ထိုင်း မူးယစ်ဆေးပြဿနာ မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်

Friday, March 27, 2009 ·

ဧရာဝတီ | ထိုင်းနိုင်ငံ၏ မူးယစ်ဆေးပြဿနာ ပြေလည်နိုင်ရေး အတွက် မြန်မာပြည်၏ နိုင်ငံရေး အခြေအနေကို ဦးစွာ ဖြေရှင်းရန် လိုအပ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုက ယနေ့ ပြောကြားလိုက်သည်။


ဦးခွန်ဆာ၏ နောက်လိုက် ၃ ဦးထံမှ သိမ်းဆည်းရမိသော ငွေသား ဘတ် ၄၈ သန်းနှင့် ပစ္စည်းမျိုးစုံ (ဓာတ်ပုံ - APICHIT JINAKUL/Bangkok Post)

“နိုင်ငံရေး ပြဿနာကို ဖြေရှင်းပြီးမှ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းနိုင်မယ်” ဟု ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း၏ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောပြသည်။

“ထိုင်းနိုင်ငံထဲမှာ သိမ်းဆည်းရုံနဲ့ လုံးဝ ကုန်နိုင်မှာ မဟုတ်ဘူး။ ထိုင်းနိုင်ငံဟာ မူးယစ်ဝါးထုတ်တဲ့ ရင်းမြစ်မဟုတ်ဘူး။ မူးယစ် ဆေးဝါး ဝင်တဲ့ လမ်းကြောင်းတခုပဲ” ဟု SSA ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ထိုင်းအစိုးရက မူးယစ်ဆေးဝါး လုပ်ငန်းနှင့် ပတ်သက်သူသုံးဦးကို ဘတ်ငွေ ၁၁၇ သန်း (ဒေါ်လာ ၃.၃သန်း) တန် ပိုင်ဆိုင်မှုများနှင့် အတူ ထိုင်းနိုင်ငံထဲတွင် ဖမ်းဆီးရမိကြောင်း၊ ထိုသုံးဦးမှာ ကွယ်လွန်သူ ဘိန်းဘုရင်ခွန်ဆာ၏ နောက်လိုက်များဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ဖော် ပြောကြားခဲ့သည်။

SSA ၏ နိုင်ငံရေးဦးဆောင် အဖွဲ့ ဖြစ်သော ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ကလည်း ယမန်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ရာ “ထိုင်းအာဏာပိုင်များသည် မူးယစ်ဆေး ပြဿနာကို ဖြေရှင်းရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိသေးပေ” ဟု ဖော်ပြထားသည်။

SSA (တောင်ပိုင်း) သည် မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မပြုရသေးသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ထိုင်းမြန်မာနယ်စပ်တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ စစ်အစိုးရက SSA (တောင်ပိုင်း) အဖွဲ့သည် မူးယစ်ဆေး လုပ်ငန်းများ လုပ်ကိုင်နေကြောင်း စွပ်စွဲထားသည်။ သို့သော်လည်း SSA (တောင်ပိုင်း)က ၎င်းတို့ အနေဖြင့် မူးယစ်ဆေးဝါး နှင့် ပတ်သက်ခြင်း မရှိဟု ဆိုသည်။

SSA ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးကြခြင်းမှာ စိုက်ပျိုးရန် လွယ်ကူခြင်း၊ ငွေပေါ်လွယ်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“စိုက်တဲ့သူတွေအတွက် ရောင်းဝယ်ဖို့ ဈေးကွက်ကလည်း မခက်ဘူး။ ကုန်သည်က ခြံအထိတောင် လိုက်ဝယ်တယ်။ ဒါကြောင့် မူးယစ်ဆေးဝါးကို စိုက်တယ်။ တခြားဟာတွေစိုက်ရင် ဈေးကွက်လည်း မရှိဘူး”ဟု စိုင်းဆိုင်မိဏ်းက ဆိုသည်။

ယခုနှစ်ဘိန်းစိုက်ရာသီတွင် ဘိန်းခင်း အမြောက်အများကို ဖျက်ဆီးခဲ့သည်ဟု ယနေ့ထုတ် သတင်းစာများတွင် မြန်မာစစ်အစိုးရက ထည့်သွင်း ရေးသားထားသည်။ ယခုလအတွင်း ရှမ်းပြည်နယ်၊ ကချင်ပြည်အတွင်းရှိ မြို့နယ်များတွင် ဘိန်းခင်း စုစုပေါင်း ဧက ၉ဝဝဝ ကျော် ဖျက်ဆီးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=887:2009-03-26-11-52-01&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */