အမျိုးသမီးများ အပေါ် စော်ကား မော်ကား ပြုလုပ်သော စစ်သား နှစ်ဦးကို ရဟန်းတော်များက ကြိုးနှင့် တုတ်ပြီး ဆုံးမ

Tuesday, March 24, 2009 ·

နိရဉ္စရာ | ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဒေသခံ ခမီးအမျိုးသမီးနှစ်ဦး အပေါ် စော်ကား မော်ကား ပြုမူ ဆက်ဆံခဲ့သော နအဖ စစ်သား (၂) ဦးကို ရဟန်းတော်များက လက်ကို ကြိုးနှင့် တုတ်ပြီး ဆုံးမခဲ့ကြသည်ဟု ရဟန်းတော် တပါးက ပြောသည်။

“ ဦးဇင်းတို့က စစ်သားဘဲ ဖြစ်ဖြစ် ဘယ်သူဘဲ ဖြစ်ဖြစ် မတရား လုပ်တာကို မကြိုက်ဘူး။ သူတို့က အရက်မူးပြီး အလှူပွဲမှာ ခုလို ခမီးအမျိုးသမီးငယ် နှစ်ဦးကို ဆွဲလား ရမ်းလား လုပ်တော့ ဦးဇင်းတို့လည်း မခံချင်တာနဲ့ နှစ်ဦးစလုံးကို ဖမ်းချုပ်ပြီး လက်တွေကို ကြိုးနဲ့ တုတ်ပြီး ရိုက်နှက် ဆုံးမလိုက်ရတယ်။ တညဉ့်တိတိ ဘုန်းတော်ကြီး ကျောင်းမှာ ချည်နှောင်ထားလိုက်ပြီး နောက်တနေ့ကျမှ ဆရာတော် တပါးက အသနားခံတဲ့ အတွက် သူတို့နှစ်ဦးကို လွှတ်ပေးလိုက်တယ်။” ဟု ပြောသည်။

ခမရ ၂၈၉ မှ စစ်သားနှစ်ဦးမှာ အရပ်ဝတ်နှင့် များမကြာမှီက ရွှေပြည်သိမ် ဓမ္မာရုံရေစက်ချပွဲသို့ ရောက်ရှိလာပြီး အရက်သောက်စားပြီး ခမီးအမျိုးသမီးငယ်နှစ်ဦးအား လူမူရေးအရ စော်ကားမူများ ပြုလုပ်ခဲ့သည်။

အဆိုပါ ရေစက်ချပွဲတော်သို့ ရောက်ရှိလာသော ရဟန်းတော်များမှ စစ်သားများအား အမျိုးသမီးများကို စော်ကားမူများ မပြုလုပ်ရန် တားမြစ်ခဲ့သော်လည်း မရရှိသည့် အပြင် ရဟန်းတော်များကိုပါ စော်ကားလာသဖြင့် နောက်ဆုံးတွင် ၀ိုင်းဝန်းရိုက်နက်ပြီး တညဥ့်လုံး ချုပ်နှောင်ထားခဲ့ရသည်။

“ သူတို့ဘက်က လွန်နေတဲ့အတွက် အထက် စစ်တပ် အရာရှိတွေကလည်း ဦးဇင်းတွေကို ဘာမှ မပြောရဲဘူး။ လာပြောရင်လည်း ပြဿနာ ဆက်တက်မှာကို သိတော့ သူတို့လူကိုဘဲ သူတို့ ဆုံးမတယ်လို့ သိရပါတယ်။ ဒေသခံ လူထုတွေက ဦးဇင်းတွေရဲ့ လုပ်ရပ်အပေါ် ၀မ်းသာနေကြပါတယ်။” ဟု ပြောသည်။

ပလက်ဝမြို့နယ် အပါအ၀င် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် တလျောက်တွင် နေထိုင်သော တောင်ပေါ် တိုင်းရင်းသားများ အပေါ် နအဖ စစ်တပ်မှ မကြာခဏ ယခုကဲ့သို့ နိုင်ထက် စီးနှင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

source by : http://www.narinjara.com/detailsbur.asp?id=1745

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */