မြန်မာခရီးစဉ်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာကိစ္စ ပြောဆို

Tuesday, March 24, 2009 ·

အေးချမ်းမြေ့ | မြန်မာနိုင်ငံသို့ ၂ ရက်တာ အလည်အပတ်သွားရောက် ခဲ့သော ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Kasit Piromya က ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းရောက်ရှိလာသော ရိုဟင်ဂျာများ အရေး ကိစ္စနှင့်ပတ်သက်၍ ဖြေရှင်း နိုင်ရန် နှစ်နိုင်ငံ ပိုမို ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း ပြောဆိုခဲ့သည်။

Kasit Piromya က မြန်မာနိုင်ငံခြားရေး ဝန်ကြီးဦးဥာဏ်ဝင်းနှင့် ရန်ကုန်မြို့၌ ၁ နာရီအကြာ တွေ့ဆုံခဲ့စဉ် ထိုင်းနိုင်ငံ ရနောင်းဒေသသို့ ရိုဟင်ဂျာ စကား နားလည်သော သံရုံးဝန်ထမ်းများကို စေလွှတ်ကာ ပိုမို ထိရောက်သော နည်းဖြင့် ဖြေရှင်းရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီက ထိုင်းအစိုးရသည် ရနောင်းဒေသအတွင်း တရားမဝင်ရောက်ရှိလာသဖြင့် ဖမ်းဆီး ထိန်းသိမ်း ထားသော ရိုဟင်ဂျာ ၇၈ ဦးအား နေရပ်ရင်းဒေသသို့ ပြန်လည် ပို့ဆောင်ရန် စောင့်ဆိုင်းနေသည်ဟု သတင်း ထုတ်ပြန်ခဲ့သော်လည်း မြန်မာအစိုးရက ၎င်းရိုဟင်ဂျာများမှာ မြန်မာပြည်မှ ထွက်လာခြင်း မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ထွက်လာခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ရိုဟင်ဂျာအရေး ကျွမ်းကျင်သူ တဦးဖြစ်သည့် ခရစ္စလျူဝါ က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတို့ကို မြန်မာ နိုင်ငံတွင်း ပြန်လည် ပို့ဆောင်မည် ဆိုပါက ထိုသူတို့မှာ ထောင် ၅ နှစ်နှင့်အထက် ကျခံရဖွယ်ရှိသည်ဟု ဆိုသည်။

မြန်မာပြည်တွင် ၁၉၄၇ ခုနှစ်က ထုတ်ပြန်ခဲ့သော တရားမဝင်နယ်စပ်ဖြတ်ကျော်သည့် ဥပဒေအရ ရခိုင်ဒေသရှိ ရိုဟင်ဂျာ မြောက်များစွာတို့မှာ ယခင်ကတည်းက ထောင်ချခံခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

ယခင်အပတ်ကလည်း ရခိုင်ဒေသရှိ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်ခြားဒေသတွင် မြန်မာ စစ်အစိုးရက သံဆူးကြိုး မီတာ ၂၀၀ ခန့်ခတ်ခဲ့သည်။

၂၀၀၈ ခုနှစ်အတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှာ ရေပိုင်နက်ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြပြီး ယခုထိလည်း နှစ်နိုင်ငံ တင်းမာမှုမှာ ပြေလည်မှု မရရှိသေးပေ။

ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အကြီးအကဲ အန်တိုနီယို ဂတ်တ္တာရီးစ်က ယခု လဆန်းပိုင်းတွင် ရခိုင်ဒေသသို့ သွားရောက်ကာ ရိုဟင်ဂျာနှင့်ပတ်သက်သည့် အချက်အလက်များကို သွားရောက်ရှာဖွေခဲ့သည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းသည် ယခင်လက ကျင်းပခဲ့သော အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ရိုဟင်ဂျာများမှာ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲတွင် မပါဝင်သည့်အတွက် “ဘင်္ဂါလီ” ဟုသာ ခေါ်သင့်ကြောင်း ပြောခဲ့သည်။

၂၀၀၈ နှစ်ကုန်ပိုင်းတွင် ရိုဟင်ဂျာအမြောက်အမြားသည် လှေများဖြင့် အက်ဒမန် ပင်လယ်ကိုဖြတ်ကျော်ကာ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ရာ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် ရိုဟင်ဂျာဦးရေမှာ ထောင်ကျော်ခန့် ရှိသည်။

၎င်းရိုဟင်ဂျာများသည် မြန်မာပြည်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံစလုံးမှ ထွက်လာခဲ့ကြသူများဖြစ်ပြီး ၎င်းတို့၏ နေရပ်ရင်း ဒေသကို မည်သူတဦးတယောက်ကမျှ အမှန်ပြောနိုင်ခြင်း မရှိပေ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည် ခရီးစဉ်မှာ ယနေ့နောက်ဆုံးဖြစ်ပြီး ၎င်းက နာဂစ်ဆိုင်ကလုန်း ဒဏ် ခံခဲ့ရသော မြစ်ဝကျွန်းပေါ် ဒေသ ညောင်ဝေရွာရှိ ဘုရားကျောင်းကန်များကို ပြန်လည် ပြုပြင်ရန် ဘတ်ငွေ ၂ သန်း (ကျပ် သန်း ၇၀ ခန့်) လှူဒါန်းခဲ့သည်ဟု ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=871:2009-03-23-12-34-20&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */