နိုင်ငံရေးသမား ၂၁ဝဝ ကို လွှတ်ရန် ကုလအရာရှိ တောင်းဆို

Wednesday, March 18, 2009 ·

ဇာနည်ဝင်း | မြန်မာပြည်ရှိ နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိသည့်အနက် အများစုမှာ အကျဉ်းနည်းဖြင့် လျှို့ဝှက် စစ်ဆေးခံခဲ့ရခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ အရာရှိကြီးတဦးက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ ယမန်နေ့က တင်သွင်းသည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။


လူ့အခွင့်အရေး အရာရှိ မစ္စတာ ကင်တာနာ (ဓာတ်ပုံ - အေပီ)
အဆိုပါ အစီရင်ခံစာကို ပြီးခဲ့သည့် လက မြန်မာနိုင်ငံသို့ သွားရောက် စုံစမ်း စစ်ဆေးခဲ့သော ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ် စ် အိုဟေး ကင်တာနာက ရေးသားခဲ့ခြင်း ဖြစ်သည်။

အရပ်သားများ လုပ်အားပေးနေရခြင်း၊ ထိုင်းမြန်မာနယ်စပ်တွင် မြေမြှုပ်မိုင်း များစွာ ရှိခြင်းတို့ကိုလည်း အစီရင်ခံစာတွင် တွေ့ရသည်။

ကုလသမဂ္ဂ အရာရှိ၏ အစီရင်ခံစာနောက်ပိုင်းတွင် ဖိအားပေးမှု၊ အရေးယူ မှုများ မတွေ့ရပါက အကျိုးရှိမည် မဟုတ်ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာပြည် လူ့အခွင့်အရေး အခြေအနေများကို စောင့်ကြည့် လေ့လာသူ တဦးက ပြောလိုက်သည်။

“လူ့အခွင့်အရေးကောင်စီ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အရင်ကထက် ပိုတဲ့ အရေးယူ ဆောင်ရွက်မှုတွေ၊ နအဖကို ဖိအားပေးမှုတွေ မလုပ်ဘူးဆိုရင် ဒီ အစီရင်ခံစာက အကျိုးရှိမယ်လို့ ကျနော် မထင်ဘူး” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးဌာန ညွှန်ကြားရေးမှူး ကိုအောင်မျိုးမင်းက ဧရာဝတီသို့ ပြောပြသည်။

အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်ကို ပြန်လည် သုံးသပ်ရန်လည်း တိုက်တွန်းထားသည်။ ဤသို့သော အကြံပြုချက်မျိုးကို အစီရင်ခံစာတွင် ထည့်သွင်းရေးသားခြင်းကြောင့် ယခင် လူ့အခွင့်အရေး ကိုယ်စားလှယ် ပီညဲရိုးနှင့် မစ္စတာ ကင်တာနာ၏ ချည်းကပ်ပုံများ ကွာခြားသည်ဟု ကိုအောင်မျိုးမင်းက ပြောသည်။

“မစ္စတာ ကင်တာနာက ဥပဒေပိုင်းဆိုင်ရာ ရှေ့နေတယောက် ဖြစ်တယ်။ အဲဒါကြောင့် သူ့ရဲ့ သုံးသပ်ချက်ကို ကြည့်မယ် ဆိုရင် တိုင်းပြည် တပြည်မှာ မတရား ဖမ်းဆီးမှုတွေ၊ မတရား ဖြစ်စေမှုတွေ ရှိနေသမျှ ကာလပတ်လုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ရှိဦးမှာပဲ၊ အဲဒါကို ပြုပြင်ဖို့ လိုအပ်တယ် ဆိုတဲ့ အချက်ကို သူ ထောက်ပြတာကတော့ မစ္စတာ ပီညဲရိုး နဲ့ ကွာပါတယ်” ဟု ကိုအောင်မျိုးမင်းက ဆိုသည်။

အစီရင်ခံစာတွင် နိုင်ငံရေးသမားများဘက်မှ ရှေ့နေလိုက်ပေးသူများကိုယ်တိုင် အကျဉ်းချခံရခြင်း၊ နိုင်ငံရေးအကျဉ်းသား ရာပေါင်း များစွာကို မိသားစုနှင့် လွန်စွာ ဝေးကွာသော ဒေသရှိ ထောင်များသို့ ပို့ဆောင်ခြင်း၊ မကြာသေးခင်က အကျဉ်းသား ၆၃၁၃ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည် ဆိုသော်လည်း ထိုအထဲတွင် နိုင်ငံရေးသမား ၂၉ဦးသာ ပါဝင်ခြင်း စသည့် အချက်များကိုလည်း ဖော်ပြထားသည်။

လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုကို ကြိုဆိုသင့်သော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း၂၁ဝဝ မက ဆက်လက် အကျဉ်းကျနေဆဲ ဖြစ်သောကြောင့် တိုးတက်ဖြစ်ထွန်းမှုဟု မမြင်ပါကြောင်း မစ္စတာ ကင်တာနာက အစီရင်ခံချက်တွင် ထည့်သွင်းထားသည်။

စစ်အစိုးရ သံအမတ်ကြီးတဦးကမူ မြန်မာပြည်တွင် ယုံကြည်ချက်ကြောင် အကျဉ်းကျနေသူ မရှိပါဟု ရိုက်တာ သတင်းဌာနသို့ ယနေ့ ပြောကြားလိုက်သည်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူ မြန်မာပြည်မှာ မရှိပါဘူး။ တကယ်တော့ ဒီအကျဉ်းသားတွေဟာ မြန်မာပြည်ရဲ့ လက်ရှိ ဥပဒေတွေကို ချိုးဖောက်လို့ အကျဉ်းကျနေတဲ့ သူတွေသာ ဖြစ်ပါတယ်” ဟု လူ့အခွင့်အရေး ကောင်စီ အခြေစိုက်ရာ ဆွစ်ဇာလန်ရှိ မြန်မာစစ်အစိုးရ သံအမတ်ကြီး ဦးဝဏ္ဏမောင်ဝင်းက ပြောသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=848:2009-03-17-12-38-11&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */