NEJ | နာဂစ်ကြောင့် ပုသိမ်မြို့အနီးက သမီးလှကျွန်း ကျောက်ဆောင်ပေါ်တွင် ကိုယ်ထည် အားလုံး တင်နေခဲ့သော ဂျပန် ECM ကုမ္ပဏီပိုင် သင်္ဘောကို ကြယ်ငါးပွင့်က အလကားရခဲ့ကြောင်း ကြယ်ငါးပွင့် အရာထမ်းတဦးက ပြောသည်။
သင်္ဘော၏ တန်ချိန်မှာ (၉,၈၀၁) တန်ရှိပြီး ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းတွင် အသုံးချမည်ဖြစ်ကြောင်း သိရသည်။
“ကျောက်ဆောင်ပေါ်ကို တင်သွားပြီးတဲ့နောက် ဂျပန်ကုမ္ပဏီက လာပြီး စစ်ဆေးတယ်၊ နောက်ပြီး စွန့်လွှတ်လိုက် တယ်ပေါ့။ ဒါနဲ့ ကြယ်ငါးပွင့်ကို လွှဲခဲ့တာပါ” ဟု ၎င်းအရာထမ်းက ပြောသည်။
ယခုကာလပေါက်ဈေးဖြင့် တွက်ချက်ပါက သင်္ဘောတန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၁၀) သန်းနှင့် (၁၂) သန်းကြား ရှိမည်ဟု ရေကြောင်း အင်ဂျင်နီယာတဦးက ပြောသည်။
၎င်းသင်္ဘောကို ရန်ကုန်ဆင်မလိုက် သင်္ဘောကျင်းတွင် ဒေါက်တင်၍ ပြုပြင်မည်ဖြစ်ကြောင်း၊ ယင်းသင်္ဘော ပြင်ဆင် ပြီးလျှင် ပြည်ပလိုင်းကို ပြေးဆွဲမည်ဟုဆိုသည်။ အဆိုပါသင်္ဘောကို ၁၉၉၁ ခုနှစ် မေလတွင် ဂျပန် ကုမ္ပဏီက စတင်အသုံးပြုခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများကို ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သင်္ဘောတွင် မော်တော်ကားများနှင့် အထွေထွေကုန်တင်နိုင်ကြောင်း သိရသည်။
source by : http://www.khitpyaing.org/news/march_09/20-3-09a.php
နာဂစ်သောင်တင် ဂျပန်သင်္ဘော ကြယ်ငါးပွင့် အလကားရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment