သျှမ်းသံတော်ဆင့် | တာချီလိတ် အရှေ့မြောက်ဘက် မယန်းဂိတ်၌ ဖမ်းဆီးရရှိသော လက်နက် ခဲယမ်းများ အမှုတွင် တာချီလိတ် ဗမာ စစ်တပ် အရာရှိအချို့ပါဝင်ပတ်သက်နေကြောင်း လားဟူ သတင်းရပ်ကွက်က ဆိုသည်။
![]() ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် ၀ိန်းဖန်းခမ်း၌ ဖမ်းမိသော ကျည်ဆံအချို့ |
အသက် ၄၀ ကျော် လားဟူအမျိုးသားတဦးက - “မယန်းဂိတ်မှာဖမ်းမိတဲ့လက်နက်တွေ ဘယ်သူ့ဆီက ဖမ်းမိတယ် ဆိုတာ သေသေချာချာမသိရပေမဲ့ ခမရ ၃၃၁ က ဗိုလ်ကြီး တယောက် နဲ့ အမြောက်တပ်က အရာရှိတယောက်ပါဝင်ပတ်သက် နေတယ်ဆိုတဲ့သတင်းတော့ပျံ့နေတာဘဲ။ ဒါကြောင့် ၄ ရက်နေ့တုန်းက တြိဂံတိုင်းမှူးဗိုလ်မှူးချုပ်ကျော်ဖြိုးတောင်အဲ့ကိစ္စ လာရောက်စစ်ဆေးသွားသေးတယ်”- ဟု ပြောပြပါသည်။
အမည်မဖေါ်လိုသူ ထိုင်းနယ်စပ်လုံခြုံရေးအရာရှိ တဦးကလည်း - “အခုလ ၃ ရက် နေ့က မယ်ဆိုင်မြို့နယ် ၀ိန်းဖန်းခမ်း အုပ်စုမှာလည်း လက်ပစ်ဗုံး ၄ လုံး၊ အဲမ် ၁၆ ကျည်ကပ် ၅ ခု၊ အဲမ် ၁၆ ကျည်ဆံ ၉၇၀၀ ထောင့် ဖမ်းမိတယ်”- ဟု သျှမ်းသံတော်ဆင့်သို့ပြောပြ၏။
ထိုင်းဘက်ခြမ်း၌ဖမ်းမိသော လက်နက်ပစ္စည်းများမှာ သျှမ်းသွေးပါသော ဆုမ်ဝမ်ချိုင်းချန ဆိုသူနှင့် ၎င်း၏ ဇနီး နန်းကြူးကြူး၊ သုံးနှစ်အရွယ်သမီးတယောက် တို့နေအိမ်၌ ဖမ်းမိကြောင်း၊ “သူ့မိန်းမက ထွက်ပြေးလွတ်မြောက် သွားတယ်၊ ဆုမ်ဝမ်ချိုင်းချနပြောပြတာက အဲဒီလက်နက်ပစ္စည်းတွေအားလုံး ယာဘနဲ့လဲဖို့တဲ့” ဟုပြောကြောင်း ထိုထိုင်းအရာရှိက ဆိုသည်။
မယ်ဆိုင်၌ဖမ်းမိသော ကျည်ဆံများ နှင့် တာချီလိတ် မယန်းဂိတ်၍ ဖမ်းမိသော သောသေနတ်များ ဆက်စပ်မှု ရှိနိုင်ကြောင်း ထိုထိုင်းအရာရှိက ဆက်လက်ပြောပြသည်။
source by : http://www.mongloi.org/burmese/index.php?option=com_content&view=article&id=347:2009-02-06-16-50-59&catid=96:2008-08-03-06-49-23&Itemid=282









0 comments:
Post a Comment