မြန်မာပြည်တွင် ပိဿာစနစ်ဖြင့်သာ ရောင်းဝယ်ရတော့မည်

Tuesday, March 10, 2009 ·

မဇ္ဈိမ | ရန်ကုန်။ ။ နိုင်ငံတ၀ှမ်း ကုန်စည်ရောင်းဝယ်ရေး လောကတွင် ဧပြီလဆန်းမှ စတင်၍ အလေးချိန် ချိန်တွယ်ရာ၌ ပိဿာစနစ်ဖြင့်သာ တပြေးညီ လုပ်ဆောင်ရတော့မည်ဟု ကုန်သည်ကြီးများအသင်းက ထုတ်ပြန်လိုက်သည်။

ကုန်စည်ဒိုင်များသည် ရောင်းဝယ် ဖောက်ကားရာတွင် အလေးချိန်ကို နေရာဒေသအလိုက် ပိဿာ၊ တင်း၊ တောင်း များဖြင့် ချိန်တွယ်နေရာမှ ပိဿာစနစ်ဖြင့် တူညီစွာ ဆောင်ရွက်ကြရန် ရန်ကုန်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ဤအကြောင်းကို UMFCCI မှ အထွေထွေ အတွင်းရေးမှူး ဦးစိန်ဝင်းလှိုင်က ပြောပြသည်။

လက်ရှိတွင် စပါး၊ ပဲ၊ နှမ်း၊ ကြက်သွန် စသည့် ကုန်စည်များ အဓိက အရောင်းအ၀ယ်လုပ်ရာ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူနှင့် မုံရွာမြို့တွင် ကုန်စည်ဒိုင်ကြီး ၁၁ ခုနှင့် ဒိုင်ငယ်ပေါင်း မြောက်မြားစွာ ရှိနေသည်။

သူတို့သည် ပိဿာ၊ တင်း၊ တောင်းစနစ် စသည့် ပုံစံအမျိုးမျိုးဖြင့် ရောင်းဝယ်လျက် ရှိသည်။

တနိုင်ငံလုံး ပိဿာစနစ်သို့ ပြောင်းလိုက်သော်လည်း ထိုစနစ်မှာ နိုင်ငံတကာတွင် အသုံးပြုသည့် ပုံစံမျိုး မဟုတ်သေးကြောင်း ရန်ကုန်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲကုန်သည်တဦးက ယခုလို ပြောသည်။

"နိုင်ငံတကာမှာတော့ တန်နဲ့ပဲ အရောင်းအ၀ယ် လုပ်ပါတယ်။ ကုန်စည် အရောင်းအ၀ယ်တွေ ထိုင်းနေတဲ့ အချိန်မှာ ကုန်သည်တွေ အနေနဲ့ကတော့ အခုလို အလေးချိန် တနေရာနဲ့ တနေရာ ကွာဟမှုကနေပြီး အမြတ်အစွန်း ရတာမျိုးတွေလည်း ရှိပါတယ်'' ဟု သူက ဆိုသည်။

အလေးချိန် တိုင်းတာပုံကို တပြေးညီ သတ်မှတ်ရေးအတွက် နိုင်ငံတ၀န်းရှိ ကုန်စည်ဒိုင်များမှ တာဝန်ရှိသူများနှင့် UMFCCI အသင်းချုပ်သည် အကြိမ်ကြိမ် ညှိုနှိုင်းခဲ့ပြီး ဖြစ်သည်။

ယခုနှစ် ဇန်န၀ါရီ ၂၇ ရက်နေ့က အသင်းချုပ်ရုံး၌ ကျင်းပခဲ့သည့် ကုန်စည်ဒိုင် တာဝန်ရှိသူများ ဆွေးနွေးပွဲကျမှ ပိဿာဖြင့် သတ်မှတ်သွားကြရန် စတင်၍ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

source by : http://www.mizzimaburmese.com/news/inside-burma/2580-2009-03-10-07-51-45.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */