ဗိုလ်ချုပ်မြ၏ သားကို ကေအန်ယူက ထုတ်ပယ်

Thursday, March 12, 2009 ·

ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ)။ ။ ကရင့်အမျိုးသား အစည်းအရုံး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ (ကွယ်လွန်) ၏ အငယ်ဆုံးသား ဗိုလ်ကြီး စောနေစိုးမြသည် နေပြည်တော်ရှိ မြန်မာ စစ်ခေါင်းဆောင် တဦးနှင့် သွားတွေ့သဖြင့် အဖွဲ့မှ ထုတ်လိုက်ကြောင်း ကေအန်ယူ ပြောဆိုချက်အရ သိရသည်။

ကေအန်ယူမှ ခွဲထွက်ခဲ့သည့် ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သည့် ငြိမ်းချမ်းရေး ရယူသည့် အဖွဲ့နှင့်အတူ နေပြည်တော်မှ ဗိုလ်ချုပ်ရဲမြင့်ထံ သွားတွေ့ခဲ့သဖြင့် ကေအန်ယူ၏ တပ်မတော်ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်အေ) မှ တပ်ခွဲမှူးတဦးဖြစ်သည့် သူ့ကို လွန်ခဲ့သည့် နှစ်ပတ်ခန့်က ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

“သူ့ကို ထုတ်လိုက်တာ နှစ်ပတ်လောက်ရှိပြီ။ တပ်က ထုတ်ထားပြီးပြီ။ သူ့အဖေက အစဉ်အလာ ရှိခဲ့တာပေါ့။ သူ့အဖေက တမျိုးပေါ့လေ။ သူ့ကို အခု ကေအန်ယူကလည်း ထုတ်လိုက်တယ်။ ကေအန်အယ်အေ ကလည်း ထုတ်လိုက်တယ်။ သူက ရန်သူ့ လက်ကိုင်တုတ်တွေနဲ့ သွားပေါင်းတယ်။ ဒါ သိစ္စာဖောက်ပေါ့။ အဖေကောင်းတိုင်း သားမကောင်းဘူးပေါ့နော်” ဟု ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒို ဒေးဗစ်တာကပေါက ပြောသည်။

ပြီးခဲ့သည့်လ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်သို့ လာရောက်နေသည့် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကွင်တားနားထံ ဗိုလ်ချုပ် ထိန်မောင်အဖွဲ့က သွားရောက် တွေ့ဆုံရာ စောနေစိုးမြ လိုက်ပါသွားပြီးနောက် နေပြည်တော်တွင် ဗိုလ်ချုပ်ရဲမြင့်နှင့် တွေ့ခဲ့သည့် သတင်းများ ရရှိခဲ့သည်ဟု ကေအန်ယူက ပြောသည်။

ဗိုလ်ချုပ် ထိန်မောင် ဦးစီးသော အဖွဲ့သည် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကေအန်ယူမှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူပြီး ကေအင်ယူ-ကေအင်အယ်အေ ငြိမ်းချမ်းရေး ကောင်စီကို ဖွဲ့စည်းခဲ့သည်။

ကေအန်ယူသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် မြန်မာစစ်အစိုးရ အဆက်ဆက်ကို နှစ်ပေါင်း ၆ဝ ကျော် တိုက်ပွဲဝင်နေသည့် အရှေ့တောင်အာရှတွင် သက်တမ်းအကြာဆုံး အဖွဲ့ဖြစ်သည်။

source by : http://www.mizzimaburmese.com/news/inside-burma/2584-2009-03-11-13-17-59.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */