြင်းဖြစ်သည်ဟုထင်ပြီး မည်သည့်အကြောင်းရင်းကြောင့် ဈေးတက်သည်ကို တိတိကျကျ မသိကြောင်း ပြောကြသည်။
“ကျနော်လည်း မနက်နဲ့ညနေ ကွဲသွားတဲ့ ဈေးကိုကြည့်ပြီး အံ့သြရတယ်။ ကျနော်အထင်ကို ပြောရရင် ကုန်သည် တွေများ ကစားတာလားပေါ့ဗျာ” ဟု ပွဲစား ကျော်ထွန်းအုပ်က ပြောသည်။
ဘောဂဗေဒစီးပွားရေး ပညာရှင်တဦးက သုံးသပ်ရာတွင် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းအတွက် Trading money ၀ယ်ယူသူများကြောင့် ဖြစ်နိုင်ကြောင်း ပြောသည်။
“ပို့ကုန်ပဲဖြစ်ဖြစ်၊ သွင်းကုန်ပဲဖြစ်ဖြစ် တခုခုကို ဆောင်ရွက်တော့မယ်လို့ဆိုတိုင်း ဒေါ်လာဝယ်ရပါတယ်။ ဒါကြောင့်လို့ မြင်တယ်” ဟု သူကပြောသည်။
“ဒေါ်လာဈေးက နှစ်တိုင်း ဒီလိုရာသီမှာ တက်နေကျပါ။ ဟိုတလောက ကျတယ်ဆိုတာက ခဏပဲလေ၊ မြန်မာငွေကို ဘယ်သူမှ မယုံကြည်ကြဘူး။ ဒေါ်လာက ကမ္ဘာသုံးငွေပဲ၊ ဈေးကျလည်း ခဏပဲ” ဟု ၀ါရင့် စီးပွားရေးလုပ်ငန်းပိုင်ရှင် တဦးက ပြောသည်။
ဒေါ်လာဈေးတက်သည့်အတွက် ရန်ကုန် ရွှေဈေးကွက်တွင် ယမန်နေ့က အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် (၅) သိန်း (၂) သောင်းထိ တက်လာကြောင်း ရွှေဈေးကွက်အတွင်းက သိရသည်။
“ကမ္ဘာ့ရွှေဈေးတက်နေတာပဲ၊ မြန်မာ့ရွှေဈေးကကျတယ်။ ခုမှပြန်ပြီး နည်းနည်းပိုလာတဲ့ သဘောပါ” ဟု (မဂိုလမ်း/ ရွှေဘုံသာလမ်း) ရွှေဈေးကွက်က သိရသည်။
source by : http://www.khitpyaing.org/news/march_09/19-3-09b.php
ဒေါ်လာဈေး ရုတ်တရက် မြင့်တက် မြန်မာငွေ (၅) ရာခိုင်နှုန်းကျ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment