ဘင်္ဂလားဒေ့ရှ်တွင် တိုက်ပွဲများပြီးဆုံးပြီဟုကြေညာ

Sunday, March 01, 2009 ·

ပလက်နက် | ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာအနီး အစိုးရအား ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် တော်လှန်မှုများအားလုံး ချုပ်ငြိမ်းသွားခဲ့ပြီဟု ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာလိုက်သည်။ ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင် တပ်မတော်(BDR)၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ (၂၆)ရက်နေ့ ညနေပိုင်းတွင် ပုန်ကန်သူများ သိမ်းယူထားသည့် စစ်တန်းလျားအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး အစိုးရအား ဆန့်ကျင်သူများအားလုံး လက်နက်ချခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။


(ဒါကာမြို့ထဲရောက် ဘင်္ဂလားဒေ့ရှ်စစ်သားများ ကြည့်ရှုနေသူနှစ်ဦး)
အခြေအနေအားလုံး ငြိမ်သက်အေးချမ်းသွားပြီဟု လက်ရှိအာဏာရပါတီ အာဝမီလိဂ်မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အဘ်ဒူလ်မန်နန်က ရှင်းလင်းပြောဆိုသွားသည်။ BDRနှင့် အစိုးရတို့ ပူးပေါင်းဖြေရှင်းမှုကြောင့် ယခုပုန်ကန်မှု ပြေလည်သွားပြီဖြစ်ပြီး နိုင်ငံ၏ အချို့နေရာများတွင်လည်း စည်းမျဉ်းဥပဒေ ပြောင်းလဲမှုအချို့ ပြုလုပ်ပြီး ပုန်ကန်မှုများ ထပ်မံမပေါ်ပေါက်စေရန် ထိန်းညှိသွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသွားသည်။ မျက်မြင်များ၏ အဆိုအရ အစိုးရဘက်မှ လက်နက်ကိုင် တပ်များသည် ဒါကာမြို့အနီးရှိ ပုန်ကန်သူများ သိမ်းပိုက်ထားသည့် စစ်စခန်းကို မီးကုန်ယမ်းကုန် ထိုးစစ်ဆင်ခဲ့ကြောင်း ပြောကြားခဲ့ကြသည်။

(ဒါကာမြို့တွင်းရောက် ဘင်္ဂလားဒေ့ရှ်စစ်တပ်တင့်ကားတစ်စီး)
တိုက်ပွဲများအတွင်း ဒါကာမြို့စောင့် တပ်မတော်ကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး တင့်ကားများနှင့် လက်နက်ကြီးများကိုပါ အသုံးပြုခဲ့ကြောင်း သိရသည်။ ပုန်ကန်သူများ ဖမ်းဆီးထားသည့် အမျိုးသား၊ အမျိုးသမီး အရပ်သား (၁၅၀)ကျော်နှင့် စစ်အရာရှိ (၂၀)တို့အား ကယ်တင်နိုင်ခဲ့ပြီဖြစ်သော်လည်း သေဆုံးသူ အတိအကျကိုမူ မသိရသေးပေ။ ဆင်ဟွာသတင်းဌာနက စစ်ဘက်ဆိုင်ရာ အရာရှိ (၁၃၇)ဦးမှာ ယခုတိုင် ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် အရာရှိ(၉)ဦးမှာ သေဆုံးခဲ့ပြီဖြစ်ကြောင်း အတည်ပြု ဖော်ပြခဲ့သည်။ သတင်းများအရ ဒါကာအနီးစစ်စခန်းကို စစ်တပ်များ ပြန်လည်သိမ်းယူပြီးချိန်တွင် မြို့တော်အတွင်း အချို့နေရာများတွင် သေနတ်နှင့် ပစ်ခတ်မှုများ ကြိုကြားပေါ်ပေါက်နေခဲ့ကြောင်း သတင်းရရှိသည်။

source by : http://www.planet.com.mm/news/read.cfm/id/11988

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */