စစ်တွေမြို့နယ် ကားလမ်းပြင် ဒေသခံများ လုပ်အားပေးရ

Tuesday, March 17, 2009 ·

ငြိမ်းချမ်း | ဒါကာ (မဇ္ဈိမ)။ ။ စစ်တွေမြို့နယ်အတွင်း ကားလမ်းပြင်ရာသို့ နီးစပ်ရာ ရွာသားများအား ဒေသခံ စစ်တပ်က ယခုလ ၁ဝ ရက်ခန့်မှ စတင် ဆင့်ခေါ်ကာ ယနေ့တိုင် လုပ်အားပေးခိုင်းနေသည်။

စစ်တွေမြို့မြောက်ဘက် ၆ မိုင်အကွာရှိ ရေချမ်းပြင်ရွာသို့ သွယ်တန်းထားသော ကားလမ်းတွင် ပျက်စီးနေသော လမ်းအပိုင်းကို မြေဖို့ရာ မောင်နီပြင်ကျေးရွာအုပ်စုအတွင်းမှ မောင်နီပြင်၊ အောင်မင်္ဂလာ၊ ဒုံးပြင်တောင်၊ ဒုံးပြင်မြောက်၊ သင်ပုန်းတန်း၊ ပျားလည်ချောင်းနှင့် ရေချမ်းပြင် ရွာသားများအား စစ်တွေအခြေစိုက် အမှတ် ၉ဝ၆ အမြောက်တပ်က ခိုင်းစေနေခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ မိုးတွင်းမှာ မိုးရေတိုက်စားလို့ ပျက်စီးနေတဲ့လမ်းကို မြေဖို့ပေးနေရတာပါ။ မနက်က ညနေအထိ ကိုယ့်ထမင်းထုပ်နဲ့ကိုယ် သွားလုပ်ပေးရတာ။ မသွားဘူးဆိုရင် နှိပ်စက်ခံရမှာ ကြောက်ရတဲ့အတွက် ကိုယ့် အလုပ်ထက် သူတို့ခိုင်းတဲ့ အလုပ်ကိုပဲ မဖြစ်မနေ သွားရတယ်” ဟု လုပ်အားပေး ခိုင်းစေခံရသူ ရေချမ်းပြင် ရွာသားတဦးက မဇ္ဈိမကို ပြောသည်။

ပျက်စီးနေသော အလျား ပေ ၅ဝ၊ အနံ ပေ ၃ဝ၊ အမြင့် ၁ဝ ပေ အတွက် မြေဖို့ရန် မြေကောင်းရရှိနိုင်မည့် နေရာများမှ တူးဖော်သယ်ယူရပြီး၊ လုပ်အားပေး မလိုက်နိုင်သူများမှာ ဒဏ်ငွေအဖြစ် တရက်လျှင် ကျပ် ၁ဝဝဝ စီ စစ်တပ်သို့ ပေးဆောင်ရသည်။

ကျေးရွာတရွာမှ ရွာသား ဦးရေ ၁ဝဝ စီ ခေါ်ယူကာ တရက်စီ အလှည့်ကျ စေခိုင်းနေခြင်းဖြစ်သည်။

လမ်းတခုလုံးမှာ ကားသွားနိုင်သည့် ကတ္တရာလမ်းဖြစ်ပြီး၊ ရေချမ်းပြင်နှင့် စစ်တွေအကြား ကူသန်းရောင်းဝယ်ရေး အထောက်အကူပြုရာ လမ်းဖြစ်သည်။

၂ဝဝ၈ ခုနှစ် မိုးရာသီအတွင်းက တောင်ကျရေ တိုက်စားမှုကြောင့် ယခုပြုပြင်ဖာထေးနေသည့် နေရာမှာ လုံးဝ ပျက်စီးပြတ်တောက်ခဲ့သဖြင့်၊ ဒေသခံများမှာ ကား ၂ ဆင့်စီး၍ သွားလာရသည်ဟု စစ်တွေမြို့သား ကိုသိန်းဝင်းက ပြောသည်။

သူက “လက်လုပ်လက်စားတွေကျ လုပ်အားပေးသွားတဲ့နေ့မှာ ကျန်မိသားစုက ထမင်းရည်သောက်ရတဲ့ အခြေအနေအထိ ကြုံရတယ်” ဟု ဆိုသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2606-2009-03-16-15-54-30.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */