NEJ | ပင်လယ်ပြင်မှ တဆင့် အင်ဒိုနီးရှားနိုင်ငံတွင် သောင်တင်နေသည့် ရိုဟင်ဂျာ (၄၀၀) ကျော်ကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့် ပေးတော့မည် ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
သို့သော် ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားဟု မသတ်မှတ်နိုင်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံး ယာယီသံရုံးတာဝန်ခံ ဒေါ်အေးအေးမူက ပြောလိုက်သည့်အပြင် ဘန်ကောက် ဘင်္ဂလားဒေ့ရှ်သံရုံး ယာယီတာဝန်ခံကလည်း ရိုဟင်ဂျာသည် ဘင်္ဂလားဒေ့ရှ် လူမျိုးမဟုတ်ဟု ပြောလိုက်သည့်အတွက် ထိုင်းနိုင်ငံတွင် သောင်တင်နေသည့် ရိုဟင်ဂျာများ၏အရေးမှာ အခြေအနေပိုဆိုးသွားသည်။
လှေမျော ရိုဟင်ဂျာများကိစ္စနှင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ရောက်ရှိနေစဉ် ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံး ယာယီသံရုံးတာဝန်ခံ ဒေါ်အေးအေးမူက စစ်အစိုးရသဘောထားအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ မြန်မာစစ်အစိုးရက ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား တရာကျော်တွင် ပါဝင်သူများမဟုတ်ဟု ပြောသော်လည်း ၀န်ကြီးချုပ် ဦးနုအစိုးရ၀န်ကြီးအဖွဲ့တွင် ရိုဟင်ဂျာကို ၀န်ကြီးခန့်ခဲ့ဖူးသည်။
ဦးနုအစိုးရအဖွဲ့တွင် နိုင်ငံရေးအတွင်းဝန်ရာထူးထမ်းဆောင်ခဲ့သူ ချမ်းသာသော Sultan Mahmood ဆိုသည့် ရိုဟင်ဂျာသည် နောက်ပိုင်း ကျန်းမာရေးဝန်ကြီးဖြစ်လာသည်။ အောက်ဖော်ပြပါ ရိုဟင်ဂျာမွတ်စလင်များသည် ဦးနုအစိုးရလက်ထက်တွင် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်။
၁။ Abdul Bashar
၂။ Zohora Begum
၃။ Abul Khair
၎။ Abdus Sobhan
၅။ Abdul Bashar
၆။ Rashid Ahmed
၇။ Nasiruddin (ဦးဖိုးခိုင်)
ရိုဟင်ဂျာများကို ဒုက္ခသည်အဖြစ် လက်ခံရန် ထိုင်းနိုင်ငံကို ဖိအားပေးမှုများရှိနေသော်လည်း ထိုင်းနိုင်ငံက ရိုဟင်ဂျာကို ပြဿနာဖြစ်အောင် လုပ်သည့်နိုင်ငံမဟုတ်သည့်အတွက် တာဝန်မယူနိုင်ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။
source by : http://www.khitpyaingnews.org/news/February_09/6-2-09e.php
ရိုဟင်ဂျာ မြန်မာမဟုတ်ဟု ဘန်ကောက်မြန်မာသံရုံးပြော
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment