သတင်းပေး ဆုကြေးငွေစနစ် လာဘ်စားမှု ပိုမို ကြီးထွားလာစေနိုင်

Friday, March 20, 2009 ·

ဥဆာ ဖိချိုင်း | ချင်းမိုင် (မဇ္ဈိမ)။ ။ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ ဖမ်းမိရေးအတွက် သတင်း ပေးနိုင်သူများအား ဆုငွေ ပေးမည်ဆိုသော ထိုင်းအစိုးရ၏ တရားဝင် ထုတ်ပြန် ကြေငြာချက်ကို လှုပ်ရှား တက်ကြွသူများက သဘောမတူကြဘဲ ဤစနစ်သည် တိုင်းပြည်၏ တရားမဝင် ရွှေ့ပြောင်းလုပ်သား ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ဟု ပြောဆိုလိုက်ကြသည်။

တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ဖမ်းမိရေးအတွက် အာဏာပိုင်များကို သတင်းပေးကြရန် ပြည်သူလူထုအား တိုက်တွန်းသည့် ကြေငြာချက်သည် ထိုင်းနှင့်မြန်မာ အတူတကွ နေထိုင်ကြသော အသိုင်းအဝိုင်းအတွင်း စိတ်ဝမ်း ကွဲပြားမှုကို ဖြစ်စေကာ အလုပ်သမားများ အကြား၌လည်း စိုးရိမ်ပူပန်စိတ် ဖြစ်ပေါ်စေလိမ့်မည်ဟု နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ (International Rescue Committee) ၏ သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေး အရာရှိ အဒီဆွန် ကွတ်မုံးခွန်း(Adisorn Kerdmongkol) က မဇ္ဈိမကို ပြောသည်။

“ဤနည်းလမ်းသည် ထိုင်းနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ပြဿနာအတွက် တကယ့် အဖြေတရပ် မဟုတ်ဘဲ အကောင်အထည် ဖော်သည့်အဆင့်တွင် လာဘ်စားမှုများကိုသာ ပိုမို ဖြစ်ပေါ်လာစေလိမ့်မည်” ဟု သူကပြောသည်။

ဤထုတ်ဖော်ပြောဆိုချက်သည် ထိုင်းနိုင်ငံ အလုပ်အကိုင် ရှာဖွေရေးဌာန ဒါရိုက်တာ ဖိချိုင်း အိက်ဖိထတ်ဒမ်းရူင်း (Pichai Eakpitakdamrong) က တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများ ဖမ်းဆီးရမိရေးအတွက် အာဏာပိုင် များအား သတင်းပေးကြရန်၊ ထိုသို့ သတင်းပေးသူများကို ဆုငွေပေးမည်ဟု ထိုင်းပြည်သူလူထုကို တိုက်တွန်း သည့် ကြေငြာချက် ပါရှိသော အစီရင်ခံစာ ထိုင်းအစိုးရ၏ ဝဘ်ဆိုက်တွင် ပေါ်ထွက်လာပြီးနောက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ဤအရေးယူ ဆောင်ရွက်ချက်သည် ထိုင်းရဲတပ်ဖွဲ့က အရောင်းစာရေးများအဖြစ် ကုမ္ပဏီ အစည်းအဝေး တခု တက်ရောက်နေကြသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား တရာကျော်ကို ဘန်ကောက်မြို့တွင် ဖမ်းဆီးရမိ ခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဤအလုပ်သည် နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမားများကို လုပ်ခွင့် မပြုသော အလုပ်ဖြစ်ပြီး ထိုအထဲမှအချို့မှာ မည်သည့် စာရွက်စာတမ်း အထောက်အထားမှ မရှိသူများ ဖြစ်သည်။

ထိုင်းအစိုးရသည် ၂ဝဝ၈ ခုနှစ်တွင် ရွှေ့ပြောင်း အလုပ်သမားများ ဥပဒေကို ပြဌာန်းခဲ့ပြီး၊ တိုင်းပြည်တွင်း၌ တရားမဝင် အလုပ်လုပ်ကိုင်ခြင်းသည် ရာဇဝတ်မှု ဖြစ်သည်ဟု ပြဌာန်းထားပြီး သူတို့အား ဖမ်းမိအောင် သတင်းပေးနိုင်သူအား ကောက်ခံရရှိသော ဒဏ်ငွေမှ ရာခိုင်နှုံးဖြင့် ဆုကြေးငွေ ပြန်လည်ပေးအပ်မည် ဖြစ်သည်။

ဥပဒေ ပြဌာန်းထားသည်မှာ တနှစ်ရှိပြီ ဖြစ်သော်လည်း လက်တွေ့ကျင့်သုံးမှုမှာ ရှားရှားပါးပါးသာ ရှိသေးကြောင်း ကဒ် မွန်ကိုးလ် က ဆက်လက်ပြောဆိုပါသည်။ သို့သော် ဤကြေငြာချက်သည် အလားတူ မူဝါဒကို ကျင့်သုံးသည့် မလေးရှား နိုင်ငံမှာ ကဲ့သို့ပင် အနှုတ်လက္ခဏာ သက်ရောက်မှုကိုသာ ရရှိစေလိမ့်မည် ဖြစ်သည်ဟု သူက ဆိုသည်။ မလေးရှားတွင် ဤသို့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို လိုက်လံ ရှာဖွေသည့် အဖွဲ့ရှိပြီး အာဏာပိုင်များကို သတင်းပေးကာ ဆုငွေ ရယူကြသဖြင့် အလုပ်သမားများအကြား ကြောက်ရွံ့ထိတ်လန့်မှုများကို ပိုမို ပေါ်ပေါက်စေသည်ဟု ဆိုသည်။

ဘန်ကောက်မြို့တွင် ရွှေ့ပြောင်း အလုပ်သမားများနှင့် နီးနီးကပ်ကပ် အလုပ်လုပ်ကိုင်နေသော ကဒ်မွန်ကိုးလ် ၏ အပြောအရ ယခုအချိန်တွင် ရဲတပ်ဖွဲ့က ကန့်သတ်မှုများ တိုးမြှင့် လုပ်ဆောင်နေပြီး၊ ဝင်ရောက် စီးနင်း ဖမ်းဆီးမှု များကြောင့် နေ့စဉ် ခန့်မှန်းခြေ အလုပ်သမား ၅ဝဝ ခန့် ဖမ်းဆီး ခံနေရသည်ဟု ဆိုသည်။

ဤသို့ အာဏာပိုင်များ၏ အရေးယူ ဆောင်ရွက်ချက်သည် လူ့အဖွဲ့အစည်းအတွင်း နားလည်မှု လွဲမှားခြင်းကိုသာ ဖြစ်ပေါ်စေလိမ့်မည်ဟု ထိုင်းရှေ့နေများ ကောင်စီမှ လူ့အခွင့်အရေးရှေ့နေ ဆူရဖုန်း ခုံးချန်းထိတ် (Surapong Kongchanteuk) က ပြောပါသည်။

“ဥပဒေရဲ့ ရည်ရွယ်ချက်က ပွဲစားတွေကတဆင့် တိုင်းပြည်ထဲကို တရားမဝင် လူတွေ ခိုးသွင်းနေတာကြောင့် တရားမဝင် ရွှေ့ပြောင်းရောက်ရှိ နေထိုင်နေတာတွေကို တားဆီးဘို့ပါ။ တာဝန်ရှိသူတွေ အဓိက အာရုံ စိုက်သင့်တာက ဒီပွဲစားတွေ ဖြစ်ပါတယ်၊ အလုပ်သမားတွေ မဟုတ်ပါဘူး။ ယေဘူယျ ပြောရရင်တော့ ဒီပွဲစားတွေကို ဖမ်းမိဘို့က ခက်ပါတယ်” ဟု သူကပြောသည်။

ဤကြေငြာချက်ကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများကို စိတ်ဓါတ်ရေးရာအရ ထိခိုက်မှု ရှိစေမည်ဖြစ်ပြီး ပုဂ္ဂိုလ်ရေး ပဋိပက္ခများနှင့် ဒေသခံလူထုအကြား ဘက်လိုက်မှုကြောင့် တိုင်တန်းမှုများ ပိုမို ပေါ်ထွက်လာမည် ဖြစ်သည်ဟု ကုန်ချန် တွတ် က ဆက်လက်ပြောဆိုပါသည်။

ပြဌာန်းထားသော ထိုင်းနိုင်ငံ ဥပဒေအရ တရားမဝင် ရွှေ့ပြောင်းလုပ်သား တဦးအတွက် အမြင့်ဆုံး ပြစ်ဒဏ်သည် ဘတ်ငွေ ၂ သောင်း ဖြစ်ပြီး တိုင်းပြည်တွင်းမှ ပြန်လည် နှင်ထုတ်ရမည် ဖြစ်သည်။ ထိုအလုပ်သမားများကို ခန့်ထားစေခိုင်းသူ ထိုင်းအလုပ်ရှင်ကိုမူ ဒဏ်ငွေ ဘတ် ၅ သောင်း နှင့် အများဆုံး ထောင်ဒဏ် ၅ နှစ် အထိ ချမှတ်နိုင်သည်။ အလုပ်သမားများ ခိုးသွင်းသူ ပွဲစားများကိုမူ ဒဏ်ငွေ ဘတ် တသိန်း နှင့် အများဆုံး ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်နိုင်သည်။ သတင်းပေးသူအား ပေးမည့် ဆုကြေးငွေသည် အမှုတခုချင်းပေါ် လိုက်၍ ပေးအပ်သည်။ (ဒဏ်ငွေ၏ ၂ဝ% ခန့် ရှိသည်)။

source by : http://www.mizzimaburmese.com/news/regional/2630-2009-03-20-10-44-13.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */