VOA | မြန်မာပြည်က လှေစီးပြီး ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်များ နေထိုင်ရာ ရခိုင်ပြည်နယ်မှာ ကူညီထောက်ပံ့ပေး လုပ်ငန်းများ လုပ်ဆောင်သွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) က ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အဲဒီလိုလုပ်ဆောင်ဖို့ စစ်အစိုးရက ကြာသပတေးနေ့မှာ သဘောတူ ခွင့်ပြုခဲ့ကြောင်း၊ ကျန်းမာရေး၊ ပညာရေး၊ ရေနဲ့မိလ္လာ သန့်ရှင်းရေး၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အဦ စတဲ့လုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်းဖြင့် UNHCR မင်းကြီး အန်တိုနီယို ဂူတာရပ်စ် (Antonio Guterres) က ပြောဆိုပါတယ်။
ကြာသပတေးနေ့မှာ ကုန်ဆုံးတဲ့ မြန်မာနိုင်ငံသို့ ၆ ရက်ကြာခရီးအတွင်း UNHCR မင်းကြီး ဂူတာရပ်စ်ဟာ မြန်မာစစ်အစိုးရ ခေါင်းဆောင် များနဲ့ ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို သွားရောက်ခဲ့တဲ့အပြင် နိုင်ငံတောင်ပိုင်း ဘိတ်မြို့ကိုလည်း ရောက်ရှိသွားခဲ့ ပါတယ်။
မကြာသေးခင်လများအတွင်းက ထောင်ဂဏန်းများနဲ့ချီရှိတဲ့ ရိုဟင်ဂျာများဟာ မြန်မာပြည်ကနေ လှေများစီးပြီး ထိုင်းနဲ့ အိမ်နီးချင်း နိုင်ငံများကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
source by : http://www.voanews.com/burmese/2009-03-13-voa2.cfm
ကုလအကူအညီ ရိုဟင်ဂျာထံပေးရေး စစ်အစိုးရ သဘောတူ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment