NEJ | မြန်မာရုပ်ရှင်ဇာတ်ကားများ တနှစ်ထက်တနှစ် ထုတ်လုပ်မှု နည်းလာကြောင်း ရုပ်ရှင်အသိုင်းအဝိုင်းက ပြောပြကြသည်။
ယခင် ၁၉၇၁ မှ ၁၉၈ဝ အတွင်း ရုပ်ရှင်ဇာတ်ကား (၅၆၅) ကား ထုတ်လုပ်ခဲ့ပြီး တနှစ် ရုပ်ရှင် (၅၆) ကားနှုန်း ထုတ်လုပ်ခဲ့ပြီး လက်ရှိ ၁၉၉၇ ခုနှစ်မှ ၂ဝဝ၆ (၁ဝ) နှစ်ကာလအတွင်း စုစုပေါင်း ရုပ်ရှင်ဇာတ်ကား (၁၇၆) ကား ထုတ်လုပ်ခဲ့သည့် တနှစ် ပျမ်းမျှ (၁၇) ကားနှုန်းခန့်သာ ရှိ၍ နောက်ပိုင်းနှစ်များတွင် ပိုဆိုးမည်ဖြစ်သည်။
၂ဝဝ၇ ခုနှစ်တွင် စက်တင်ဘာ သံဃာ့အရေးခင်းလည်း ဖြစ်ပွားခဲ့သဖြင့် ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်မှု နည်းပြီး ရုံတင်ကား များသည်လည်း ဝင်ငွေ အနည်းငယ်သာ ရရှိကြောင်း သိရသည်။
၂ဝဝ၇ ခုနှစ်အတွင်း အမှန်တကယ် ရန်ကုန်တွင် (၈) ကားသာ ရုံတင်ပြီး အကယ်ဒီပေးပွဲတွင် ဇတ်ကားနည်း မည်စိုးသည့်အတွက် သုံးဆယ်မြို့က ရတနာဝင်း ရုပ်ရှင်ရုံနှင့် လှိုင်သာယာက ဝဇီရာ ရုပ်ရှင်ရုံတို့တွင် ၂ဝဝ၇ ဒီဇင်ဘာ (၃ဝ) နေ့ ရောက်မှ ရင်နင့်အောင်မွှေးနဲ့ ဓမ္မာသောက အင်းဝရာဇာ အမည်ရှိ ဇတ်ကားနှစ်ကားကို စတိသဘော ရုံတင်ပြသခဲ့သည်။
နောက်ပိုင်း ပြီးဆုံးအောင် အချောသတ် တည်းဖြတ်ပြီးနောက် ၂ဝဝ၈ ခုနှစ်ထဲ၌ ရုံတင်ပြသခဲ့သည်။ ထိုကြောင့် ၂ဝဝ၇ ခုနှစ်အတွက် အကယ်ဒမီပေးရန် ရွေးချယ်ရာတွင် ဇာတ်ကား (၁ဝ) ကားဖြစ်သွားသည်။
၂ဝဝ၈ ခုနှစ်တွင်မူ ပိုမိုဆိုးဝါးပြီး စုစုပေါင်း ဇာတ်ကား (၇) ကားသာ ရုံတင်နိုင်ခဲ့ပြီး လာမည့်နှစ် အကယ်ဒမီ ရွေးပွဲတွင် ဇာတ်ကားများအောင် ရုပ်ရှင် (၅) ကားကို နယ်မှာ စတိသဘော သွားပြစေခဲ့ပြီး စုစုပေါင်း (၁၂) ကား ရုံတင်သည့်သဘောဖြစ်အောင် ပြုလုပ်ခဲ့သည်။ ဥပမာ ၂ဝဝ၈ ခုနှစ် စာရင်းမှာ ရုံတင်ခဲ့သည့်ဆိုသော “ဒီဝါကျွတ် အမီ ခယ်မ အမြန်အစွံထုတ်ရန် ရှိသည်” ဆိုသည့် ဇတ်ကားသည် ယခု ဖေဖော်ဝါရီလ (၅) ရက်နေ့ကမှ ရန်ကုန်တွင် ရုံတင်ပြသခဲ့ခြင်း (လက်ရှိပြသဆဲ) ဖြစ်သည်။
ယခုနောက်ပိုင်း ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲကို ပြည်သူများ စိတ်ဝင်စားမှု နည်းလာသော်လည်း အစိုးရက နေပြည်တော်တွင်ပြုလုပ်သည့် အကယ်ဒမီ ဆုပေးပွဲကို စည်ကားအောင် အမျိုးမျိုး လုပ်လျက်ရှိပြီး ဇန်နဝါရီ လကုန်မှစပြီး ရုပ်ရှင်လုပ်ငန်းအားလုံး နယ်ထွက် ရုပ်ရှင်ရိုက်ကူးခြင်း နားထားရန် အမိန့်ထုတ်ထားကြောင်း သိရသည်။
ဖေဖော်ဝါရီ (၇) ရက်နေ့ ကျင်းပမည့် အကယ်ဒမီဆုပေးပွဲကိုလည်း မဖြစ်မနေတက်ရန် ရုပ်ရှင် လောကသား များကို ညွှန်ကြား ထားကြောင်း၊ အကယ်ဒမီပေးပွဲ မတက်ပါ အနုပညာလုပ်ငန်းလုပ်ရာတွင် အခက်အခဲ ဖြစ်မည်ကို စိုးရိမ်၍ အနုပညာသည်အများစု ပွဲကို တက်ကြရပြီး ဆုပေးပွဲကိုလည်း ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်ပေးသည်။
ပြည်သူများ သိပ်စိတ်မဝင်စားသည့်အတွက် အကယ်ဒမီ အထူးထုတ် ဂျာနယ်များသည်လည်း ယခင် နှစ်များ ကဲ့သို့ ရောင်း မကောင်းကြောင်း၊ ပြီးခဲ့သည့်နှစ်က အကယ်ဒမီ အထူးထုတ်ဆိုပြီး ဂျာနယ်များ စောင်ရေ အများအပြား ပိုမို ရိုက်နှိပ် ဖြန့်ဖြူး ခဲ့သော်လည်း ရောင်းမရဘဲ ငွေကြေးမြောက်မြားစွာ ဆုံးရှုံးခဲ့ကြကြောင်း သိရသည်။
ယခုနှစ်လည်း ပေါ်ပြူလာ၊ အချစ်၊ လျှပ်တစ်ပြက် စသည့် ပေါ့ပ်ဂျာနယ်များသည် အကယ်ဒမီ အထူးထုတ်အဖြစ် (၈-၂-ဝ၉) တနင်္ဂနွေနေ့ နံနက်တွင် ထုတ်ဝေကြမည် ဖြစ်ကြောင်း သိရသည်။
source by : http://www.khitpyaing.org/news/February_09/9-2-09b.php
မြန်မာရုပ်ရှင်ထုတ်လုပ်မှု တနှစ်ထက် တနှစ်နည်းလာ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment