လေလံပစ်ယာဉ်များကြောင့် ပြင်ပကားဈေးကွက်ပျက်

Thursday, March 19, 2009 ·

အောင်ထက် | အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဗဟိုစက်ပစ္စည်းနှင့် စာရင်းအင်း ထိန်းသိမ်းမှု ဦးစီးဌာမှ ဖမ်းဆီးထိန်းသိမ်းထားသော လိုင်စင်မဲ့ Without ယာဉ်များ တဖက်နိုင်ငံခိုး ကားများကို လေလံတင်ရောင်းချနေသည့်အတွက် ပြင်ပကား အရောင်းအ၀ယ်ဈေးကွက် လုံးဝပျက်နေကြောင်း သိရသည်။

“အခုလေလံပစ်နေတယ်ဆိုတာ နယ်စပ်က အလကားနီးပါးရတဲ့ကားတွေ ပြန်ရောင်းတာကို စီးပွားရေးသမားတွေ ဆွဲကြမှာပဲ။ လေလံဝင်တဲ့သူတွေကလည်း နအဖပတ်သက်ရာပတ်သက်ကြောင်းတွေပဲ။ ကျသင့်ခွန် တခါတည်းပေး သွင်းရတော့ ငွေဖြူငွေမည်း ပြဿနာလည်း ကင်းသွားတယ်။ အခွန်၊ လိုင်စင်၊ ၀ှီးတက်၊ ကြိုက်တဲ့မြို့နယ် ဆီဖြည့် အားလုံးအပြီးအစီးရတယ်။ တခါတလေ သူတို့ လေလံဈေးတွေက အပြင်ပေါက်ဈေး ထက်တောင် များနေသေး တယ်။ မများတောင် Level ရှိတယ်။ Toyota Mark II တို့။ Mitsubishi Pajero တို့ဆို အပြင်ဈေးထက် များနေ တယ်။ လားရှိုးလေလံပွဲတုန်းက…။ အခု စက်မှု (၂) က ပစ်တဲ့ Pajero (၄၇၀) သိန်းဆိုတာ ခု ကားဈေးတန်းမှာ လုံးဝမရှိတဲ့ဈေး။ ၂၀၀၈ Double Cap (တရုတ်ကား) ဆို လိုင်စင်ရုံး သိန်း (၇၀) ပေးလိုက် အကုန်အပြီးအစီး ရတယ်။ Hilux ပုံမျိုး တရုတ်ပြည်က ခိုးဝင်တာ” ဟု လေလံပွဲ တက်ရောက်ခဲ့သူ တဦးက ဆိုသည်။

လေလံပွဲများကို မန္တလေး၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ မော်လမြိုင်မြို့တို့တွင် အလှည့်ကျကျင်းပနေပြီးလျှင် ယခုအခါ ၁/ဂ (ဂငယ်) ယာဉ်များ လေလံတင်ပြီးစီးသွားပြီဖြစ်၍ ယာဉ်စီးရေ (၄,၀၀၀) ကျော်ရှိသွားပြီ ဖြစ်ကြောင်း၊ သက်ဆိုင် ရာဌာနကို ငွေ (၂) သောင်း ပေးလိုက်ပါက လိုချင်သည့် လိုင်စင်နံပါတ် ရနိုင်ကြောင်း၊ မပေးပါက ၎င်းတို့ချပေးသော နံပါတ်သာရကြောင်း၊ လေလံပွဲမစတင်မီ ကားများ ပြသထားသော်လည်း လေလံအောင်ပြီး ကားဆွဲယူပါက မူလပစ္စည်းအတော်များများ ပါလာသည်ကိုမတွေရကြောင်း၊ အပိုပစ္စည်း ပါမလာတော့ကြောင်းကိုလည်း မည်သူ့ကိုမှ မပြောရဲကြောင်း၊ မကြာမီရက်ပိုင်း ၂/ဂ (ဂငယ်) များ လေလံပစ်ဦးမည် ဖြစ်ကြောင်း လေလံကားတချို့ကို ၀ါယာရင်းကိုင်ပေးသူ ဆရာတဦးက ဆိုသည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို ဦးပိုင်က ချုပ်ကိုင်ထားတယ်။ ခုလည်း မက်စ်ဇော်ဇော်အပါအ၀င် မြန်မာဘောလုံး အသင်းပိုင်ရှင် (၈) ယောက်ကို ကားပါမစ်တွေ ချပေးဦးမယ်တဲ့။ လေလံပွဲတွေမှာ နအဖနဲ့ ပလဲပနံသင့်သူတွေ ကြိတ်ကြိတ်တိုးနေတော့ နအဖလူကြီးတချို့စုပြီး ခိုးကားတွေ ၀ယ်သွင်းနေကြတယ်လည်း ကြားတယ်။ ကျနော်တို့ လုပ်ငန်းရှင် အငယ်တွေနဲ့ ပြည်သူတွေ ဘာလုပ်ကိုင် စားရတော့မှာလည်း” ဟု ကားဝယ်ရောင်း တဦးက ဆိုသည်။

source by : http://www.khitpyaing.org/news/march_09/18-3-09b.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */