ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းကို လစာမပေးဘဲထား

Friday, February 06, 2009 ·

NEJ | ဘဏ္ဍာရေးဝန်ကြီးတာဝန်ယူထားသည့် ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ (အမ်ပီယူ) ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းအား ယခုလအတွက် လစာမပေးဘဲ ရပ်ဆိုင်း ထားသည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံသို့ ခေတ္တရောက်နေသည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းအား မေးမြန်းရာ လစာမပေးဘဲထားသည်မှာ မှန်ကန်ကြောင်းနှင့် မည်သည့်အတွက် ယခုကဲ့သို့ လစာမပေးဘဲထားသည်ကို မသိပါကြောင်း ခေတ်ပြိုင်သို့ ပြောသည်။

အမ်ပီယူ ဒု-ဥက္ကဋ္ဌ၏ ဒေါ်စန်းစန်း လစာမရရှိသည့်ကိစ္စနှင့် ပတ်သက်၍ အဖွဲ့၏အထွေထွေအတွင်းရေးမှူး ဦးသိန်းဦးကို မေးမြန်းရာ အခြေအနေအမှန်ကိုသိရှိရန် အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ထံသို့ အဆိုပါကိစ္စ ရှင်းလင်းပေးရန် အကြောင်းကြားထားသည်ဟု ခေတ်ပြိုင်သို့ပြောသည်။

“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်စန်းစန်းဟာ ဒီလလစာမရ ဘူးဆိုတာက ဒီလစာတွေကို အဓိကပေးတာကတော့ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) အဖွဲ့ကနေ လစဉ်ပေးတာဖြစ်ပါတယ်။ ဒီတစ်ပတ်လစာတွေပေးတဲ့အခါမှာ ဒေါ်စန်းစန်းနဲ့ပတ်သက်ပြီးတော့ Suspended လို့ ရေးထားတာဖြစ်ပါတယ်။ ရပ်ဆိုင်းထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့နော်။ ဘာကြောင့် ရပ်ဆိုင်းထား တယ်ဆိုတာ ဘယ်သူ့မှမသိပါဘူး။ ဒီနေ့ အမ်ပီယူနဲ့ အန်စီဂျီယူဘီ အလုပ်အမူဆောင်အဖွဲ့က ဒီကိစ္စကို အဓိက ဆွေးနွေး ကြတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် တဦးတယောက်မှမသိကြဘူး။ ဘာကြောင့်မို့ ဒီကိစ္စ ဒီလိုဖြစ်တာလဲ ဆိုတာကို မေးဖို့အတွက်ကို အစည်းဝေးက ဆုံးဖြတ်ထားပါတယ်။ ကျနော်တို့ အကြောင်းအရာကိုသိမှ ပြောလို့ ဆိုလို့ ရမယ်။ အကြောင်းအရာကို မသိတဲ့အတွက်ကြောင့်မို့လို့ ဒီအစည်း အဝေးမှာတော့ ဘာကြောင့် အဲ့လို Suspend လုပ်ထားရတာလဲ၊ ရပ်ဆိုင်းထားရတာလဲ ဆိုတာကိုတော့ မေးဖို့ အစည်းအဝေးက ဆုံးဖြတ် ထားပါတယ်။ သိပြီးလို့ရှိရင်တော့ တစုံတရာ အဖြေကတော့ ရလာမှာပဲလို့ နားလည်တယ်” ဟု ဦးသိန်းဦးက ခေတ်ပြိုင်သို့ ပြောသည်။

ထိုအတောအတွင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်း၏ သားဖြစ်သူ ကိုကျော်သိန်းက အမ်ပီယူရုံးသို့ သွားရောက်မေးမြန်းရာ ဒေါ်စန်းစန်းနုတ်ထွက်လွှာတင်သွားသည့်အတွက် လစာဖြတ်တောက်ခြင်းဖြစ်ကြောင်း ရုံးအုပ်က ဖြေကြားသည်ဟု ပြောသော်လည်း နုတ်ထွက်စာတင်ကြောင်း သက်သေမပြနိုင်ဟု ပြောသည်။

သို့သော် နုတ်ထွက်ကြောင်း ဟုတ်မဟုတ် ဒေါ်စန်းစန်းကို ခေတ်ပြိုင်က မေးမြန်းရာ အမ်ပီယူ ဒု-ဥက္ကဋ္ဌရာထူးမှ မိမိ နုတ်ထွက်စာတင်သည်ဟု ပြောဆိုခြင်းမှာ မမှန်မကန်ပြောဆိုခြင်းဖြစ်ကြောင်း၊ နုတ်ထွက်ရန်လည်း မလိုကြောင်းနှင့် မိမိတာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဖြစ်ကြောင်း ခေတ်ပြိုင်သို့ ပြန်လည်ဖြေကြားသည်။

သို့သော် အိုင်ယာလန်ညီလာခံကာလအတွင်း မြန်မာစစ်အစိုးရ ကုလသံအမတ်ဖယ်ရှားရေး မဲခွဲရာတွင် မအောင်မြင်သည့်အဖွဲ့က နုတ်ထွက်သင့်ကြောင်း ဒေါက်တာသောင်းထွန်းနှင့် ဒေါ်စန်းစန်းတို့ အခြေအတင် စကားများခဲ့သည်ဟု အမ်ပီယူ အထွေထွေအတွင်းရေးမှူး ဦးသိန်းဦးက ခေတ်ပြိုင်သို့ ပြောသော်လည်း ဒေါ်စန်းစန်း နုတ်ထွက်ခြင်းမဟုတ်ကြောင်း အတည်ပြုပြောဆိုသည်။

“ကျနော်ပြောနိုင်တာကတော့ ဒေါ်စန်းစန်းကနေပြီးတော့ ဒီထွက်မယ်လို့ ပြောတဲ့ဟာက အခြေခံအားဖြင့်တော့ ဆွေးနွေးပွဲမှာ တဖက်နဲ့တဖက် ပြောတဲ့ အပြောအဆိုတွေပေါ့နော်။ ဥပမာဆိုပါတော့ ဒီဟာနဲ့ပတ်သက်လို့ ဘယ်သူက စပြောတာလဲဆိုလို့ရှိရင် ဒေါက်တာသောင်းထွန်းက စပြောပါတယ်။ CC ကိစ္စမှာ အဆိုရှုံးသွားလို့ ရှိရင် ဒေါက်တာစိန်ဝင်းတို့၊ ဦးဘိုလှတင့်တို့၊ စိုင်းဝင်းဖေတို့က နုတ်ထွက်မယ်လို့ပြောထားတယ်။ သူတို့အဆို နိုင်သွားတဲ့အတွက် နုတ်မထွက်တော့ဘူး။ အဲ့ဒါဆိုလို့ရှိရင် အဆိုကိုရှုံးသွားတဲ့ အဖွဲ့ကလည်း ကိုယ့်တာဝန်ကို ကိုယ်နားလည်တဲ့အနေနဲ့ နုတ်ထွက်သင့်တယ်ဆိုပြီး ဒေါက်တာသောင်းထွန်းက စပြီးပြောတယ်။ ဆိုတော့ အဲ့ဒါတွေက သူ့အနေနဲ့စပြောတဲ့အခါကြတော့ ကျနော့်အနေနဲ့ ဒါကို တိုက်ရိုက်ပွင့်ပွင့်လင်းလင်းဝေဖန်ရရင် ဒါမျိုးက မပြောသင့်တဲ့ကိစ္စပါ။ အဲ့လိုပြောတဲ့အခါကြတော့ ဒေါ်စန်းစန်းက ဘာခံစားရလဲဆိုတော့ သူကိုယ်တိုင်က လက်မှတ်ရေးထိုးပြီးတော့ CC ကိစ္စကို တင်ထားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ သူ့ကို တိုက်ရိုက်ပြော တယ်လို့ သူနားလည်သွားတယ်။ အဲ့လို တာဝန်ရှိတယ်ဆိုရင်တော့ သူနုတ်ထွက်မယ်ဆိုပြီး ပြောတာဖြစ်တယ်။ ကျနော်တို့ အခုမြင်တာ အဲ့ဒါမျိုးမဟုတ်ဘူး။ ဒီမှာဆုံးဖြတ်တဲ့ဟာက ကုလသမဂ္ဂမှာ ဖြစ်ခဲ့တဲ့ကိစ္စက တကဏ္ဍ ပြီးသွားပြီ။ ဒီမှာဖြစ်ခဲ့တဲ့ကိစ္စက ဒီမှာတကဏ္ဍပဲ။ အဲ့ဒီမှာကတည်းက ဒေါက်တာစိန်ဝင်းတို့၊ ဦးဘိုလှတင့်တို့၊ စိုင်းဝင်းဖေတို့ နုတ်ထွက်မယ်ဆိုတဲ့ကိစ္စကို ကျနော်တို့ကပြောတယ်။ ဒါနုတ်ထွက်စရာမလိုဘူး။ ဒါအကြောင်းအရာကိစ္စတခုနဲ့ ပတ်သက်ပြီးတော့ အများဆုံးဖြတ်တဲ့ဟာကို လိုက်ပြီးလုပ်ပေးဖို့ဟာပဲရှိတယ်ဆိုပြီး ပြောပြခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်နားလည်သလောက် ဒေါက်တာ သောင်းထွန်းပြောခဲ့တဲ့ ပြောပြချက် အပေါ်မှာ ဒေါ်စန်းစန်းက ပြန်ပြီးတော့ Reply လုပ်တာပဲဖြစ်တယ်။ ကျနော်တို့က အဲ့ဒါကိုလက်မခံပါဘူး။ ဒါက အဖြစ်မှန်ပဲ” ဟု ဆက်လက်ပြောကြားသည်။

ဦးသိန်းဦးရှင်းပြသည့် အချက်နှင့် ပတ်သက်ပြီး အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့၏ ကုလသမဂ္ဂကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းကို ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း တယ်လီဖုန်းပိတ်ထားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) တွင် အဖွဲ့ဝင် (၃၄) ဦးရှိပြီး ပဲခူးတိုင်း က၀မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးဝင်းမှာ ယမန်နှစ်က ကွယ်လွန်သွားသဖြင့် လွှတ်တော်အမတ် (၃၃) ဦးကျန်ရှိပြီး ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတွင် နေထိုင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို တလလျှင် ဒေါ်လာနှစ်ရာနှုန်းဖြင့် အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့က ထောက်ပံ့ကြေးပေးသည်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) တွင် ဥက္ကဋ္ဌ ဒေါ်လာ (၄၅၀)၊ ဒု-ဥက္ကဋ္ဌ ဒေါ်လာ (၄၀၀)၊ အထွေထွေအတွင်းရေးမှူး ဒေါ်လာ (၃၅၀) နှုန်းဖြင့် ထောက်ပံ့ကြေးရရှိကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ)ကို ၁၉၉၆ ခုနှစ် မေလ (၁၅) ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) ကို ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံးဌာနချုပ် မာနယ်ပလောတွင် စတင် ဖွဲ့စည်းခဲ့သည်။

လက်ရှိစင်ပြိုင်အစိုးရအဖွဲ့တွင် အစိုးရအဖွဲ့ဝင် ၀န်ကြီး (၇) ဦးရှိပြီး ဒေါက်တာစိန်ဝင်း ၀န်ကြီးချုပ်၊ ဒေါက်တာ တင့်ဆွေ ပြန်ကြားရေး ၀န်ကြီး၊ ဦးထွန်းဝင်း ပညာရေးဝန်ကြီး၊ ဦးဘိုလှတင့် နိုင်ငံခြားရေးဝန်ကြီး၊ ဦခွန်မြင့်ထွန်း အလုပ်သမားရေးရာဝန်ကြီး၊ ဦးခွန်မားရ်ကိုဘန်း ဖက်ဒရယ်ရေးရာဝန်ကြီးနှင့် ဦးဝင်းလှိုင် ၀န်ကြီးချုပ်ရုံး ၀န်ကြီးတို့ ဖြစ်သည်။

source by : http://www.khitpyaing.org/news/February_09/6-2-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */