နေပြည်တော်အကယ်ဒမီပေးပွဲ လုံခြုံရေး တင်းကျပ်

Monday, February 09, 2009 ·

NEJ | နေပြည်တော်၌ ဖေဖော်ဝါရီ (၇) ရက်နေ့က ကျင်းပခဲ့သော အကယ်ဒမီ ရွှေစင်ဆု ချီးမြှင့်သည့်ပွဲတွင် လုံခြုံရေး အလွန်တင်းကျပ်ထားကြောင်း သိရသည်။

“ကျနော်တို့ကို ဓာတ်ပုံရိုက်တဲ့အခါ နောက်ထပ်လိုအပ်တဲ့ အပို ဘက်ထရီ (ဓာတ်ခဲ) တွေကို ယူခွင့်မပေးဘူး၊ ပြီးတော့ အသံဖမ်းစက် ကိုလည်း စစ်ဆေးတဲ့ရဲတွေက မယူရဘူးလုပ်လို့ မနည်းတောင်းပန်ခဲ့ရတယ်ဗျာ” ဟု ရန်ကုန်မှ အကယ်ဒမီပွဲကို သွားရောက် သတင်းယူခဲ့သူ သတင်းသမား တဦးက ပြောသည်။

“ဓာတ်ခဲဆိုတာ အပိုယူသွားမှ ရတဲ့ကိစ္စ။ ဒါကို မယူရတော့ ပြဿနာ တက်တယ်။ ကိုယ့်မှာပါလာတဲ့ ဓာတ်ခဲကို သူတို့ဆီမှာ အပ်ထားခဲ့ရင် သူတို့နဲ့ကိုယ်နဲ့ လွဲနေမယ်ဆိုရင် ရိုက်နေရင်း ဓာတ်ခဲအား ကုန်သွားပါပြီတဲ့။ ကဲ ဘယ်လို လုပ်မလဲ။ စိတ်ပျက်တယ်ဗျာ” ဟု သတင်းဂျာနယ် ထွက်ရှိရေး အတွက် အဆောတလျင် သတင်းရယူခဲ့သည့် အယ်ဒီတာတဦးက ဆိုသည်။

“ကျနော်က အကယ်ဒမီပွဲ နေပြည်တော်မှာ စလုပ်တဲ့နှစ်ကနေ ဒီနှစ်ထိသွားတယ်။ (၃) နှစ်ရှိသွားပြီ။ အခုနှစ်က ပိုပြီး တင်းကျပ်လာတယ်။ ရဲတွေကလည်း အပေါက်ဝမှ စုပြုံပြီး (၅၀) လောက် ရှိတယ်။ သတင်းသမားရဲ့သဘောကို မသိတဲ့အတွက် ကင်မရာနဲ့ အသံဖမ်း စက်တွေအပေါ်မှာ အမြင်မကြည်ကြဘူး။ သူတို့က ဘာမှ နားမလည်ကြဘူး” ဟု အသက် (၅၀) ခန့်ရှိသူ ၀ါရင့်ဂျာနယ်သမားတဦးက ပြောသည်။

“တာဝန်ကျရဲတဦးက ပြောတာတော့ အထက်က အမိန့်တဲ့ဗျ” ဟု ၎င်းက ဆက်ပြောသည်။

ယခုနှစ်အကယ်ဒမီပေးပွဲတွင် မည်သည့်မင်းသမီးကိုမှ အကယ်ဒမီ ဆုမပေးခဲ့ကြောင်း၊ အပြင်တွင် သတင်းထွက်ပေါ်နေသည်မှာ အချို့ဇာတ်ကားထုတ်လုပ်သူများ လာဘ်ပေးမှုကြောင့် ပြဿနာရှိ၍ မပေးကြောင်းလည်း ပြည်တွင်း ရုပ်ရှင်လောကကို ဦးစီး လုပ်ကိုင်နေသူများ ထံမှ သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ယခုနှစ် အကယ်ဒမီရခဲ့သည့် ဇာတ်ကားများမှာ ကိုးဆယ်ဆသာလိမ့်မယ် ဇာတ်ကားနှင့် ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ ဇာတ်ကားတို့ဖြစ်သည်။

source by : http://www.khitpyaing.org/news/February_09/9-2-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */