ကြံ့ဖွံ့အမတ်လောင်း ဗိုလ်မှူးချုပ်အောင်သိန်းလင်း တောင်ဥက္ကလာမှာ မဲဆွယ်ဖို့ ကတ္တရာလမ်းခင်း

Friday, March 13, 2009 ·

အောင်ထက် | ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်ရှိ လမ်းအချို့အား ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးအသင်းမှ နိုင်လွန်ကတ္တရာ လမ်းခင်းခြင်းလုပ်ငန်းကို မတ် (၇) ရက်နေ့ကတည်းက စတင်ခဲ့သော်လည်း မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် တောင်ဥက္ကလာပမြို့နယ် ကိုယ်စားပြု ပြည်ခိုင်ဖြိုးအသင်းမှ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် မဲဆွယ်ဖို့အတွက် ကြိုတင်ပြင်ဆင်ခြင်းသာဖြစ်သည်ဟု စုံစမ်းသိရသည်။

ရန်ကုန်မြို့တော်ဝန်အဖြစ် ဗိုလ်မှူးချုပ် အောင်သိန်းလင်း တာဝန်ယူခဲ့ချိန် (၇) နှစ် (၈) နှစ် ကာလအတွင်း တောင်ဥက္ကလာပမြို့နယ်တွင်း (၆) ရပ်ကွက်၊ အင်းဝလမ်းနှင့် မိဂသီ (၂၂) လမ်း၊ (၂၁) လမ်း (အထက်) လမ်းများအား ပြည်ခိုင်ဖြိုး၏ ပံ့ပိုးမှုဖြင့် စတင် လမ်းခင်းပေးခြင်း ဖြစ်ကြောင်း၊ မြို့နယ်တွင်း ရပ်ကွက် အသီးသီးမှ လမ်းသွယ်အားလုံးတို့သည် ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းများသာဖြစ်ကြောင်း သိရသည်။

ပေ (၁,၀၀၀) ကျော် ရှိမည့် အဆိုပါ လမ်းခင်းရာတွင် လမ်းခင်းကျောက် (၄၁) ကျင်းနှင့် အရပ်ရပ် ကုန်ကျငွေ သိန်း (၁၂၀) ခန့် မှန်းထားပြီး မတ်လကုန်အပြီး လမ်းခင်းပေးမည်ဖြစ်သည်။ ပြည်ခိုင်ဖြိုး၏ ထောက်ပံ့ငွေနှင့် မြို့နယ်စည်ပင်မှ တာဝန်ယူမည်ဖြစ်ပြီး ကတ္တရာလမ်းမခင်းမီ အုတ်စီရေဆိုးမြောင်းများ ဦးစွာဆောက်လုပ်ရန် မြို့တော်ဝန်မှ ကွင်းဆင်းစစ်ဆေးစဉ် ညွှန်ကြားခဲ့ကြောင်း သိရသည်။

အုတ်စီရေဆိုးမြောင်းများ ဖောက်လုပ်ရန် အိမ်ရှေ့မျက်နှာစာ အကျယ် (၁) ပေကို (၃,၃၀၀) ကျပ်နှုန်းဖြင့် ပေ (၂၀) အိမ် (၆၆,၀၀၀) ကျပ်၊ ပေ (၃၀) အိမ် (၉၉,၀၀၀) ကျပ်၊ ပေ (၄၀) အိမ် (၁၃၂,၀၀၀) ကျပ် လမ်းသားများ ထည့်ဝင်ကြရကြောင်း၊ မိသားစု အတော်များများသည် ချေးငှားပေါင်နှံ၍ အဆိုပါ အုတ်ရေမြောင်းတန်ဖိုးကို ထည့်ဝင်နေကြကြောင်း၊ မထည့်ဝင်နိုင်သော သူများ၏ အိမ်ရှေ့များကိုမူ ၀ါးကပ်များဖြင့်သာ မြောင်းဘောင် လုပ်ပေး မှာဖြစ်ကြောင်း လမ်းဖြစ်မြောက်ရေး ကော်မတီတဦးက ပြောသည်။

၁၉၈၈ ခုနှစ် တပ်မတော်မှ နိုင်ငံတော်ကို တာဝန်ယူချိန် မြို့တော်ဝန် ဦးကိုလေးလက်ထက် (၁၀ နှစ်ကျော်) နှင့် မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း လက်ထက် (၈ နှစ်ခန့်) အတွင်း တောင်ဥက္ကလာပမြို့နယ်တွင် သည်တကြိမ်တာဝန်ယူ ခင်းပေးခြင်းဖြစ်ကြောင်း၊ နှစ်ပေါင်း (၂၀) ကျော် ပြည်သူ့အကျိုးအတွက် ဘာတခုမှ လုပ်ပေးခြင်းမျိုးမရှိကြောင်း၊ တောင်ဥက္ကလာပမြို့နယ်၏ အနိမ့်ပိုင်းနေရာများဖြစ်သော ရဲစခန်းရှေ့၊ မြို့နယ် မီးသတ်ရှေ့၊ (၆-၉-၁၀) ရပ်ကွက်၊ မြို့နယ် မ၀တရုံးရှေ့တို့တွင် မိုးတွင်းကာလ အစဉ်အမြဲ ရေကြီးနေမှုကို မည်သို့မျှ တာဝန်ယူ လမ်းခင်းပေးခဲ့ခြင်းမရှိဖူးကြောင်း၊ ရွေးကောက်ပွဲဝင်မည့် ပါတီတို့သည် နယ်မြို့၊ ကျေးလက် ဒေသများ အထိ မဲဆွယ်စည်းရုံးစဉ် ယခုလိုကာလကျမှ ပြည်ခိုင်ဖြိုးမှ အစီအစဉ်တကျ လမ်းခင်း ပေးခြင်းသည် သိသာထင်ရှား သော မဲဆွယ်စည်းရုံးမှုသာဖြစ်ကြောင်း နိုင်ငံရေးအကဲဖြတ် တဦးကသုံးသပ်သည်။

အထက်ပါ လမ်းခင်းမည့် အစီအစဉ်သည် ဣစ္ဆိတံ ဓမ္မာရုံလူကြီး ဗိုလ်ကြီးသောင်ထွန်း (ဆေးတပ်) (ငြိမ်း) မှ ဇန်န၀ါရီလအတွင်းက ဓမ္မာရုံအသင်းပိုင် ငွေ (၅) သောင်းအား ဖြိုးစေတနာဆေးခန်းသို့ လှူဒါန်းခြင်းမှ အစပြုခဲ့ခြင်း ဖြစ်ကြောင်း၊ အသင်းပိုင်ငွေကို မည်သူ့မျှ မတိုင်ပင်ဘဲ သူ့သဘောနှင့်သူ လှူဒါန်းလိုက်ခြင်းအား အသင်းမှ မကျေမနပ်ဖြစ်ကာ အမှုဆောင် အချင်းချင်း စိတ်ဝင်းကွဲခဲ့ကြောင်း ဓမ္မာရုံလူကြီးတဦးမှ ပြောကြားသည်။ နယ်မြို့များ၌ ကွင်းဆင်းမဲဆွယ်မှု ပြုနိုင်သော်လည်း ရန်ကုန်၊ မန္တလေးကဲ့သို့ အချက်အချာ မြို့ကြီးများတွင် လမ်းခင်းခြင်း၊ အခမဲ့ဆေးခန်း၊ အခမဲ့ နာရေးကူညီမှုတို့ဖြင့်သာ စည်းရုံးနိုင်ကြောင်း သိရသည်။

source by : http://www.khitpyaing.org/news/march_09/13-3-09d.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */