NEJ | အိန္ဒိယနိုင်ငံ နယူးဒေလီမှ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး နေ၀င်း (DSA အပတ်စဉ် ၂၀) ကို အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ မြန်မာသံရုံး သံရုံးယာယီတာဝန်ခံအဖြစ် ပြောင်းရွှေ့ရန် အလားအလာရှိသည်ဟု သံတမန် အသိုင်းအ၀ိုင်းတွင် ပြောဆိုနေသည်။
ဝါရှင်တန် မြန်မာသံရုံး ယာယီတာဝန်ခံ ဒု-ဗိုလ်မှူးကြီး မြင့်လွင်နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ ပြောရာတွင် “သံရုံးယာယီ တာဝန်ခံ ဒု-ဗိုလ်မှူးကြီး မြင့်လွင်နဲ့ ဦးကျော်ဝင်းတို့ နှစ်ဦးက မတည့်ကြဘူး၊ မြင့်လွင်က ကြာပြီ ဖြစ်တဲ့အတွက် မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး နေ၀င်းနဲ့ လဲမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ စစ်သံမှူးမှာ ဗိုလ်မှူးကြီး တင်အောင်ဖြစ်ပြီး အမေရိကန်အစိုးရရဲ့ သဘောဆန္ဒအရ မြန်မာနိုင်ငံကို သံအမတ်ကြီး အဆင့်ပေးဖို့ အရင်က ငြင်းပယ်ခဲ့တဲ့ အစဉ်အလာရှိပါတယ်။ သံအမတ်ကြီး ဗိုလ်မှူးကြီး ၀ဏ္ဏအောင်လွင်ကို အရင်က နအဖက အဆိုပြုခဲ့ ပေမယ့် အမေရိကန်အစိုးရက ငြင်းပယ်တာမို့ ဂျီနီဗာ သံအမတ်ကြီးအဖြစ် လွှဲပြောင်းတာဝန်ပေးအပ်ခဲ့တဲ့ သာဓကရှိပါတယ်။ ကိုနေ၀င်းကို ယူနီဖောင်းချွတ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောင်းပြီး အမေရိကန် နိုင်ငံ ဆိုင်ရာ ဗမာနိုင်ငံ သံရုံးယာယီတာဝန်ခံအဖြစ် ပေးနိုင်ပါတယ်” ဟု ပြောသည်။
မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး နေ၀င်းသည် စစ်ဦးစီး ဗိုလ်မှူးကြီး (လေ) ဖြစ်ပြီးမှ စစ်ဦးစီး အရာရှိချုပ် (လေ) မဖြစ်တော့ဘဲ စစ်သံမှူးအဖြစ် လွင့်သွားခြင်း ဖြစ်သည်ဟု ၎င်းနှင့် တပတ်စဉ်တည်းဆင်း အရာရှိဟောင်းတဦးက ပြောသည်။ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးတွင်ရှိသည့် ယခင် မဆလ အတွင်းရေးမှူး ဦးထွေးဟန်၏ သမက် ဦးကျော်ဝင်း ကို ထိန်းရန်အတွက် ဗိုလ်မှူးကြီး နေ၀င်းကို သံရုံးယာယီ တာဝန်ခံ ပေးရန် ရွေးချယ်ခြင်း ဖြစ်နိုင် ကြောင်းလည်း ထင်မြင်ချက်ပေးသည်။
ဒု-ဗိုလ်မှူးကြီး မြင့်လွင်မှာ နှစ်ကြာလာပြီး အင်္ဂလိပ်စာ မကျွမ်းကျင်ဘဲ ဖြစ်နေသည့်အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်သည့် ဗိုလ်မှူးကြီး နေ၀င်းကို သံအမတ်ဟောင်း ဦးလင်းမြိုင်နှင့်တွဲပြီး Lobby လုပ်ချင်စေလိုသည့် အတွက်ကြောင့် ပြောင်းလဲရန် ဖြစ်နိုင်ကြောင်း သံတမန်သတင်းရပ်ကွက်က ပြောသည်။
source by : http://www.khitpyaing.org/news/march_09/10-3-09b.php
နယူးဒေလီ မြန်မာစစ်သံမှူး ၀ါရှင်တန်သံရုံး ယာယီတာဝန်ခံဖြစ်ဖို့များ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment