မော်လမြိုင်တွင် လျှပ်စစ်မီး ပြန်လည်ပြတ်တောက်သွားပြီ

Wednesday, March 11, 2009 ·

မိုးမခ | မော်လမြိုင်မြို့ လျှပ်စစ်ရုံးအား လွန်ခဲ့သောစနေနေ့က ၁၀ တန်းေ ကျာင်သားများ ခဲဖြင့်ပေါက် သောကြောင့် ချက်ချင်း လျှပ်စစ်မီး ရရှိခဲ့ပြီး တနင်္လာနေ့က လျှပ်စစ်မီး ပြန်လည် ပြတ်တောက်သွားပြီ ဖြစ်သည်။ ပြီးခဲ့သောစနေနေ့ မတ် ၇ ရက်က ၁၀တန်းကျောင်းသား သုံးဦးက စာမေးပွဲ နီးနေသဖြင့် စာကျက်ရန်အတွက် လျှပ်စစ်မီးမလာကြောင်း မြို့နယ် ရဲစခန်းကို သွားရောက်ပြောရာ ရဲစခန်းက ၄င်းတို့နှင့် မဆိုင်ဘဲ လျှပ်စစ်ရုံး နှင့်သာ ဆိုင်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။

ည ၁၀ နာရီခွဲခန့်တွင် မြို့နယ်လျှပ်စစ်ရုံး (မော်လမြိုင်အခေါ် ပြည်တော်သာမီးစက်ရုံး) ကို ကျောင်းသားများ မောင်းနှင်လာသော ဆိုင်ကယ် အစီး ၃၀ မှ ၄၀ ခန့် စီးနင်းဝိုင်းရံပြီး လျှပ်စစ်မီးရရှိရန် ပြောဆိုကာ ခဲဖြင့်ပေါက်ခဲ့ ကြသည်ဟု လျှပ်စစ်ရုံး အနီးနေထိုင်သူ မော်လမြိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ခဲနဲ့ပေါက်ပြီး မီးပြန်လာတယ်။ တနင်္ဂနွေတစ်နေ့လုံးလည်း လာတယ်။ တနင်္လာနေ့ကစပြီး ပြန်ပြတ်သွားပြီ” ဟု ၄င်းကပြောသည်။

မော်လမြိုင်မြို့တွင် လျှပ်စစ်မီး ပုံမှန် မရရှိသည်မှာ ကြာပြီဖြစ်ပြီး ၁၀ ရက်ဝန်းကျင်ခန့်မှ လျှပ်စစ်မီး တကြိမ် လောက်သာရကြောင်းနှင့် မီးလာသည့် အချိန်တွင်လည်း သုံးလေးနာရီခန့်သာ လာလေ့ရှိကြောင်း သိရသည်။ လျှပ်စစ်မီး ပြတ်တောက်ချိန် ကြာမြင့်သောကြောင့် အင်ဗာတာအားသွင်းရန်အတွက်ပါ အခက်အခဲဖြစ်ကြသည်။ အင်ဗာတာ သုံးရန်အတွက် ဘက်ထရီအိုး အားသွင်းလျှင် တထောင်ကျပ် ပေးရသည်။

မတ်လ ၁၁ ရက် ဗုဒ္ဓဟူးနေ့တွင် ၁၀ တန်းစာမေးပွဲများ စတင်မည်ဖြစ်သည်။

source by : http://moemaka.com/index.php?option=com_content&task=view&id=3404&Itemid=1

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */