NEJ | ထိုင်းနိုင်ငံမှ တင်ပို့သည့် လိမ္မော်သီးများတွင် (Ethion) အက်သီယွန် ဓာတုပစ္စည်းပါနေသည့်အတွက် တင်သွင်း ခွင့်မပြုတော့ကြောင်း မလေးရှားနိုင်ငံက ကြေညာသည်။
၂၀၀၈ ခုနှစ်အတွင်း မလေးရှားနိုင်သို့ အကြိမ် (၅၀) တင်သွင်းခဲ့သည့် ထိုင်းလိမ္မော်သီးများ၏ ထက်ဝက်တွင် မလေးရှား၌ ပိတ်ပင်ထားသည့် အက်သီယွန် ပိုးသတ်ဆေးများ ပါဝင်နေကြောင်း စမ်းသပ်တွေ့ရှိရသည်ဟု မလေးရှားကျန်းမာရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဟာလင်းက ပြောသည်။
အက်သီယွန် (C9H22O4P2S4) သည် အဆိပ်ပြင်းသည့် အော်ဂါနိုဖော့စဖိတ် ပိုးသတ်ဆေးဖြစ်ပြီး ထိုဆေးကို ရှူရှိုက်မိလျှင် နှာရည်ကျခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ အော့အန်ခြင်း၊ ခေါင်းမူးခြင်း၊ စသည်တို့ ဖြစ်နိုင်သည်ဟု စုံစမ်းသိရသည်။ အက်သီယွန်ကို ပြင်းပြင်းထန်ထန်ရှူရှိုက်မိပါက အသက်ရှူကျပ်ပြီး သေနိုင်သည်ဟု ဆိုသည်။
မဲဆောက်မြို့မှ (၄၅) ကီလိုမိတာ အကွာတွင်ရှိသည့် တာ့ခ်ခရိုင်၏ အကြီးဆုံး လိမ္မော်ခြံမှ နှစ်ရှည်အလုပ်သမား ခေါင်းဆောင် ကိုစောထီးကို ခေတ်ပြိုင်ကမေးမြန်းရာ “ဒီနယ်မှာ ဧကရာနဲ့ချီပြီးရှိတယ်။ ဒီကထွက်တာကို အများဆုံး ဘန်ကောက်ကတဆင့် နိုင်ငံခြားကိုပို့တာတွေရှိတယ်။ အဓိက ပျားလိမ္မော်ပို့တယ်။ စိုက်ခင်းထဲမှာ ပိုးသတ်ဆေးကို တော့ မျိုးစုံသုံးရတယ်။ အသီးပွဆေး၊ အသီးမှည့်ဆေး၊ အရောင်တင်ဆေး၊ အသီးကင်း၊ အပွင့်၊ အရွက်၊ အကိုင်း၊ ပင်စည်ကအစ အကုန်ဆေးသုံးရတယ်။ ပိုးသတ်ဆေးများလို့ ဖောက်သည်နဲ့ မိတ်ပျက်တာ ကြုံဖူးတယ်။ အဲလို ဟာတွေကိုတော့ မြန်မာဘက်ကိုပို့လိုက်တယ်။ ဒီနေ့ထိ ဘာမှမကြားသေးဘူး။ ဘန်ကောက် ကို ပုံမှန်ဆယ်ဘီးကား၊ ခြောက်ဘီးကားတွေနဲ့ ပို့နေတုန်းပဲ။ ဒီကိစ္စ ကျနော် အလုပ်ရှင်ကို ပြောပြတော့ သူတို့လည်း တော်တော်စိုးရိမ်နေပုံ ပေါက်တယ်” ဟု ရှင်းပြသည်။
source by : http://www.khitpyaing.org/news/march_09/19-3-09d.php
မလေးရှားက ထိုင်းလိမ္မော်သီးသွင်းခွင့်ပိတ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment