လူ့အခွင့်အရေးကိစ္စ တရုတ်၊အမေရိကန် ကျယ်ပြန့်စွာဆွေးနွေး

Thursday, March 12, 2009 ·

VOA | အမေရိကန်နဲ့ တရုတ်တို့အကြားပြောဆိုဆွေးနွေးနေတဲ့ကိစ္စတွေထဲမှာ တိဘက်ကိစ္စနဲ့ လူ့အခွင့်အရေး ကိစ္စတွေဟာ ကျယ် ကျယ်ပြန့်ပြန့်ပြောဆိုနေရတဲ့ကိစ္စတခုဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကပြောလိုက်ပါ တယ်။ ဗုဒ္ဓဟူးနေ့တုန်းက တရုတ် နိုင်ငံခြားရေးဝန်ကြီး ယန်ဂျေးချီနဲ့ ၀ါရှင်တန်ဒီစီမှာ ပြောဆို ဆွေးနွေးခဲ့ကြတုန်းက တိဘက် အရေးကိစ္စကို သူ ကောင်းကောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

တိဘက်ဒေသ က လူ့အခွင့်အရေး အခြေအနေတွေဟာ တော်တော့ကို စိုးရိမ်ဖို့ ကောင်းတဲ့ အကြောင်းနဲ့ တရုတ်ပြည်ရဲ့ ဘာသာရေး ကိုးကွယ်မှု၊ ယဉ်ကျေးမှုနဲ့ လူသား ဘ၀တွေကို ထိခိုက်စေတယ်လို့ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားတဲ့အကြောင်း၊ အဲဒီ ကြေညာချက်ဟာ တိဘက် ဒေသကို တရုတ်တွေက ကျူးကျော် အုပ်စိုးမှုကို မကျေနပ်လို့ တိဘက်တွေက ဆန့်ကျင် အုံကြွခဲ့တဲ့ အနှစ် ၅၀မြောက် အထိမ်းအမှတ်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း ၀န်ကြီး ကလင်တန် က ပြောပါတယ်။ အမေရိကန်ရဲ့  ဝေဖန်မှုတွေကို တရုတ်အစိုးရဘက်က ဗုဒ္ဓဟူးနေ့မှာပဲ ပယ်ချခဲ့ ပါတယ်။ အမေရိကန်ဟာ တရုတ်ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်နေတယ်လို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။ သမ္မတ အိုဘားမား အစိုးရအဖွဲ့ဟာ တရုတ် အမေရိကန် ဆက်ဆံရေး ကိစ္စတွေမှာ ရှင်းရှင်းလင်းလင်း မသိနိုင်ပဲ ဖြစ်နေတယ်လို့လည်း တရုတ်ဘက်ကဆိုပါတယ်။



source by : http://www.voanews.com/burmese/2009-03-12-voa2.cfm

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */