ကိုဇာဂနာ၏ မိခင် ကျန်းမာရေး ချို့ယွင်း

Tuesday, March 17, 2009 ·

နန်းဒေ၀ီ | နယူးဒေလီ (မဇ္စျိမ)။ ။ နာဂစ် လေဘေးဒုက္ခသည်များအား ကူညီနေစဉ် အဖမ်းခံရကာ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ ဟာသအနုပညာရှင် ကိုဇာဂနာ၏ မိခင် စာရေးဆရာမကြီး ဒေါ်ကြည်ဦးသည် ကျန်းမာရေး ချို့ယွင်းသဖြင့် မကြာသေးခင်က ၉ ရက်ကြာ ဆေးရုံတက် ကုသခဲ့ရသည်။

အစာမစားနိုင်သည်မှာ ၃ လခန့် ရှိလာသဖြင့် ယခုလ ၆ ရက်နေ့က ရန်ကုန်ရှိ ဗဟိုစည် ပုဂ္ဂလိကဆေးရုံတွင် ကျန်းမာရေး အစစ်အဆေး ခံယူခဲ့ရာ၊ သည်းခြေကင်ဆာ ဖြစ်နေသည်ကို သိခဲ့ရပြီး၊ ကုသမှုအချို့ ခံယူကာ ပြီးခဲ့သည့် စနေနေ့က ဆေးရုံမှ ပြန်ဆင်းခဲ့သည်။

“သားစိတ်နဲ့ရော အစာမစားတာ ၃ လကြာတော့ သံသယဖြစ်တော့ ဆေးစစ်လိုက်တာကနေ၊ သည်းခြေမှာ ကင်ဆာလို ဖြစ်နေတာ။ အဲဒါက ပြန့်နေတယ်။ အသည်းနားကို ရောက်ခါနီးနေပြီ။ ရောဂါက သက်သာလိုက်၊ ကျလိုက်ဖြစ်နေတယ်။ အားရဖွယ်တော့ မရှိဘူး။ အခြေအနေက ၅၀-၅၀ ဖြစ်နေတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံး လုပ်ပေးနေတယ်” ဟု သားအလတ်ဖြစ်သူ ကိုတေဇက ပြောသည်။

ဆေးရုံဆင်းမည့်နေ့တွင် သွားရောက်ကြည့်ရှုခဲ့သူ ကိုဇာဂနာ၏ ခယ်မ မထွေးက “အသားအရေက ၀ါနေတယ်။ မျက်လုံးကလည်း ၀ါနေတယ်။ ခန္ဓာကိုယ်က သေးသေးလေးပဲ ကျန်တော့တယ်။ မနေ့ညကဆို သွေးဝမ်းသွား နေတယ်” ဟု ပြောသည်။

အသက် ၈၃ နှစ်အရွယ် မိခင်အိုကြီး၏ နာမကျန်းဖြစ်နေသည့် သတင်းကို မြစ်ကြီးနားထောင်တွင် အကျဉ်းကျနေသည့် သားဖြစ်သူ ကိုဇာဂနာ ခေါ် ကိုသူရ မသိသေးပေ။

ကိုတေဇက “အမေကတော့ ပြောတယ်။ သူ နေမကောင်းဖြစ်နေတာကို မောင်သူရကို သွားမပြောပါနဲ့တဲ့။ စိတ်မကောင်း ဖြစ်နေမယ်လို့ ပြောတယ်။ ပြန်လာနိုင်တာလည်း မဟုတ်ဘူးတဲ့” ဟု ပြောသည်။

သား ၃ ဦးအနက် ကိုတေဇနှင့် ကိုဇာဂနာ ၂ ဦးသာ သက်ရှိထင်ရှား ရှိနေပြီး၊ ကိုဇာဂနာမှာ အငယ်ဆုံးသား ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဇွန်လအတွင်းက ကိုဇာဂနာသည် လေဘေးကယ်ဆယ်ရေး လုပ်နေစဉ် နေအိမ်တွင် အဖမ်းခံခဲ့ရပြီး၊ သူ့ကို အီလက်ထရောနစ် အက်ဥပဒေ ၃ ခု၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုနှင့် ဗီဒီယိုအက် ဥပဒေ အပါအ၀င် ပုဒ်မ ၅ ခုဖြင့် တရားရုံးက ထောင်ဒဏ် ၅၉ နှစ် ချခဲ့သည်။

သို့သော် ယခုနှစ် ဖေဖော်ဝါရီလအတွင်း အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၄၅ နှစ် ချခဲ့သည့်အပေါ် တမှုလျှင် ၈ နှစ်စီဖြင့် ၂၄ နှစ် လျှော့ပေးခဲ့ရာ ယခုအခါ ထောင်ဒဏ် ၃၅ နှစ် ကျနေသည်။

မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦးသည် စာပေလောကသို့ ငယ်ရွယ်စဉ်ကပင် ၀င်ရောက်ခဲ့ပြီး၊ မဂ္ဂဇင်းများတွင် ခရီးသွားနှင့် ဘာသာရေးဆိုင်ရာ ဆောင်းပါးများ ရေးသားခဲ့သည်။

အသက် ၈၆ နှစ်အရွယ် ခင်ပွန်းသည် ဦးအောင်သိန်း ခေါ် စာရေးဆရာကြီး နန်းညွန့်ဆွေ မှာလည်း ကဗျာများကို ရေးသားနေသည်မှာ ယခုထိတိုင်ဖြစ်သည်။

source by : http://www.mizzimaburmese.com/news/inside-burma/2604-2009-03-16-13-02-58.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */