ဒေါ်စု၏အကျယ်ချုပ် တရားမဝင်ဟု ကုလ ဆုံးဖြတ်

Tuesday, March 24, 2009 ·

ဧရာဝတီ | ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား အကျယ်ချုပ် ချထားခြင်းမှာ မြန်မာပြည်တွင်း ဥပဒေများနှင့် ညီညွတ်ခြင်းမရှိဟု ကုလသမဂ္ဂ၏ လုပ်ငန်းအဖွဲ့ တခုက ကြေညာ လိုက်သည်။

တရားမဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း ဆိုင်ရာ လုပ်ငန်းအဖွဲ့ (WGAD)က ထိုသို့ ကြေညာလိုက်ခြင်း ဖြစ်သည်ဟု ဝါရှင်တန်မြို့တော် အခြေစိုက် Freedom House အဖွဲ့က ယနေ့ ပြောကြား လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ကြေညာချက်တွင် တောင်းဆိုထားသည်။

“ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ပြီး အကျယ်ချုပ်ချ ထိန်းသိမ်းထားခြင်းမှာ တရားမျှတခြင်း မရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၏ အပိုဒ် ၉၊ ၁ဝ၊ ၁၉ တို့နှင့် ဆန့်ကျင်နေကြောင်း၊ မြန်မာပြည်တွင်း ဥပဒေများနှင့်လည်း ကိုက်ညီမှု မရှိကြောင်း” WGAD၏ ကြေညာချက်တွင် ရေးသားထားသည်။

WGAD သည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ လွတ်လပ်သည့် ဌာနခွဲတခုဖြစ်သည်။ ချီလီ၊ ပါကစ္စတန်၊ ရုရှ၊ ဆီနီဂေါ၊ စပိန် စသည့် နိုင်ငံများမှ ကျွမ်းကျင်သူများ ပါဝင်သည့် လုပ်ငန်းအဖွဲ့ဖြစ်သည်။

ယခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီး ၄ ကြိမ် တိတိ ဆုံးဖြတ် ကြေညာခဲ့ပြီး ဖြစ်သည်။ ထို ၄ ကြိမ်စလုံးတွင် ဒေါ်စုအား ထိန်းသိမ်းမှုမှာ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း ယခုတကြိမ်တွင်မူ အဆိုပါ ထိန်းသိမ်းမှုမှာ မြန်မာပြည်တွင်း ဥပဒေများနှင့်လည်း ကိုက်ညီမှုမရှိဟု ပထမဆုံးအကြိမ် ထုတ်ဖော် ကြေညာလိုက်ခြင်းဖြစ်သည်။

ဒေါ်စုသည် ပြီးခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကြာ ချုပ်နှောင်ခံထားရသည်။

“မြန်မာအာဏာပိုင်တွေက ပြည်တွင်း ဥပဒေရော နိုင်ငံတကာဥပဒေတွေကိုပါ သိသိသာသာကြီး ဆက်တိုက် ချိုးဖောက်နေတာ တကယ့်ကို စိတ်မကောင်းစရာဘဲ” ဟု WGAD သို့ ဒေါ်စု၏ အမှုတွဲကို တင်ပြခဲ့သည့် ရှေ့နေ မစ္စတာ Jared Genser က ဧရာဝတီသို့ ပြောပြသည်။

“အရင်တုန်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုတို့က ဒေါ်စု လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ပြီးပြီ။ စစ်အစိုးရက မျက်နှာပြောင်တိုက်နေတာကို နိုင်ငံတကာက ဘယ်လောက်ကြာအောင် သည်းခံနေဦးမှာလဲလို့ပဲ မေးစရာ ကျန်တော့တယ်” ဟု ၎င်းက ဆက်လက် ပြောကြားလိုက်သည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=875:2009-03-24-12-35-40&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */