လူရွှင်တော်ပြက်လုံးအပေါ် အငြိမ့်ကခွင့်မပေးသည်ထိ အငြိုးထား

Wednesday, March 18, 2009 ·

NEJ | မွန်ပြည်နယ် သဘင်ကောင်စီသည် ပြည်နယ်အာဏာပိုင် သဘင်ကောင်စီဗဟိုနှင့် ပေါင်းကာ ယခုနှစ်သဘင်ရာသီမှ စတင်၍ မော်လမြိုင်အခြေစိုက် ဇာတ်အဖွဲ့များ၊ ပဒေသာကပွဲများကို အငြိမ့်ကခွင့် ပိတ်ပင်ထားသည်ဟု ၀ါရင့်သဘင် ပညာရှင်တဦးက ပြောသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြည်နယ်သဘင် ကောင်စီတာဝန်ရှိသူများနှင့်ငွေရှင်များက လူရွှင်တော်အသားပေး အငြိမ့်အဖွဲ့များသည် နိုင်ငံရေးပျက်လုံးများ၊ အဓိပ္ပာယ်နှစ်ခွထွက်သော ပြက်လုံးများကြောင့် မလိုလားအပ်သော ပြသာနာများဖြစ်လာနိုင်သဖြင့် အငြိမ့်ကခွင့် ပိတ်ပင်ပေးပါရန် ဗဟိုသို့တောင်းဆိုခြင်းကြောင့် အငြိမ့်ကခွင့် ပိတ်ပင်ခံ ရခြင်းဖြစ်သည်။

မော်လမြိုင်မှ ဇာတ်အဖွဲ့တည်ထောင်ထားသူတဦးက “အဖြစ်မှန်ကို သဘင်ကောင်စီဗဟိုကမသိဘူး။ မော်လမြိုင် ဇာတ်လောကမှာ အဓိကပြဿနာက မင်းသမီးကောင်းရဖို့အတွက် အငြိမ့်မင်းသမီးကောင်းတလက်ကို တနှစ်တာ ကြေးသိန်း (၂၀) အထက်မှာရှိတယ်။ ပွဲငှားတဲ့ လူတွေကလည်း ပြည်သူတွေဘ၀ အမောပြေစေမယ့် အငြိမ့်ပါတဲ့ ဇာတ်ကို အဓိကထားပြီး ဌားကြတော့ မင်းသားရဲ့အခန်းကဏ္ဍဟာ မင်းသမီးလောက်မရှိတော့ဘူး။ မော်လမြိုင်မှာ မင်းသားကြေးက အမြင့်ဆုံး (၁၅) သိန်းထက်မပိုဘူးဆိုတော့ ဇာတ်ထောင်တဲ့ငွေရှင်တွေဟာ အမြတ်များများ ရအောင်ဆိုပြီး တဖက်လှည့်နဲ့ အငြိမ့်ကို ဖြုတ်လိုက်တာဖြစ်တယ်” ဟု ပြောသည်။

မော်လမြိုင်အခြေစိုက်ဇာတ်များ အငြိမ့်ကဏ္ဍပိတ်ပင်မူကို ပြည်နယ်သဘင်ကောင်စီ အတွင်းရေးမှူး ယခင်ပြဇာတ် မင်းသားဟောင်း ဦကျော်ဆွေ (ညမွှေး) က အဓိကဦးဆောင်သူဖြစ်ပြီး ၎င်းကိုယ်တိုင် မင်းသားများကို အခြေခံသည့် ဇာတ်အဖွဲ့တည်ထောင်ထားသူဖြစ်သည်။

လူရွှင်တော်မျိုးရိုးမှ ဆင်းသက်လာသူ လူရွှင်တော်တဦးက “မော်လမြိုင်မှာ အငြိမ့်ကခွင့်မရဘူး။ အငြိမ့်ကဏ္ဍ ဖြုတ်ခိုင်းပြီး ဇာတ်ခုံပေါ်မှာ စတိတ်ရှိုးတို့၊ ဟဲဗီးလ်တို့၊ ဟစ်ဟော့တို့ကိုကြတော့ ခွင့်ပြုတယ်။ သူတို့ပြောတဲ့ ရိုးရာယဉ်ကျေးမူဖော်ထုတ်မြှင့်တင် ထိန်းသိမ်းရေးဦးတည်ချက်ဆိုတာက ဘယ်မှာအဓိပ္ပာယ်ရှိတော့မှာလဲ” ဟု ပြောသည်။

၎င်းက “အစိုးရက ဆိုကရေးတီးပြိုင်ပွဲတွေ နှစ်စဉ်လုပ်လာတာ နှစ် (၂၀) ပြည့်တော့မယ်။ ဇာတ်တော်ကြီး၊ ရုပ်သေး၊ ခေတ်ပေါ်ပြဇာတ်နဲ့ ကွက်စိပ်ပါမကျန် ပြိုင်ပွဲလုပ်တယ်။ အငြိမ့်ကိုကြတော့ လုံးဝမလုပ်ပေးတော့ဘူး။ ၁၉၉၅ နဲ့ ၉၇ မှာ မြ၀တီအငြိမ့်ပြိုင်ပွဲဆိုပြီး အစိုးရက နှစ်ကြိမ်လုပ်ပေးတယ်။ အဲဒီနှစ်ကြိမ်စလုံးမှာ ပြိုင်ပွဲဝင်တဲ့ လူရွှင်တော်တွေ ဟာ အစိုးရနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မှန်အခြေအနေတွေကို အပြုသဘောနဲ့ ပြက်လုံးထုတ်သွားတာကို အငြိုးအတေးနဲ့ ရန်သူလိုသဘောထားပြီး အစိုးရက အငြိမ့်ပြိုင်ပွဲမလုပ်ပေးတော့တာ ဒီနေ့အထိပဲ” ဟုပြောသည်။

ထိုစဉ်က ပြိုင်ပွဲတွင် အုပ်စိုးသူအစိုးရကို ထိထိမိမိအပြုသဘောဖြင့် ဝေဖန်ထောက်ပြသည့် ပြက်လုံးများ ထုတ်ခဲ့ကြ သည့် အငြိမ့်အဖွဲ့များမှာ လူရွှင်တော်မိုးဒီ၊ မော့်စ်တို့ ဦးဆောင်သည့် မြနန်းဧရာအငြိမ့်နှင့် လူရွှင်တော်ဒီပါနှင့် ချစ်စရာ တို့ပါဝင်သည့် မန္တလေးမှလာရောက် ယှဉ်ပြိုင်သည့် သစ်လွင်အငြိမ့်တို့မှာ အထူးလူကြိုက်များခဲ့သည်။

လက်ရှိမော်လမြိုင်မြို့နယ် သဘင်ကောင်စီလက်အောက်ခံ ဇာတ်အဖွဲ့များဖြစ်သော ချစ်ဆူးငယ်၊ ချစ်ရဲမင်း၊ မင်းနိုင်စိုး၊ အောင်နိုင်စိုး၊ ဆန်းမင်းအောင်၊ ဆန်းမေတ္တာအပါအ၀င် မြန်မာဇာတ်အဖွဲ့ (၃၀) နှင့် မွန်ဇာတ်အဖွဲ့ (၁၀) ဖွဲ့တို့မှာ အငြိမ့်မကကြောင်း မြို့နယ်သဘင်ကောင်စီတွင် ခံဝန်ကတိပြုထားကြရသည်။ မော်လမြိုင်တွင် အငြိမ့်လူရွှင်တော်များကို မျက်မုန်းကျိုးသူများထဲတွင် အရှေ့တောင်တိုင်းတိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းလည်း ပါဝင်သည်ဟုသိရသည်။

မော်လမြိုင်မှ ဇာတ်မင်းသားကြီးတဦးက “ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ မော်လမြိုင်မှာ ဘုန်းကြီးတွေ မေတ္တာပို့လမ်းလျှောက်ကြတော့ မော်လမြိုင်က နာမည်ကြီးလူရွှင်တော် (ပွင့်ကောင်း) ဟာ ဘုန်းကြီးတွေနဲ့ လိုက်ပြီး ၀တ်ကြီးဝတ်ငယ်ဖြည့်တယ်။ အဲ့ဒါကို ထောက်လှမ်းရေးတွေ ရိုက်ထားတဲ့မှတ်တမ်းမှာ သူ့ပုံပါလာတော့ တိုင်းမှူးသက်နိုင်ဝင်းက မွန်ပြည်နယ်သဘင်ကောင်စီဥက္ကဋ္ဌ ဦးတိုင်းကျော်ကိုခေါ်ပြီး ပွင့်ကောင်းကို ခင်ဗျားတို့သဘင် ကောင်စီကနေ ရာသက်ပန်ထုတ်မှာလား။ ဒါမှမဟုတ်ရင် မွန်ပြည်နယ်မှာရှိတဲ့ ဇာတ်အဖွဲ့တွေပွဲ ကခွင့်အပိတ်ခံမှာ လားဆိုပြီးပြောတော့ ပွင့်ကောင်းတယောက် လမ်းဘေးရောက်သွားခဲ့ရတယ်။ မော်လမြိုင်က နာမည်ကြီးမင်းသား တလက် သူများသမီးပျိုတဦးကို ဖျက်လိုဖျက်ဆီးလုပ်တာကို မော်လမြိုင်သဘင်ကောင်စီက ငွေနဲ့ညှိပြီး အဲ့ဒီ မင်းသားကို ပွဲကခွင့်ရာသီဝက်ပဲ ပိတ်လိုက်တယ်။ အခုသူပြန်ကနေပြီး ပွင့်ကောင်းကတော့ လမ်းဘေးမှာပဲ။ ဒါတွေဟာ လုံးဝမတရားမှုတွေပါ” ဟုပြောသည်။

အသက်ကြီး၍ လူရွှင်တော်ဘ၀မှ အနားယူပြီး မော်လမြိုင်အခြေစိုက် ဇာတ်အဖွဲ့တခု၏ ကဇာတ်တင်ဆက်မှု အကြံပေးအဖြစ် လုပ်ကိုင်နေသူတဦးက “အငြိမ့်ကဏ္ဍ နှိပ်ကွပ်ခံနေရတာ အနှစ် (၂၀) လောက်ရှိပြီး ဒီရိုးရာ အနုပညာတိမ်ကောသွားမှာကို တကယ်စိုးရိမ်တယ်။ ခေတ်စနစ်ကြီးကောင်းလာတဲ့ အချိန်ကြရင်တော့ အငြိမ့်ခေတ်ကို ပြန်ရောက်လာမှာပါ။ အဲဒီခေတ်ကို ကျနော်မီနိုင်အုံးမှာလား မသိတော့ဘူးဗျာ” ဟု ဆို့နစ်ကြေကွဲစွာဖြင့် ပြောသည်။

source by : http://www.khitpyaing.org/news/march_09/17-3-09d.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */