ပြင်သစ်ယဉ်ကျေးမှု ပွဲသတင်းများ စိစစ်ရေးပိတ်

Saturday, March 07, 2009 ·

မင်းနိုင်သူ | ပြင်သစ်သံရုံးလက်အောက်ရှိ ပြင်သစ်ယဉ်ကျေးမှုဌာနက ကျင်းပသောပွဲသတင်းများ မြန်မာ စာနယ်ဇင်းများတွင် ထည့်သွင်းဖော်ပြခြင်းကို စိစစ်ရေးက ပိတ်ပင်ထားကြောင်း ရန်ကုန်စာနယ်ဇင်းသမားများက ပြောသည်။

“သံရုံးဘက်က ဖိတ်စာတွေ ပို့ဆဲပါပဲ။ ဒါပေမယ့် ပြင်သစ်ယဉ်ကျေးမှုဌာန (Alliance France) က လုပ်တဲ့ ပွဲသတင်းတွေကို စိစစ်ရေးက ဖြုတ်တယ်။ ဘာကြောင့်ဖြုတ်တယ်ဆိုတာ မသိရဘူး။ ဒါပေမယ့် ပါလာရင်တော့ ဖြုတ်တာပဲ။ အဲဒီတော့ သတင်းထောက်တွေလည်း ပြင်သစ်ပွဲဆို သိပ်မသွားကြတော့ဘူး” ဟု သတင်း အယ်ဒီတာ တဦးက ပြောသည်။

ပြင်သစ်ယဉ်ကျေးမှုဌာန ပြန်ကြားရေးတာဝန်ရှိသူတဦးက “ဟုတ်ပါတယ်။ ဂျာနယ်တွေမှာ မပါတာ တော်တော် ကြာ ပြီ။ ပါလာရင် ကျနော်က ပရင့်ထုတ်ပြီး ရုံးမှာကပ်ကပ်ထားတာလေ။ အခုနောက်ပိုင်း မပါတော့ ကပ်တောင် မကပ်ရ တော့ဘူး။ စာနယ်ဇင်းသမားတွေ လာတက်တာလည်း နည်းသွားတာကို သတိထားမိတယ်။ ဖိတ်စာတွေကိုတော့ ပို့ပေးနေတာပါပဲ” ဟု ဆိုသည်။

ပြင်သစ်ယဉ်ကျေးမှုဌာနမှ ပြင်သစ်စာပေ သင်ကြားပေးမှုအပြင် ယဉ်ကျေးမှုနှင့် ပတ်သက်သော ပြပွဲ၊ ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများကို ပို့ချပေးနေသည်။

ဌာနမှဖွင့်သော သင်တန်းအချို့တွင် သတင်းသမားများနှင့် ဆိုင်သော သင်တန်းများပါရှိ၍ တက်ရောက်ပါက အာဏာပိုင်များ၏ စောင့်ကြည့်မှုခံရသည်ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

“ဌာနက ယဉ်ကျေးမှုနဲ့ ပတ်သက်တာတွေပဲ လုပ်တာပါ။ တခါတလေ မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေး သင်တန်း ပေးတာ မျိုးကျတော့ သတင်းသမားတွေနဲ့ ဆက်စပ်တော့ တက်ဖူးတယ်။ ချက်နိုင်ငံ (FAMU) ရုပ်ရှင် သင်တန်းကျောင်းက လာပြီး ရက်တိုသင်တန်းလေးတွေ ပေးတတ်တယ်။ အဲဒါမျိုးတွေကို အာဏာပိုင်တွေက ကြိုက်ပုံမပေါ်ဘူး။ ထောက်လှမ်းရေးတွေလွှတ်ပြီး စောင့်ကြည့်ခိုင်းတာမျိုး လုပ်တယ်။ သူတို့ဟာ သူတို့ အရပ်ဝတ် ၀တ်ထားလည်း တခြားနေရာမှာ ယူနီဖောင်းနဲ့တွေ့ဖူးထားတော့ ဒီလူကတော့ (SB) က ဆိုတာ ကျနော်တို့ ကတော့ သိတယ်။ အဲဒါမျိုးတွေရှိတော့ နောက်ပိုင်းမှာ ပြင်သစ်ယဉ်ကျေးမှုသတင်းတွေ ဖြုတ်ခိုင်းတာ ဖြစ်မယ်။ သူတို့က သင်တန်းပေး တာတွေကို ကြိုက်ပုံမရဘူး။ တကယ်က အနုပညာနဲ့ဆိုင်တဲ့ သင်တန်းတွေပါ။ သတင်းသမား တွေတင် မဟုတ်ပါ ဘူး။ ပန်းချီဆရာတွေ၊ ဖက်ရှင်ဒီဇိုင်နာတွေလည်း လာတက်ကြတာပါပဲ။ သူတို့ဟာ သူတို့ အမြင်စောင်းနေတာပါ” ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

အဆိုပါဌာနတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို မနက်ဖြန်တွင် ကျင်းပသွားမည်ဖြစ်ရာ အကယ်ဒမီ ဆွေဇင်ထိုက်၏ ဟောပြောမှု၊ ရုပ်ရှင်ဇာတ်ကားတို ပြသမှုများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

source by : http://www.khitpyaing.org/news/march_09/6-3-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */