စစ်အစိုးရဝန်ကြီးချုပ်နှင့် အင်ဒိုနီးရှားသမ္မတ တွေ့ဆုံ

Tuesday, March 17, 2009 ·

ဇာနည်ဝင်း | ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် အင်ဒိုနီးရှားနိုင်ငံသို့ ယနေ့ရောက်ရှိသွားရာ နှစ်နိုင်ငံ ဆက်ဆံမှု တိုးမြှင့်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို နှင့် ဆွေးနွေးခဲ့သည်ဟု သိရသည်။


ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုတို့ကို ဂျကာတာမြို့ မာဒေးကား နန်းတော်တွင် ယနေ့အတူ တွေ့ရစဉ် (ဓာတ်ပုံ-အေပီ)

“ဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေ အကြောင်းလည်း ပါဝင်နိုင်ချေ ရှိပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သူ Teuku Faizasyah က အင်ဒိုနီးရှားတွင် ထုတ်ဝေသော ဂျကာတာဂလုပ်ဘ် သတင်းစာသို့ ပြောကြား လိုက်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရိုဟင်ဂျာများ အင်ဒိုနီးရှား ကမ်းခြေသို့ လှေဖြင့်ရောက်သွားကြရာ ယခုအခါ အင်ဒိုနီးရှားတွင် ရိုဟင်ဂျာ ၄ဝဝ ခန့် သောင်တင်လျက်ရှိသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ခရီးစဉ် မစတင်မီ ရက်ပိုင်းအလိုတွင် အမေရိကန် သမ္မတ ဘရက်အိုဘားမား က အင်ဒိုနီးရှား သမ္မတ သို့ တယ်လီဖုန်းဆက်ပြီး မြန်မာပြည် ဒီမိုကရေစီ အရေး နှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်ကောင်း မွန်စေရေးနှင့် ပတ်သက်၍ ပြောဆိုခဲ့သည်ဟု သတင်းများတွင် ရေးသားထားသည်။

ပြီးခဲ့သည့်လအတွင်းကလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၏ အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးမှုများ ရှိခဲ့သည်။

၂ဝဝ၄ ခုနှစ်က ရန်ကုန်ရှိ အင်ဒိုနီးရှားသံရုံး၏ တယ်လီဖုန်းလိုင်း ကြားဖြတ် ခိုးယူ နားထောင်ခံရသည် ဟူသော သတင်း များ ပေါ်ထွက်ခဲ့သည်။ သို့သော်လည်း စစ်အစိုးရနှင့် အင်ဒိုနီးရှားအစိုးရ၏ ဆက်ဆံရေး ထိခိုက်မှုများကို မတွေ့ခဲ့ရပေ။ အင်ဒိုနီးရှား သမ္မတသည် မြန်မာနိုင်ငံသို့ ၂ဝဝ၆ ခုနှစ်တွင် တရားဝင် သွားရောက် လည်ပတ်ခဲ့သည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ယခုခရီးစဉ်သည် စစ်အစိုးရနှင့် အင်ဒိုနီးရှား ဆက်ဆံရေး ကောင်းမွန်နေပုံကို ပြဆိုကြောင်း အင်ဒိုနီးရှား တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူ ဘာတန်တို ဘန်ဒိုရိုက ဂျကာတာပို့စ် သတင်းစာသို့ ပြောလိုက်သည်။

“စစ်အစိုးရက အင်ဒိုနီးရှားကို မိတ်ဆွေကောင်းတယောက်လို သဘောထားပါတယ်။ မိတ်ဆွေတယောက်အနေနဲ့တော့ အင်ဒိုနီးရှား သမ္မတက ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းတွေ အရှိန်မြှင့်ဖို့ တိုက်ရိုက် နားချနိုင်ပါတယ်။ လူ့အခွင့် အရေး ကို လေးစားဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပါ ဆိုပြီး ဗိုလ်ချုပ်ကြီးသိန်းစိန် စိတ်မကွက်အောင် ပြောနိုင်မှာ ဖြစ်ပါတယ်” ဟု မစ္စတာ ဘာတန်တိုက သုံးသပ်သည်။

စစ်အစိုးရ ဝန်ကြီးချုပ်၏ ခရီးစဉ်သည် အင်ဒိုနီးရှား၏ အထွေထွေ ရွေးကောက်ပွဲကာလနှင့်လည်း တိုက်ဆိုင်နေသည်။

ဤခရီးစဉ်သည် မြန်မာ့ဒီမိုကရေစီအရေးအတွက် ထူးခြားမှုများ ဖြစ်ပေါ်လာမည်မဟုတ်ဟု ဂျကာတာမြို့အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော Human Rights Working Group မှ ညှိနှိုင်းရေးမှူး မစ္စတာ ရာဖန်ဒီ ဂျမင်က ပြောကြားလိုက်သည်။

“အင်ဒိုနီးရှားမှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာကြောင့် မြန်မာအစိုးရက ဒီမိုကရေစီအရေးအတွက် လာ လေ့ လာနေတာပါလို့ ကမ္ဘာကို ပြောလို့ရပြီပေါ့” ဟု မစ္စတာ ရာဖန်ဒီ ဂျမင်က ဂျကာတာပို့စ်သတင်းစာသို့ ပြောလိုက်သည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်၏အဖွဲ့တွင် ဝန်ကြီးငါးဦး၊ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စုစုပေါင်း ၄၅ ဦး ပါဝင်ကြောင်း သိရသည်။ ဤအဖွဲ့သည် ယခု ခရီးစဉ်အတွင်း စင်္ကာပူနိုင်ငံသို့လည်း သွားရောက်ကြမည်ဖြစ်သည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=841:2009-03-16-12-11-01&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */