ဆယ်တန်းစာမေးပွဲရက် ရန်ကုန်မှာ စစ်ကားတွေ ကင်းလှည့်

Friday, March 13, 2009 ·

NEJ | ရန်ကုန်မှာ ဆယ်တန်းစာမေးပွဲရက်အတွင်း မီးမလာသော်လည်း သံချပ်ကာအပြည့်နှင့် ရဲအပြည့် တင်ထားသော စစ်ကားကြီးများ ရန်ကုန်မြို့တွင် လှည့်နေကြောင်း မျက်မြင်သက်သေများက ပြောသည်။

“ဒီမနက်ကပဲ အနော်ရထာလမ်းမှာ ရဲတွေအပြည့်၊ လက်နက်အပြည့်နဲ့ လည်မှာ အနီတွေ စည်းပြီးတော့၊ ကားကြီး (၇) စီးလောက် လှည့်နေတာတွေ့တယ်” ဟု မတ်လ (၁၃) ရက်နေ့ မနက်မြင်ကွင်းကို ရန်ကုန်နေသူတဦးက ပြောသည်။

နဂိုပေးနေကျ မြို့ပေါ်တွင် A, B, C, H နှင့် မြို့ပြင် က, ခ, H ဟူ၍ အပိုင်းလိုက် မီးပေးမှု စနစ်ကို ဆယ်တန်း စာမေးပွဲ ရှိနေသော်လည်း မီးပေးချိန် တိုးမြှင့်ပေးမည့် အစီအစဉ် လုံးဝမရှိကြောင်း ရန်ကုန် လျှပ်စစ်ပေးဝေရေး အဖွဲ့က အမည်မဖော်လိုသူတဦးက ပြောသည်။

“ကျမတို့ အင်းဝလမ်းမှာ ဒီနေ့ည (၁၁) နာရီမှာ မီးလာမယ်၊ ပြီးရင် မနက် (၅) နာရီမှာ ပျက်မယ်၊ ဒါက ပုံမှန်လာ နေကျ၊ ဒါပေမယ့် လာချိန်မှာ မီးမပျက်မှာကိုတော့ အာမခံလို့ မရဘူး၊ အချိန်သတ်မှတ်ထားပေမယ့် လာရင်းနဲ့ ပျက်သွားတာမျိုးက ဖြစ်နေကျ ပြဿနာဖြစ်နေပြီ” ဟု တောင်ဥက္ကလာသူတဦးက မတ်လ (၁၂) ရက်နေ့ ညနေက ပြောသည်။

“ကလေးတွေ စာမေးပွဲရှိတဲ့အတွက် လင်းအားကောင်းမယ့် ဖယောင်းတိုင်အကြီးတထုပ်ကို (၆၅၀) ကျပ်တန် ၀ယ်ထားတယ်၊ စာကျက်နေရင်း အိပ်ငိုက်သွားမှာစိုးလို့ ထိုင်စောင့်ပေးရတာပေါ့၊ မီးဘေးအန္တရာယ် ဖြစ်မှာစိုးလို့” ဟု သင်္ကျွန်းမြို့နယ်အတွင်း ကျောင်သားမိဘတဦးကဆိုသည်။

ပုဇွန်တောင်မြို့နယ်အတွင်း နေထိုင်သည့် တက္ကစီယာဉ်မောင်းတဦးက “ခုနကတော့ မီးလာတာတွေ့တယ်၊ ပြောလို့မရဘူးဗျ၊ ပျက်ချင်ပျက်နေတာ” ဟု ဆိုသည်။

ရန်ကုန်တွင် လက်ရှိ တက္ကသိုလ်ဝင်တန်း ဖြေနေသော ကျောင်းသား၊ ကျောင်းသူများအတွက် မီးပေးချိန် ပိုမိုမရခြင်း၊ ပေးသည့်အချိန်အတိုင်း မီးမမှန်ခြင်းမှာ မတ်လ (၆) ရက်နေ့ညက မော်လမြိုင်တွင် EPC ရုံးအား ၀ိုင်း၍ခဲများဖြင့် ၀ိုင်းပေါက်သည့် ပြဿနာကို ဂရုတစိုက် မရှိသည့်အား ပြသခြင်းဖြစ်နိုင်သည်ဟု ပြည်တွင်း အခြေစိုက် သတင်းအယ်ဒီတာ တဦးကသုံးသပ်သည်။

“မော်လမြိုင်မှာလို ရန်ကုန်က ကျောင်းသားတွေ ၀ုန်းဒိုင်းကျဲတာမျိုး ဖြစ်လာရင်လည်း ဂရုမစိုက်ဘူးဆိုတာမျိုး ဖြစ်နိုင်တယ်” ဟု ယင်းက ဆိုသည်။

ကျောက်တံတားမြို့နယ် ရဲအရာရှိတဦးက “ကျောင်းသားတွေကို သွေးထိုးပေးမယ့်သူတွေရှိမှ ပြဿနာ ဖြစ်နိုင် တာပါ၊ အခုလည်း လုံခြုံရေးတွေ လှည့်နေတာပဲ” ဟု ပြောသည်။

source by : http://www.khitpyaing.org/news/march_09/13-3-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */