စစ်အရာရှိအလောင်းများ ဘင်္ဂလားဒေ့ရှ်မှာ ထပ်တွေ့

Sunday, March 01, 2009 ·

VOA | ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့  တပ်တွင်း ပုန်ကန်မှုမှာ သတ်ပြီး မြေမြှုပ်ထားတဲ့ အလောင်းတွေကို အာဏာပိုင်တွေက ဒုတိယအကြိမ်ထပ်ပြီး ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ အလောင်းတွေထဲမှာ အများစုက စစ်တပ် အရာရှိတွေ ဖြစ်ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ် တွေမှာ သေနတ်နဲ့ပစ်ထားတဲ့ ဒဏ်ရာတွေ၊ လှံစွပ်နဲ့ ထိုးထားတဲ့ ဒဏ်ရာတွေနဲ့ ဖြစ်နေပြီး အလောင်းတွေအားလုံးဟာ စစ်ယူနီဖောင်းတွေနဲ့ပါ။

အခုထပ်တွေ့တဲ့အလောင်းတွေနဲ့ ပါဆိုရင် အနည်းဆုံး လူ ၈၀ လောက် အသတ်ခံထားရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ် စစ်တပ်ဘက်က ပြောတာက အရာရှိစုစုပေါင်း ၇၃ ယောက် ပျောက်ဆုံး နေတုန်းပဲလို့ ဆိုပါတယ်။ အခုတွေ့ရှိတဲ့ အလောင်းတွေထဲမှာ စစ်အရာရှိတချို့ ရဲ့  မိသားစုဝင်တွေလည်း ပါဝင်နေပါတယ်။

ဒီအလောင်းတွေကို မြို့ တော် ဒါကာ မှာရှိတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်းထဲမှာ မြေ မြှုပ်ထားတာပါ။ ဘင်္ဂလားဒေ့ရှ် စစ်တပ်အနေနဲ့ နှစ်လပဲ ရှိသေးတဲ့ တိုင်းပြည်က အရပ်သားအစိုးရကို ထောက်ခံတယ်လို့ ကတိပေးထားပါတယ်။ ရဲဘော်ရဲဘက်တွေနဲ့ မိသားစုဝင်တွေ အများအပြား အသတ်ခံခဲ့ရတဲ့အတွက် စစ်သားတွေအတွင်း အပြင်းအထန် ပြန်ပြီး တိုက်ခိုက်မှုတွေ ရှိလာမှာကိုလည်း စိုးရိမ်နေရတာပါ။



source by : http://www.voanews.com/burmese/2009-03-01-voa2.cfm

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */