နယ်စပ် တံတားအသစ် ဆောက်ရန် ထိုင်း ကမ်းလှမ်း

Tuesday, March 17, 2009 ·

ဧရာဝတီ | ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားကို ထပ်မံဆောက်လုပ်ရန် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်းက မြန်မာ အစိုးရထံ အဆိုပြုထားကြောင်း အသင်းဥက္ကဌက ပြောသည်။

အဆိုပါ တံတားကို ထိုင်းနိုင်ငံ နယ်စပ် မဲဆောက်မြို့ဘက်မှ မြန်မာနိုင်ငံ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုရွာ တို့ကို ဆက်သွယ် ဖောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

ရွှေကုက္ကို ရွာသည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(ဒီကေဘီအေ) တပ်မဟာ ၉၉၉ ထိန်းချုပ်ရာ နယ်မြေဖြစ်သည်။

တာ့ခ် ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဌ Ampol Chatchiyareuk က“မြန်မာအစိုးရဘက်က သဘောတူ ညီမှုကို စောင့်ဆိုင်းနေပါတယ်၊ သဘောတူညီမှု ရရှိရင် တံတားဆောက်လုပ်ရေးကို အကောင်အထည် ဖော် မှာဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ထိုတံတားကို ထပ်မံတည်ဆောက်ရန် အဆိုပြုရခြင်းမှာ ထိုင်းနိုင်ငံအနေဖြင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတိုးမြှင့်ရန် ရည်ရွယ်သည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် စနေနေ့က မဲဆောက်မြို့၌ ထိုင်းကုန်သည်ကြီးများ အပါအဝင် မြန်မာ၊ တရုတ်၊ လော နိုင်ငံ ကုန်သည်ကြီးများ ဆွေးနွေးပွဲတွင် ယင်းအဆိုပြုချက်ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိ မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားမှာ အိုဟောင်းလာပြီ ဖြစ်ပြီး ကုန်ကားကြီးများ ဖြတ်သန်း သွားလာရန် ခက်ခဲသဖြင့် ယခုကဲ့သို့ တံတားအသစ်ကို ထပ်မံအဆိုပြုရခြင်း ဖြစ်သည်ဟုလည်း တာ့ခ် ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဌ ဆိုသည်။

မြ၀တီမြို့ရှိ ကရင်စီးပွားရေး လုပ်ငန်းရှင် တဦးက “ ဒီကေဘီအေ က ပြီးခဲ့တဲ့နှစ်ကတည်းက သူတို့အစီအစဉ် ရှိထားပုံရပါတယ်။ ရွာ(ရွှေကုက္ကို-သင်္ဃန်းညီနောင်)ဘက်ထဲက ကုန်သွယ်ရေးလမ်းတွေကိုလည်း သူတို့ ဆောက်ထားပြီးပါပြီ။ ကျနော့်ကိုတောင် ဒီဘက်မှာ စီးပွားရေး အခြေချဖို့ မြေဝယ်ဖို့ ပြောပါတယ်” ဟုဆို သည်။

တံတားဆောက်ရန်အချိန်ကြာမြင့်စွာကပင် ပြောဆိုထားသော်လည်း ယခုအချိန်အထိ မဆောက်လုပ်သေး သဖြင့် ၎င်းအနေနှင့် မြေမ၀ယ်ဖြစ်သေးကြောင်းလည်း ကရင်စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။

တာ့ခ်ခရိုင် ကုန်သည်ကြီးများ အဆိုအရ မဲဆောက် - မြ၀တီ နယ်စပ် ကုန်သွယ်ရေးမှာ တလလျှင် ထိုင်း ဘတ်ငွေ ၁ ဘီလီယံ ၀န်းကျင်ရှိ သည်ဟုလည်း သိရသည်။

ယခုအသုံးပြုနေသော မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကို ၁၉၉၇ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီးနောက် ၂ နိုင်ငံ နယ်စပ် ကုန်သွယ်ရေး တရားဝင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြဝတီမြို့ကို ၂ နိုင်ငံ နယ်စပ် စီပွားရေးဇုန် အဖြစ် တိုးချဲ့ရန် မျှော်လင့် ထားကြောင်း လည်းသိရသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=842:2009-03-16-12-42-12&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */