စားသောက်ကုန်လုပ်ငန်းကြီး အရှုံးပေါ်

Thursday, March 19, 2009 ·

NEJ | စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ စားသောက်ကုန်လုပ်ငန်းဌာနကြီး အရှုံးပေါ်ပြီး တွက်ခြေမကိုက်တော့သည့် အတွက် အဆိုပါဌာန ဦးဆောင်ညွှန်ကြားရေးမှူးရာထူးကို စစ်ဗိုလ်မထားတော့ဘဲ အရပ်သားကိုသာ ၀န်ကြီး ဦးအောင်သောင်းက ရာထူးတိုးပေးထားသည်ဟု စုံစမ်းသိရသည်။

စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ရှိ စားသောက်ကုန်လုပ်ငန်းမှ စီးကရက်စက်ရုံ၊ ဘီယာစက်ရုံနှင့် သကြားစက်ရုံ များကို ပုဂ္ဂလိကမှ လွှဲယူတော့မည်ဖြစ်သည်။ လက်ကျန် အခြားစက်ရုံသေးများမှာ စီးပွားရေးအရ တွက်ခြေမကိုက် သည့် စက်ရုံများသာဖြစ်သဖြင့် စားသောက်ကုန်လုပ်ငန်းဌာနကြီး ပြိုလဲလုနီးပါးဖြစ်နေသည်ဟု စက်ရုံမှူးတဦးက ပြောသည်။

ရန်ကုန်စီးကရက် စက်ရုံအမှတ် (၂) လှိုင်မြို့နယ်အား လက်ရှိဝန်ထမ်း (၆ဝဝ) ကျော်နှင့်အတူ ပုဂ္ဂလိကလက် လွှဲပြောင်းရာ ပုဂ္ဂလိကမှ ဝန်ထမ်း (၂ဝဝ) ကျော်သာ လက်ခံသည်ဟု ၀န်ကြီးဦးအောင်သောင်း၏ လက်ထောက် တဦးက ပြောသည်။ ကျန်ဝန်ထမ်း (၂ဝဝ) ကျော်ကို မြန်မာ့စားသောက်ကုန်လုပ်ငန်းလက်အောက်ရှိ စက်ရုံအချို့သို့ အရေးပေါ်ပြောင်းရွှေ့ပြီး ကျန် (၁၇ဝ) ခန့်မှာ အသက်ကြီးဝန်ထမ်းများဖြစ်သည့်အတွက် စက်မှု (၁) ရှိ အခြားစက်မှု လုပ်ငန်းများက လက်မခံလိုသဖြင့် အဆိုပါဝန်ထမ်းများ အလုပ်ပြုတ်လုနီးပါး ဖြစ်နေသည်ဟုလည်း ပြောသည်။

စားသောက်ကုန်လုပ်ငန်းဌာနကြီး ယခုကဲ့သို့ ယိမ်းယိုင်နေချိန်တွင် လစ်လပ်သည့် ဦးဆောင်ညွှန်ကြားရေးမှူး ရာထူးအား စစ်ဗိုလ်များကို မပေးတော့ဘဲ အရပ်သား ဓာတုအင်ဂျင်နီယာ ဒေါက်တာ ချိုဝင်းမော်အား ၀န်ကြီး ဦးအောင်သောင်းက ရာထူးတိုးပေးခဲ့သည်။ သဘောမှာ နောင်တက်မည့် အရပ်သားအစိုးရသို့ လွှဲချိန်တွင် အရပ်သား ဒေါက်တာ ချိုဝင်းမော်လက်ထက်ကျမှ စားသောက်ကုန်လုပ်ငန်းဌာနကြီး ပြိုလဲသွားရသည်ဆိုသည့် အဖြစ်မျိုးရောက်ရန် ဦးအောင်သောင်းက ကြံစည်ခြင်းဖြစ်သည်ဟု နေပြည်တော် ၀န်ကြီးဌာနတခုလုံးရှိ အရာထမ်းများ ပြောဆိုနေသည်။

ထိုအတောအတွင်း စက်မှု (၁) အပါအဝင် ၀န်ကြီးဌာနပေါင်းစုံမှ နိုင်ငံစီမံကိန်းများကို ၂ဝ၁ဝ မတိုင်မီပြီးရန်၊ စီမံကိန်း များအနက် အရေးမကြီးသော စီမံကိန်းများအား လာမည့်နှစ် ၂ဝဝ၉-၂ဝ၁ဝ တွင် ငွေလုံးငွေရင်း အသုံးစရိတ်များ (၂ဝ) ရာခိုင်နှုန်းအထိ ဖြတ်နေသည့်ပြင် မလုပ်သင့်တော့သည့် စီမံကိန်းများအား စိစစ်နေသည်ဟု စုံစမ်းသိရသည်။

ဝန်ကြီးဌာနများအပေါ် နအဖက ဖိအားပေးနေချိန်တွင် ၀န်ကြီး ဦးအောင်သောင်းကလည်း အရာရှိများအား ဖိအားပေးနေကြောင်း အရာရှိတဦးက ပြောသည်။

၎င်းက “၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်ကုန်ခါနီးတာမို့ စက်မှု (၁) ဝန်ကြီးမှ လုပ်ငန်းများကို လုံးဝလစ်ဟာမှုမရှိစေရန်၊ ကလီကမာမလုပ်ကြရန်၊ ဉာဏ်မများကြရန်၊ သူပြောတာနာခံမှုမရှိရင် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ခိုင်းတာမလုပ်ချင်ရင် အာဏာရုပ်သိမ်းခံရမယ်။ သူ့အနေနဲ့ By Force မလုပ်ချင်ဘူး။ သူ့ကွယ်ရာမှာ သူရဲကောင်း လုပ်နေ၍မရ။ သတ္တိရှိရှိ၊ အရည်အချင်းရှိရှိ၊ ယုံကြည်ချက်၊ ခံယူချက်နဲ့ ကြိုးစားလုပ်ကိုင်ပါ။ မလုပ်ကိုင်ရင် တစုံတရာ ဖိအားပေးခံရမယ်၊ အဲသလို ခံရရင် ကိုယ်အလုပ်မလုပ်တာ မနာခံတာကြောင့်ဆိုတာ နားလည်ပါ။ အမေမွေးကတည်းက ရာထူးကပ်ပါလာခြင်းမဟုတ်ဘူး၊ ပေါ့ပေါ့လျော့လျော့လုပ်လို့မရ၊ ဇီဇာကြောင်၍မရ၊ သူ့အနေနဲ့ မပြောချင်လို့ မပြောတာကို “အ” တယ်လို့ မထင်ကြနဲ့ ဆိုပြီး အမိန့်တွေ ဆက်တိုက်ထုတ် ဖိအားပေး တာပါပဲ” ဟု ပြောသည်။

ဝန်ကြီးဦးအောင်သောင်း ဆေးကုသမှုခံယူရန်အတွက် လောလောဆယ် စင်ကာပူနိုင်ငံသို့ ရောက်နေသည်ဟု ဦးအောင်သောင်း၏ လက်ထောက်တဦးက ပြောသည်။

source by : http://www.khitpyaing.org/news/march_09/17-3-09e.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */