အောင်ထက် | ပြည်ထဲရေးလက်အောက်ခံမြို့နယ်အသီးသီး၏ ရဲစခန်းပတ်လည်ရှိ ၀န်ထမ်း သက်သာဆိုင်ခန်း များအား မတ်လကုန် အပြီး ဖျက်သိမ်းပေးရမည်ဆိုသော ညွှန်ကြားချက်ကြောင့် ဆိုင်ခန်းပိုင်ရှင်များ နစ်နာကြေး တစုံတရာမရရှိဘဲ ဆိုင်ခန်းသုံးပစ္စည်းများကို မတ်လ တတိယပတ်မတိုင်မီ စတင်ရွှေ့ပြောင်းနေကြကြောင်း သိရသည်။
ယင်းအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်ရဲစခန်းတာဝန်ရှိသူတို့က ၀န်ထမ်းသက်သာ ဆိုင်ခန်း ပိုင်ရှင်များ အား ဖေဖော်ဝါရီ လကုန်ပိုင်းက အသိပေးပြောကြားခဲ့ပြီး မတ်လကုန်ရွှေ့ပြောင်းပေးရမည်ကို သိရှိကြောင်း ခေါ်ယူ လက်မှတ်ရေးထိုးစေခဲ့သည်။
အမှတ် (၁၇) တောင်ဥက္ကလာပမြို့နယ် ရဲစခန်းပတ်လည်တွင် ၀န်ထမ်းသက်သာဆိုင်ခန်းပေါင်း (၁၀၀) ကျော် ရှိပြီး ဖွင့်လှစ်ခဲ့သည်မှာ (၁၅) နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ ယခင်က မျက်နှာစာ (၉) ပေ၊ အရှည်ပေ (၃၀) ခန့် တခန်းကို သက်ဆိုင်ရာသို့ (၁) သိန်းခွဲသာ ရန်ပုံငွေ သွင်းရကြောင်း၊ နားလည်းမှုဖြင့် လက်ဆင့်ကမ်း ရောင်းချ လာရင်း ယခုအခါ လူစည်ကားရာ သုမင်္ဂလာလမ်းမတန်း တခန်း သိန်း (၂၀) ၀န်းကျင်၊ သစ္စာလမ်းမပေါ် (၁၈) သိန်းခန့်၊ ဓမ္မရာဇာလမ်း တခန်း (၈) သိန်း ခန့်တို့ဖြင့် ရောင်းဝယ်ကာ ဆိုင်ခန်းများ ဖွင့်လှစ် ထားကြကြောင်း၊ တချို့ ငွေရှင်များက ဆိုင်ခန်းဝယ်ယူထားပြီး တလ နှစ်သောင်းခွဲမှ ငါးသောင်းအထိ လူစည်ကားရာ အချက်အချာ နေရာအလိုက် ငှားရမ်း ကြကြောင်း သိရသည်။
၎င်းစခန်းနေရာကို ရောင်းချပြီးဖြစ်ကြောင်းနှင့် ယခင် အမှတ် (၂၆) ထောက်လှမ်းရေးတပ်အနီး၌ စခန်းအသစ် နေရာရသည်ဆိုသောသတင်းနှင့် ပတ်သက်၍ “ကျနော်တို့ စခန်းမှာ ၀န်ထမ်းအိမ်ရာ (၁၀၀) လောက်ရှိတယ်။ ရွှေ့ရင် ရပ်ကွက်တကွက်စာလောက် နေရာပေးရမယ်။ (MI 26) နားရောက်မယ်။ ရဲစခန်းနေရာ ရွှေ့ရမယ် ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး” ဟု စခန်း (၁၇) တာဝန်ကျ ပြည်သူ့ရဲတဦးက အတည်ပြုပြောကြားသည်။
“ကျနော်တို့ စခန်းလည်း ဘာတွေဖြစ်နေလဲမသိပါဘူး။ နယ်ထိန်းအင်းချတ် ဌေးဝင်းနိုင်က ကယားပြည်နယ်၊ ဒု-ရဲအုပ် နိုင်ဝင်းက လုံထိန်းတပ်ရင်း၊ ဒု-ရဲအုပ် လှဌေးလည်း ကယားပဲ။ အဲဒီထက်ဆိုးတာက စခန်းမှူးအသစ် သူက ကျနော်တို့ စခန်းကို ရောက်တာ (၂) လပဲရှိသေးတယ်။ ခု ချင်းပြည်နယ်ဘက်ပြောင်းရတယ်။ ပြီးခဲ့တဲ့လက မ၀တ ဥက္ကဋ္ဌ ဦးမြင့်စိန်သူက မြစ်ကြီးနားဘက် ရောက်သွားတယ်။ သူက မြို့နယ်သတင်းတပ်ဖွဲ့နဲ့ ငြိတာ။ နာဂစ်ကိစ္စတွေ ရော၊ နှစ်ကျိပ်ရှစ်ဆူဘုရားကိစ္စတွေနဲ့ လာဘ်စားတာပေါ်သွားလို့။ ခေတ်ကာလ စီးပွားရေး ကလည်းကျပ်၊ (၂) လုံး (၃) လုံး ဒိုင်တွေကနည်းလား၊ ခုလို ၀န်ထမ်းသက်သာဆိုင်တွေဖြုတ်နဲ့ လူကြီးတွေလည်း ဘာအကြံအစည်တွေ ရှိနေတယ် မပြောတတ်ဘူး။ ၀န်ထမ်းတွေတော့ စုတ်ပြတ်သတ်နေပြီ” ဟု ၎င်းကဆို၏။
“ပြည်ထဲရေးရဲ့ ညွှန်ကြားမှု ဘယ်သူဘာပြောမလဲ။ ဘာလျော်ကြေးမှလဲ မျှော်မနေနဲ့။ တချို့ဆို သိန်း (၂၀) နဲ့ ၀ယ်ထားတာ (၃) လမပြည့်သေးဘူး။ ကျနော်ဆို ရဲစခန်းမျက်နှာစာအဖွင့်မို့ တလ (၄) သောင်းခွဲနဲ့ ငှားတာ (၂) လမပြည့်သေးဘူး။ ခု ပြောင်းရပြီ။ အထက်အမိန့်ဆိုတော့ ဘယ်သူဘာပြောမလဲ။ ဆိုင်ခန်း အားလုံး နစ်နာ ကြရတာပဲ” ဟု ဆိုင်ရှင် တဦးက ဆိုသည်။
source by : http://www.khitpyaing.org/news/march_09/20-3-09b.php
ရန်ကုန် ၀န်ထမ်းသက်သာဆိုင်များအား ဖျက်ခိုင်း ငှားရမ်း ၀ယ်ယူထားသူများ နစ်နာ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment