အပါယ်ရတနာ စစ်အစိုးရသတင်းစာ ဂုဏ၀ိသိဋ္ဌ ဂုဏ်ပြုပူဇော်ပွဲ ကြော်ငြာထည့်ခွင့်ပိတ်

Friday, March 20, 2009 ·

မင်းနိုင်သူ | ဥပ္ပါတသန္တိစေတေီ ထီးတင်ပွဲအပြီးတွင် ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း ခံခဲ့ရသော သံဃာတော်များ၏ ဂုဏ၀ိသိဋ္ဌ ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ ကြော်ငြာများကို အစိုးရပိုင် သတင်းစာများက ဖော်ပြခွင့် မပြုကြောင်း ရန်ကုန် သံဃာတော် တပါးက မိန့်ကြားသည်။

“ဦးဇင်းတို့ကျောင်းက ဆရာတော်တပါးက ဘွဲ့ရတယ်လေ။ အဲဒါပူဇော်ပွဲလုပ်ဖို့ ဒကာ၊ ဒကာမတွေကို ဖိတ်ကြားတဲ့ အကြောင်း သတင်းကြော်ငြာလေးသွားထည့်တာပေါ့။ လက်မခံဘူးတဲ့။ ထည့်လို့မရဘူးတဲ့။ မြန်မာ့အလင်းရော၊ ကြေးမုံမှာပါ ထည့်လို့မရဘူးတဲ့။ ၀န်ကြီးက ထည့်ခိုင်းမှ ထည့်လို့ရမယ်။ ၀န်ကြီးကိုသွားပြောလို့ ပြောတယ်။ ဦးဇင်းတို့ကတော့ အခုသူတို့ သတင်းစာတွေမှာ အပါယ်ရတနာဖြစ်နေတယ်လေ။ သူတို့ပင့်ချင်တဲ့အခါပင့် မလိုတဲ့ အခါ ပယ်ထားတဲ့ အပါယ်ရတနာ” ဟု သံဃာတော်က မိန့်သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သိမ်ဖြူလမ်းရှိ သတင်းစာနှင့် စာနယ်ဇင်းလုပ်ငန်းသို့ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်းမပြုပေ။

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်မှုများကို ယခင်က ကမ္ဘာအေးမဟာပါသဏလှိုဏ်ဂူအတွင်း ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် နေပြည်တော်ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ပြောင်းရွေ့ကျင်းပခဲ့သည်။

၂၀၀၉ ဇန်န၀ါရီ (၄) ရက်တွင် ထုတ်ပြန်ခဲ့သော ဘွဲ့တံဆိပ်တော်ရ သံဃာတော်များ၊ သီလရှင်နှင့် လူပုဂ္ဂိုလ် များကို ဥပ္ပါတသန္တိစေတီထီးတင်ပွဲအပြီးတွင် ဘွဲ့တံဆိပ်များ ဆက်ကပ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

နအဖစစ်အစိုးရက ယခုနှစ်တွင် သာသနာတော်ဆိုင်ရာဘွဲ့များကို သံဃာတော် အပါး (၂၁၀) ၊ သီလရှင် (၁၈) ပါးနှင့် လူပုဂ္ဂိုလ် ( ၂၃) ဦးတို့ကို ပေးအပ်ခဲ့သည်။

“အရင်မင်းတွေ လက်ထက်ကတည်းကရှိခဲ့တဲ့ ဘွဲ့တွေအပြင် နအဖက ၁၉၉၁ ခုနှစ်မှာ ဘွဲ့ (၂၀) ကိုအသစ် တီထွင်တာတဲ့ဗျာ။ အဲဒါသူတို့သတင်းစာမှာကို အဲလိုရေးထားတယ်။ သံဃာတော်တွေကိုလည်း ပင့်ချင်တဲ့ အခါပင့်၊ ကပ်ချင်တဲ့ဘွဲ့ကောက်ကပ်ပြီး ထင်သလိုလုပ်နေကြတယ်။ ဂုဏ်ပြုပွဲသတင်းကြေငြာကြတော့ မထည့်ရဘူးတဲ့။ ပိုဆိုးတာက တရားစခန်းဖွင့်ရက်ကြေငြာတွေကိုပါ ပိတ်ထားတာပဲ။ ဒါလုံးဝကို မဖြစ်သင့်တဲ့ကိစ္စ။ ဒါကြောင့်မို့ ဦးဇင်းတို့က ပြည်ပမီဒီယာတွေမှာ သာသနာရေးသတင်းတွေကို ဖော်ပြထုတ်လွှင့်တဲ့အခါ အများကြီး ပီတိဖြစ်ရ တယ်။ ကျေးဇူးတင်ကြတယ်” ဟု သံဃာတော်က ဆက်လက်မိန့်ဆိုသည်။

တရားရိပ်သာ အမြဲမပြတ်ဖွင့်လှစ်လေ့ရှိသည့် ကျောင်းတိုက်ကြီးတခုမှ ဂေါပကအဖွဲ့ဝင် တဦးကလည်း “ထည့်လို့မရ တာကတော့ သုံးလကျော်လောက်တောင်ရှိပါပြီ။ လက်မခံတော့တာလေ။ တရားစခန်း ဖိတ်ကြား စာတွေကို။ ၀န်ကြီး က လက်ခံမှ ဖြစ်တာမို့ပါ လို့ပြောတယ်။ ဦးရဲမြင့်ဖေအဆင့်တောင် လက်မခံရဲဘူးတဲ့။ ကြေညာခတွေက ဘယ်လို သတ်မှတ်ထားလဲ သေချာမသိပါဘူး။ ဦးတို့ထည့်နေကျ (၃) လက်မ၊ (၄) လက်မ ကော်လံလောက်ကို တခါတလေ သုံးသောင်း၊ တခါတလေ သုံးသောင်းနှစ်ထောင်။ အဲလိုပေးရတယ်။ အမှန်မရှိဘူးရယ်” ဟု ပြောသည်။

Rest of your post

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */