ဘန်ကောက်ရှိ မြန်မာ အရောင်းဝန်ထမ်းများ အဖမ်းခံရပြန်

Wednesday, March 18, 2009 ·

ဧရာဝတီ | ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တိုက်ရိုက် အရောင်းဝန်ထမ်း အဖြစ် လေ့ကျင့် သင်ယူနေသူ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၀၀ ကျော်ကို ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရဲများက ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။

ယမန်နေ့က ထိုင်းရဲက ဖမ်းဆီးလိုက်သဖြင့် အချုပ်ကျနေသော အလုပ်သမား အများစုမှာ အနောက်တိုင်း ဝတ်စုံကို သေသပ်ကျနစွာ ဝတ်ဆင်ထားကြသူများ ဖြစ်ကြသည်။

၎င်း အလုပ်သမားများမှာ အရောင်းဝန်ထမ်း တာဝန် ထမ်းဆောင်ရန်အတွက် ဘန်ကောက် အာမခံ အဆောက် အအုံရှိ Digital Crown Holding ကုမ္ပဏီတွင် သင်တန်း တက်နေချိန် နံနက် ၁၁ နာရီခန့်၌ ထိုင်းရဲများက ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းရဲက ဖမ်းဆီးခဲ့သည့် ရွှေ့ပြောင်းအလုပ်သမား ၁၁၃ ဦးတွင် ၇၆ ဦးမှာ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူ ခံခဲ့ရဖူးသူများဖြစ်ပြီး ၁၃ ဦးမှာ ၎င်းတို့နေထိုင်ရန် သတ်မှတ်ထားသည့် ဒေသမှ ကျော်လွန် နေထိုင်သူများ ဖြစ်သည်။ ကျန် ၄၆ ဦးမှာမူ အလုပ်သမား လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင် နေသူများဖြစ်ပြီး ၁၁၃ ဦးစလုံးကို နေရင်းနိုင်ငံသို့ ပြန်ပို့နိုင်ဖွယ်ရှိကြောင်း သတင်းစာတွင် ရေးသားထားသည်။

၎င်းတို့ထဲမှ အများစုမှာ တရားမဝင် နေထိုင်သူများ ဖြစ်ကြ၍ အနည်းငယ်တွင်သာ ကန့်သတ် ဒေသတခုအတွင်း အလုပ်လုပ်နိုင်သော အလုပ်သမား မှတ်ပုံတင်များ ရှိကြသည်။

ယခုအခါတွင် ထိုင်းရဲဌာနက အရောင်းကုမ္ပဏီ၏ တာဝန်ရှိသူ အကြီးအကဲ များဖြစ်ကြသော ပြင်သစ်နိုင်ငံသား တဦးနှင့် ထိုင်ဝမ် နိုင်ငံသားတဦးတို့ကို ဆွေးနွေးရန် ဆင့်ခေါ်ထားသည်။

ထိုသို့ ဖမ်းဆီးရန်အတွက် ထိုင်းလူဝင်မှု ကြီးကြပ်ရေး ရဲအရာရှိ Manat Sriwongsa က တာဝန်ပေး စေခိုင်းခဲ့ကာ ၎င်းတို့ထဲတွင် လာအိုနိုင်ငံသား တဦးသာ ပါရှိ၍ ကျန်အားလုံးမှာ မြန်မာများဖြစ်ကြသည်ဟု ၎င်းက ပြောကြား သည်။

အရောင်း အလုပ်သမားများ အနေနှင့် ယင်းကုမ္ပဏီတွင် အလုပ်လုပ်ခွင့်ရရန် ဘတ် ၁၂၀၀ စီ ပေး၍ ဆက်သွယ် ကြရသည်။ အလုပ်ရသူများကို ကုမ္ပဏီက ရေမွှေး၊ အလှကုန်၊ လေသန့်ဆေး၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ စသည်ဖြင့် ပေးအပ်ကာ လိုက်လံ ရောင်းချစေမည် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က အဖမ်းအဆီး ခံခဲ့ရသည့် ရွှေ့ပြောင်း အလုပ်သမားများသည် အထည်ချုပ် စက်ရုံများ၊ ငါးဖမ်း လုပ်ငန်းများ၊ တခြားသော စက်ရုံ အလုပ်ရုံများတွင် အလုပ်ရှိကြသူများ ဖြစ်ကြောင်း ရဲများကို ပြောသည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။

“ဒီကုမ္ပဏီမှာက အပိုဝင်ငွေရဖို့ လာလုပ်ကြတာ။ တရားမဝင် အလုပ်သမားတွေကို ငှားတဲ့အတွက် ကုမ္ပဏီ ပိုင်ရှင်တော့ တရားစွဲ ခံရလိမ့်မယ်” ဟု ရဲအရာရှိ Manat Sriwongsa က ပြောသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=851:2009-03-18-09-49-53&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */