NEJ | ဒေါက်တာစိန်ဝင်းခေါင်းဆောင်သည့် စင်ပြိုင်အစိုးရအနေဖြင့် ထိရောက်သည့် ခေါင်းဆောင်မှု မပေးနိုင်ဟု ယူဆသည့် အတွက် ပြည်ပတွင် စင်ပြိုင်အစိုးရဖွဲ့မည့်အစား ပြည်တွင်း၌သွားပြီး စင်ပြိုင် အစိုးရဖွဲ့ရန် လိုသည်ဟု သံဃာ့တပ်ပေါင်းစု ခေါင်းဆောင်တဦးက အကြံပေး မိန့်ကြားသည်။
စင်ပြိုင်အစိုးရခေါင်းဆောင် ဒေါက်တာစိန်ဝင်းဆိုသည့် အမည်ကိုပင် ပြည်ပ မီဒီယာများက မကြာခဏပြောနေ၍ သဲ့သဲ့ကြားဖူးရုံ ရှိသော်လည်း အဝေးရောက် စင်ပြိုင်အစိုးရ၏ လုပ်ရပ်ကို မြန်မာပြည်တွင်းက ပြည်သူများ မသိသည့်အတွက် လူထုထောက်ခံမှု မရှိဟု ယုံကြည်ကြောင်း အမေရိကန် နိုင်ငံရောက် ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရှင်ပညာသာမိက ခေတ်ပြိုင်နှင့် သီးခြား ဆက်သွယ်မေးမြန်း ခန်းတွင် မိန့်ကြားလိုက်ခြင်းဖြစ်သည်။
ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရအပါအ၀င် ပြည်ပရောက် အမတ်များအားလုံး ပြည်တွင်းဝင်ပြီး အစိုးရဖွဲ့၍ အဖမ်းခံရပါက ပြည်သူများ၏ စာနာမှု၊ ထောက်ထားမှု အပြည့်ရနိုင်ပြီး သံဃာထု၏ ထောက်ခံမှုပါ တခဲနက် ရနိုင်မည်ဟုလည်း ဆရာတော် ရှင်ပညာသာမိက ယူဆသည်။
ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် အမတ်များ ပြည်တွင်းဝင်မည်ဆိုလျှင် ပြည်ပရောက် သံဃာများပါ လိုက်ဝင်မည် ဖြစ်ကြောင်း ရှင်ပညာသာမိက အာမခံသည်။
(ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ရှင်ပညာသာမိနှင့် ခေတ်ပြိုင်အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံနားဆင်ရန်)
source by : http://www.khitpyaing.org/news/February_09/6-2-09a.php
ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရကို လူထုမထောက်ခံ စင်ပြိုင်အစိုးရတဖွဲ့လုံးနဲ့ အမတ်တွေပြည်တွင်းဝင်ပြီး အစိုးရဖွဲ့ဖို့လို
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment