မောင်းတော နယ်စပ်ကို သံဆူးကြိုးကာပြီ

Wednesday, March 18, 2009 ·

ကိုစိုး | ရိုဟင်ဂျာများ အရေးနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်တွင် မြန်မာဘက်က သံဆူးကြိုးများ ကာရန်ခြင်းကို စတင်နေကြောင်း ဘင်္ဂလားဒေ့ရှ် ဘက်မှ လာသော သတင်းများအရ သိရသည်။

ယမန်နေ့ကစတင်ပြီး နယ်စပ်တလျှောက်တွင် မြန်မာဘက်က သံဆူးကြိုးများ ကာရန်ခြင်းကို စတင်နေပြီး လုံထိန်း တပ်သားများ၊ ရဲတပ်သားများကို လုံခြုံရေးတိုးချထားကြောင်း နိရဉ္ဖရာသတင်းဌာနအဆိုအရ သိရှိရသည်။

“သံဆူးကြိုးတွေ စကာနေတယ်လို့ ကြားတယ်၊ အတိအကျတော့ မသိရသေးဘူး၊ ဗမာပြည်ဘက်ကတော့ နယ်စပ် မှာ လုံခြုံရေး တိုးချထားတယ်၊ လုံထိန်းတွေ၊ ရဲတွေ တိုးပြီးချထားတယ်၊ ရွာတွေမှာပေါ့၊ သံဆူးကြိုးကာ တာတွေ နဲ့ပတ်သက်နေတယ်၊ အခုက တော့ မောင်းတော နယ်စပ်မှာပေါ့”ဟု နိရဉ္ဖရာ သတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ် ကျော်က ဧရာဝတီသို့ပြောသည်။

ရခိုင်ပြည်နယ် အနောက်ဘက်ရှိ လှေစီးထွက်လာသော ရိုဟင်ဂျာ မွတ်စလင်ဘာသာဝင်များကို တားဆီးလို၍ သော်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံဘက်များသို့ တရားမ၀င် ၀င်ထွက်သွားလာသူများကို ကန့် သတ်လို၍သော် လည်းကောင်း ယခုကဲ့သို့ သံဆူးကြိုးများ ကာရန်၍ လုံခြုံရေးတိုးမြှင့်ခြင်း ဖြစ်နိုင်ကြောင်း ကိုခိုင်မြတ်ကျော် က ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များသည် မြန်မာအာဏာပိုင်များ၏ ကန့်သတ်မှုများနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများကြောင့် ရွှေ့ပြောင်းထွက်ခွာလာခဲ့ကြရာ ယခုနှစ်ဆန်းမှစ၍ ဒေသတွင်း အရေးကိစ္စ တခုဖြစ်လာခဲ့ရသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စလုံးက ယင်းလှေစီး ရိုဟင်ဂျာများ၏ နိုင်ငံရင်းနှင့် လူမျိုး အစစ်အမှန်နှင့်ပတ် သက်ပြီး သဘောတူညီမှုမရှိဘဲ ပြန်လည်ခေါ်ယူရန်လည်း ငြင်းဆိုနေခဲ့ကြသည်။

“အခုအခြေအနေအရ ဘင်္ဂလားဒေ့ရှ် ဘက်ကတော့ သိပ်လှုပ်ရှားတာ မတွေ့ရသေးဘူး၊ သူ့ပြည်တွင်းရေးကိစ္စနဲ့ အလုပ်ရှုပ်နေတာ”ဟု ကိုခိုင်မြတ်ကျော်က ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် ဗိုလ်မှူးကြီး အက်ဘ်ဒူ ခါလက် က မြန်မာဘက်က နယ်စပ်တွင် သံဆူးကြိုးကာရန်ခြင်းကို အင်္ဂါ သို့မဟုတ် ဗုဒ္ဓဟူးနေ့တွင် အပြီးသတ်ဖွယ်ရှိသည်ဟု ပြောဆိုကြောင်း ယမန်နေ့က အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် မိုဟာမက် တော်ဟိန်းကလည်း မြန်မာဘက်က ယခုကဲ့သို့ သံဆူးကြိုးများ ကာရန်ခြင်းသည် ၎င်းတို့အတွက်ပြဿနာ မရှိဟု ပြောဆိုကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံစလုံးဘက်မှ နယ်စပ်တွင် လုံခြုံရေးများချ၍ စောင့်ကြည့် လေ့လာမှုများ ပြုလုပ်ခဲ့သေးသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က မြန်မာ နယ်စပ်ဘက်သို့ ကင်းထောက်လေယာဉ်များ နှင့် ပျံသန်း စောင့်ကြည့်မှု ပိုမိုပြုလုပ်လာပြီး မြန်မာဘက်ကလည်း နယ်စပ်အနီးတွင် တပ်အင်အား တိုးချထားခဲ့သည်။

ထိုအတောအတွင်း မြန်မာဘက်က နယ်စပ်အနီးတွင် လေယာဉ်ကွင်းဆောက်နေသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။

ယမန်နေ့က ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒေးလီးစတားသတင်း၌ ရေပိုင်နက်အငြင်းပွားရာအနီးပြင်လယ်ပြင်တွင် မြန်မာ ဘက်က တရုတ်နိုင်ငံလုပ် ရေတပ်သဘောင်္များကို ပို့ဆောင်ထားကြောင်း ရေးသားထားသည်။

နှစ်ချီ၍ အငြင်းပွားလျက်ရှိသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ပြဿနာသည် ၂၀၀၈ ခု နိုဝင်ဘာလ အတွင်း က ရေပိုင်နက် အငြင်းပွားရာနေရာ၌ မြန်မာဘက်က သဘာဝဓာတ်ငွေ့တူးဖော်ရာတွင် လုံခြုံရေး ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ရာမှ စတင်၍ ပိုမို တင်းမာလာခဲ့ခြင်းဖြစ်သည်။

ထို ရေပိုင်နက် အငြင်းပွားမှု ပြဿနာအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ရေပိုင်နက် ဆိုင်ရာ ဥပဒေအရ ကုလသမဂ္ဂတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ က ၂၀၁၁ ခုနှစ် ဇူလိုင်လ ၌ ၎င်း၏ ရေပိုင်နက်ကို အခိုင်အမာ တင်ပြ ဖြေရှင်းရမည်ဖြစ်ပြီး မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ် မေလနှင့်ဇွန်လအတွင်းတွင် တင်ပြဖြေရှင်းချက်ပေး ရမည်ဖြစ်ကြောင်း ဒေးလီးစတား သတင်းက ရေးသားထားသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=853:2009-03-18-11-24-48&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */