ကြံ့ခိုင်ရေးအသင်းက လူထုစည်းရုံးမှုပုံစံများပြုလုပ်လာ

Wednesday, March 11, 2009 ·

မိုးမခ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက လူထုအား စည်းရုံးသည့်အနေဖြင့် ၁၀ တန်း ကျောင်းသား များအား စာသင်ဝိုင်းများ ဖွင့်ပေးခြင်း နှင့် ဆင်ခြေဖုံး ရပ်ကွက်များတွင် အသေးစား ငွေချေးမှုများ ပြုလုပ်လာသည်ကိုတွေ့ရသည်။

ရပ်ကွက်အတွင်း ၁၀ တန်းကျောင်းသားများအတွက် ကျူရှင်ဝိုင်းများ ဖွင့်ပေးပြီး စာရင်းကောက်ယူထားသည်ဟု သိရသည်။ စာမေးပွဲ အလွယ်တကူ ဖြေနိုင်စေရန် ခန့်မှန်းမေးခွန်း (စပေါ့) များလည်း ပေးသည်ဟု မရန်ကုန်း မြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ကလေးတွေကို စာသင်ဖို့လာခေါ်တယ်။ ပြီးတော့ စာရင်းယူထားတယ်။ ကလေးတွေ အကုန်လုံးက သူတို့ အသင်းဝင်တွေပဲလေ။ ကျောင်းတွေမှာ မ၀င်မနေရ လုပ်ထားကြရတာ” ဟု ၄င်းကပြောသည်။

ရပ်ကွက်တွင်းနေထိုင်သူ အမျိုးသမီးများကိုလည်း ငွေအရင်းအနှီး ရရန် ဟု ဆိုကာ ငွေကျပ် သောင်းဂဏန်း ၀န်းကျင် ချေးပေးသည်ဟု သိရသည်။

ကြံ့ခိုင်ရေးအသင်းက ၂၀၁၀ ရွေးကောက်ပွဲတွင် ၄င်းတို့ဘက်သို့ လူထုပါလာအောင် စည်းရုံးခြင်းများ ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ စီးပွားရေး သတင်းစာစောင်များ ထုတ်ဝေနေသော အယ်ဒီတာတစ်ဦးက ထင်မြင်ချက်ပေးပါသည်။

“ဒီအချိန်မှာ လူထုက ပါးရည်နပ်ရည်ရှိဖို့ လိုတယ်။ သူတို့ပေးတာတွေကို အကျိုးရှိအောင် ရသမျှအကုန် ယူထားလိုက်။ တကယ်တမ်း မဲပေးရပြီဆိုရင်တော့ ကိုယ်တကယ် ရင်ထဲက သဘောကျတဲ့ ကြိုက်တဲ့အဖွဲ့ကို မဲပေးလိုက်ပေါ့” ဟု ၄င်းအယ်ဒီတာက အကြံပြု ပြောဆိုသည်။

ကြံ့ခိုင်ရေးအသင်းက ၂၀၁၀ တွင် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ၀င်ရောက် ယှဉ်ပြိုင်မည် ၊ မပြိုင်မည်ကို တိတိကျကျ ပြောဆိုခြင်း မရှိသေးပေ။

source by : http://moemaka.com/index.php?option=com_content&task=view&id=3405&Itemid=1

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */