ဒေါ်အောင်ဆန်းစုကြည်နှင့် ဂလပ်စကိုလွတ်လပ်မှုဆု

Saturday, March 07, 2009 ·

မင်းနိုင်သူ | မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်နိုင်ငံ ဂလပ်စကိုမြို့မှ ဂလပ်စကို လွတ်လပ်မှုဆုကို မတ် (၄) ရက်တွင် ယင်းမြို့၌ ချီးမြှင့်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အဝေးရောက် စင်ပြိုင်အစိုးရ ကုလသမဂ္ဂကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက လက်ခံရယူခဲ့သည်။

“၂၀၀၇ ခုနှစ်ကတည်းကလေ အဲဒီကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ အရေးအတွက် အနစ်နာခံ ဆောင်ရွက်တာကို အသိအမှတ်ပြုတဲ့အတွက်လည်းကောင်း၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိတာကို အသိအမှတ်ပြုတဲ့ အတွက် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ဘ၀က လွတ်မြောက်အောင် တွန်းအားပေးတဲ့ အတွက် လည်းကောင်း ဒီဆုကို ပေးခဲ့တာပါ” ဟု ဆုလက်ခံ ရယူခဲ့သူ ဒေါက်တာသောင်းထွန်းက ပြောသည်။

အဆိုပါဆုကို လူအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများကို ပေးအပ်လေ့ရှိကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် မတိုင်မီကဆိုရင် တောင်အာဖရိက အသားအရောင် ခွဲခြားမှု ဆန့်ကျင်ခဲ့တဲ့ မစ္စတာမန်ဒဲလားကို ပေးခဲ့တယ်။ အဲဒီတုန်းက မစ္စတာမန်ဒဲလားဟာလည်း ထောင်ထဲမှာပဲ ရှိနေပါတယ်။ လွတ်မြောက်လာပြီးနောက် သမ္မတဖြစ်လာတဲ့အချိန်မှာ ဂလပ်စကိုမြို့ကိုလာတော့ သူ့ကို ဂုဏ်ပြုကြတဲ့ အခမ်းအနားတွေ တော်တော်ဖြစ်ခဲ့ပါတယ်။ မြို့ထဲမှာလည်း မစ္စတာမန်ဒဲလား စကွဲယား ဆိုပြီး နာမည် ပေးထားတာ ရှိပါတယ်” ဟု ဒေါက်တာသောင်းထွန်းက ပြောသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုအပါအ၀င် နိုင်ငံတကာဆုပေါင်းများစွာ ပေးအပ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည် မှာ နအဖစစ်အစိုးရ၏ အကျယ်ချုပ်ချခံထားရဆဲဖြစ်သည်။

source by : http://www.khitpyaing.org/news/march_09/6-3-09i.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */